သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Flynn ရဲ့ လုပ်ဆောင်ချက်များ ဥပဒေနဲ့လျော်ညီဟု သမ္မတTrump ခုခံ


သမ္မတTrump နှင့် အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn တို့ကို ၂၀၁၆ မဲဆွယ်စည်းရုံးမှုတွင်တွေ့ရစဉ်
သမ္မတTrump နှင့် အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn တို့ကို ၂၀၁၆ မဲဆွယ်စည်းရုံးမှုတွင်တွေ့ရစဉ်

အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သမ္မတတာဝန် အလွှဲအပြောင်းကာလ အတွင်း အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ မနေ့ စနေနေ့က ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး Flynn က ဒုတိယ သမ္မတ၊ နောက် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ကို လိမ်ညာခဲ့တဲ့ အတွက်ကြောင့် ဖယ်ရှားပစ်ခဲ့တာလို့ သမ္မတ Trump က ပြောဆိုပါတ်။ သူက ဒီလို လိမ်ညာခဲ့တယ်ဆိုတာကိုလည်း ဝန်ခံခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါက ရှက်စရာ ကောင်းပါတယ် ဘာကြောင့်လည်း ဆိုတော့ တာဝန်အလွှဲအပြောင်း ကာလ အတွင်း သူ့လုပ်ရပ်တွေက ဥပဒေနဲ့ ညီညွတ်မှု ရှိလို့ဖြစ်တယ်။

ထိန်ချန်ထားစရာ အကြောင်းမရှိဘူးလို့ သမ္မတ Trump က နယူးယောက်မြို့က ရီပတ်ပလီကန် ရံပုံငွေပွဲ အတွင်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ FBI ဝန်ထမ်းတွေကို လိမ်လည်ခဲ့တယ်ဆိုတာကို မစ္စတာ Flynn က ပြီးခဲ့တဲ့ သောကြာနေ့မှာ ဝန်ခံခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ နှောင့်ယှက်ခဲ့မှု၊ နောက် Trump ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှား အစိုးရကြား ပူးပေါင်းကြံစည်ခဲ့မှု စွပ်စွဲချက်တွေကို ဆန်းစစ်နေတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း မစ္စတာ Flynn က သဘောတူခဲ့ပါတယ်။

မစ္စတာ Flynn က အပြစ်ရှိကြောင်း ဝန်ခံပြောဆိုပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ်နဲ့ မနေ့ စနေနေ့ အစောပိုင်းမှာတော့ သမ္မတ Trump က သူ့ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြားမှာ ပူးပေါင်းကြံစည်တာ လုံး၀ မရှိဘူးဆိုပြီး ပြောဆိုခဲ့တာပါ။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း အမေရိကန် ဆိုင်ရာ ရုရှား သံအမတ်ကြီး Sergey Kislyak နဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး FBI ကို လိမ်ညာ ပြောဆိုခဲ့ပါတယ်ဆိုတာကို အသက် ၅၉ နှစ် အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး Flynn က ဝါရှင်တန်က ပြည်ထောင်စု တရားရုံးမှာ ဝန်ခံခဲ့တာပါ။

Flynn ရဲ့ လုပ်ဆောင်ချက်များ ဥပဒေနဲ့လျော်ညီဟု သမ္မတTrump ခုခံ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG