သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Flynn နှုတ်ထွက်လွှာ ကန်လွှတ်တော်သဘောတူ


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn ရဲ့ နှုတ်ထွက်မှုကို အမေရိကန် နိုင်ငံရေးပါတီ ၂ ခုစလုံးက လွှတ်တော်အမတ်တွေ၊ အတည်ပြုလက်ခံလိုက်ကြပြီး၊ သမ္မတ Donald Trump အစိုးရသစ် အနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ တခြားကိစ္စရပ်တွေကို စနစ်တကျ ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

အာရီဇိုးနားပြည်နယ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် John McCain ကတော့ - လုပ်ကိုလုပ်ရမယ့် ဆုံးဖြတ်ချက်တခု ဖြစ်ကြောင်းနဲ့ ဒုသမ္မတကိုလည်း Mr. Flynn က လွှဲမှားစွာ အစီရင်ခံခဲ့ကြောင်း - အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ နှုတ်ထွက်စာထဲမှာတော့ - Mr. Flynn က - အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ သူ စကားပြောဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒုသမ္မတ Mike Pence ကို တင်ပြရာမှာ အချက်အလက်တွေ မပြည့်စုံခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေအကြောင်း ရုရှားသံအမတ်ကြီးနဲ့ ဆွေးနွေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒုသမ္မတ Pence က တိုင်းပြည်ကို ရုပ်မြင်သံကြားကနေ ငြင်းဆန်သွားခဲ့ပေမဲ့ - ဒီကိစ္စဟာ ဆွေးနွေးရာမှာ ပါဝင်ကောင်းပါဝင်နိုင်အကြောင်း Mr. Flynn က နောက်ပိုင်းမှာ ဝန်ခံခဲ့တာပါ။

အမေရိကန်ဥပဒေအရ - တရားဝင် ခွင့်ပြုချက်မရဘဲ နိုင်ငံသားတွေအနေနဲ့ တခြားနိုင်ငံတကာ အစိုးရတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို တားမြစ်ထားပါတယ်။ မိန်းပြည်နယ်က တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Angus King ကတော့ - သမ္မတ ဘရက်ခ် အိုဘားမား အစိုးရရဲ့ နောက်ဆုံးရက်တွေမှာ Mr. Flynn ဟာ ရုရှားသံအမတ်ကြီးနဲ့ စကားပြောဆိုခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ Mr. Flynn ကိစ္စထက် ပိုကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

ရုရှားနဲ့ဆက်သွယ်ခဲ့တဲ့ အငြင်းပွားစရာကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အမျိုးသားအကြံပေး Michael Flynn က ဒုသမ္မတကို ထိန်ချန်ပြောခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့ ၃ ပတ်ထဲက သမ္မတ Donald Trump က သိနေခဲ့တယ်လို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

Flynn နှုတ်ထွက်လွှာ ကန်လွှတ်တော်သဘောတူ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG