သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Flynn ဥပဒေချိူးဖောက်ရာ ရောက်နိုင်


FILE - Then-White House National Security Adviser Michael Flynn, center, arrives at the White House in Washington, Feb. 13, 2017.
FILE - Then-White House National Security Adviser Michael Flynn, center, arrives at the White House in Washington, Feb. 13, 2017.

အမေရိကန်သမ္မတ Donald Trump ရဲ့အမျိုးသားလုံခြုံရေးအကြံပေးဟောင်းဟာ လူအများကြား မျက်နှာပြရတဲ့ပွဲတွေအတွက် နိုင်ငံခြားအစိုးရဆီက ရရှိခဲ့တဲ့ဝင်ငွေတွေကို တိတိကျကျ မထုတ်ပြန်တဲ့အတွက် ပြည်ထောင်စုဥပဒေကို ချိုးဖောက်ခဲ့ပုံရတယ်လို့ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

စစ်တပ်အရာရှိဟောင်းတယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Michael Flynn အနေနဲ့ ရုရှား၊ တူရကီအပြင်တခြား ဘယ်အစိုးရဆီကမှ ငွေကြေးလက်ခံလို့ မရပေမဲ့ သူကလက်ခံခဲ့ပုံရတယ်လို့ ကော်မတီဥက္ကဋ္ဌ Utah ပြည်နယ် Republican အမတ် Jason Chaffetz (Che Fats) ကအင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Flynn နဲ့နိုင်ငံခြားသားတွေ အဆက်အသွယ်လုပ်ခဲ့တာနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို ပေးဖို့ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီက တောင်းဆိုခဲ့ပေမဲ့ အိမ်ဖြူတော်က မပေးခဲ့တဲ့နောက်မှာ ပါတီ ၂ ခုလုံးက လွှတ်တော်အမတ်တွေပါဝင်တဲ့ ကော်မတီက ခုလိုသဘောထားထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ အဆက်အသွယ်လုပ်ခဲ့တာ ဒါမှမဟုတ် နိုင်ငံခြားအစိုးရတွေဆီက ငွေကြေးလက်ခံခဲ့တာလို ဥပဒေချိုးဖောက်တဲ့လုပ်ရပ်တွေ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Flynn လုပ်ခဲ့သလားဆိုတာ မသိခဲ့ဘူးလို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို တခြားဌာနတွေဆီက ရရှိခဲ့ပြီးဖြစ်လို့ အိမ်ဖြူတော်ကမပေးတာဖြစ်တယ်လို့ ပြောခွင့်ရသူ Sean Spicer ကဆိုခဲ့ပါတယ်။ ရုရှားအစိုးရ ငွေကြေးထောက်ပံ့ထားတဲ့ RT ရုပ်သံက ၂၀၁၅ ခုနှစ်ကလုပ်ခဲ့တဲ့ ညစာစားပွဲမှာ မိန့်ခွန်းပြောဖို့ Flynn အနေနဲ့ ခွင့်ပြုချက်လိုအပ်တယ်လို့ လွှတ်တော်အမတ်တွေကပြောပါတယ်။ အဲဒီညစာစားပွဲမှာ Flynn ကရုရှားသမ္မတ Vladimir Putin နဲ့ထမင်းစားပွဲတခုထဲမှာ ထိုင်ခဲ့တာပါ။ အဲဒီပွဲတက်တဲ့အတွက် ဒေါ်လာ ၄ သောင်းခွဲရရှိခဲ့သလို တူရကီအစိုးရကိုယ်စား စည်းရုံးမဲဆွယ်ခဲ့မှုအတွက် ဒေါ်လာ ၅ သိန်းကျော် Flynn ရရှိခဲ့ပါတယ်။ သူ့အနေနဲ့ လိုအပ်တဲ့ခွင့်ပြုချက်ကို ရယူခဲ့ပုံမရဘဲ အဲဒီအတွက် အရေးယူခံရနိုင်တယ်လို့ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ Chaffetz (Che Fats) ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG