သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ရာထူးကနုတ်ထွက်


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Michael Flynn ဟာ Russia နိုင်ငံက သူ့အဆက်အသွယ်တွေနဲ့ ကိစ္စမှာ အစိုးရအဖွဲ့ကို မှန်မှန်ကန်ကန်ပြောမထားဘူးဆိုတဲ့ သတင်းတွေ အများကြီး ထွက်ပေါ်လာပြီးနောက်မှာ ရာထူးက နုတ်ထွက်သွားပါပြီ။

အမေရိကန်နိုင်ငံဆိုင်ရာ Russia သံအမတ်ကြီး နဲ့ ဖုံးပြောခဲ့တာတွေကို အဲဒီတုန်းက ရွေးကောက်ခံ ဒုသမ္မတ Mike Pence နဲ့ တခြားအရာရှိတွေကို မရည်ရွယ်ပဲနဲ့ ပြည့်ပြည့်စုံစုံ မတင်ပြမိဘူးလို့ Mr. Flynn က သူ့ရဲ့ နုတ်ထွက်စာ မှာ ရေးထားပါတယ်။

Mr. Flynn က သမ္မတ Obama အစိုးရ လုပ်ဆောင်ထားခဲ့တဲ့ Russia အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သတ်ပြီး Russia သံအမတ်ကြီးနဲ့ ပြောဆိုဆွေးနွေးခဲ့တယ် လို့ Washington Post နဲ့ New York Times သတင်းစာတို့က အရင်တပတ်ကပဲ သတင်းဖော်ပြခဲ့ပါတယ်။သမ္မတ Trump အစိုးရ အဖွဲ့ကတော့ ဒါကို ငြင်းဆို ထားတာ ဖြစ်ပါတယ်။

Mr. Flynn ရဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် အများအပြားက တောင်းဆိုနေပြီး တချို့သူတွေကတော့ Mr. Flynn နဲ့ သူ့ကို မခန့်အပ်ခင် လုံခြုံရေးပိုင်းဆိုင်ရာ ကင်းရှင်းမှု ရှိမရှိ စစ်ဆေးရတဲ့ ထောက်လှမ်းရေး အရာရှိတွေကို တာဝန်က ရပ်နားဖို့ တိုက်တွန်းခဲ့တာပါ။

Mr. Flynn နဲ့ Russia သံအမတ်ကြီး Sergey Kislyak တို့ဟာ အမေရိကန်ရွေးကောက်ပွဲ မှာ ရုရှားက Online ကနေ ဝင်ဖောက်ပြီး ခြေရှုပ်တယ်ဆိုတဲ့ ဖြစ်ရပ်နောက်ပိုင်း အမေရိကန်သမ္မတအိုဘားမားအစိုးရက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့ ကိစ္စတွေရပ်ကို အတိအကျ ဆွေးနွေးခဲ့တယ်လို့ အမည်မဖော်တဲ့ လက်ရှိနဲ့အငြိမ်းစား အမေရိကန်အရာရှိ ၉ ဦးကဝါရှင်တန်ပိုစ် သတင်းစာကို ပြောခဲ့တာပါ။

သမ္မတအိုဘားမားအစိုးရက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုလုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အချိန်မှာ Mr. Flynn နဲ့ ရုရှားသံအမတ်တို့ ဖုံးနဲ့ ဆက်သွယ်ခဲ့ကြတာဖြစ်လို့ ထောက်လှမ်းရေး အရာရှိတွေ မသင်္ကာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုလုပ်တာပါ။ ဒီဖုံးကိစ္စနဲ့ပတ်သက်ပြီး အများပြည်သူကို ထုတ်ပြန်တဲ့အချက်နဲ့ ထောက်လှမ်းရေးက ရထားတဲ့ အချက်အလက်တွေအကြား ကွဲလွဲချက်တွေရှိနေလို့ Mr.Flynn ဒုက္ခရောက်နိုင်တယ်ဆိုပြီး တရားရေးဌာနက သမ္မတ Trump အစိုးရအဖွဲ့ကို အရင်လတုန်းက သတိပေးခဲ့ကြောင်း ဝါရှင်တန်ပိုစ်သတင်းစာမှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။ အခုတော့ ဗိုလ်ချုပ်ကြီး Keith Kellogg ကို ယာယီ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် သမ္မတ Trump က ခန့်အပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG