သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒုံးကျည်စမ်းသပ်မှု ကန်သမ္မတ သတိပေး


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်တဲ့ကိစ္စ အီရန်ကို တရားဝင် သတိပေးထားပြီးပြီလို့ အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို လျှော့ချပြီး အပြန်အလှန်အားဖြင့် ဒဏ်ခတ်အရေးယူမှုကို ဖြေလျော့ ပေးဖို့ အီရန်နဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား သဘောတူညီထားတာပါ။ အဲဒီသဘောတူညီချက်ကို သမ္မတ Trump က ဆက် ပြစ်တင်ဝေဖန်ပြီးတော့ Twitter မှာရေးတာတွေထဲ သတိပေးထားတယ်ဆိုတာကိုလဲ ထည့်ပြောထား တာပါ။ သဘောတူညီချက်အတွက် အီရန်အနေနဲ့ ကျေးဇူးတင်သင့်ပြီး ထိန်းချုပ်ထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန် မပေးခင်တုန်းက အီရန်ဟာ ပြိုလဲမယ့်အခြေအနေ ရောက်နေပြီလို့ သမ္မတ Trump ကပြောပါတယ်။

အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ခဲ့ပြီးတဲ့နောက် နျူကလီးယားအရေး သဘောတူညီချက် ယူခဲ့ကြတာပါ။ အီရန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ ဒီသဘောတူညီချက်အရ အီရန်အနေနဲ့ ယူရေနီယမ်သန့်စင်တာကို ကန့်သတ်ရမှာဖြစ်ပြီး နျူကလီးယားစက်ရုံ အများအပြားကိုလဲ တခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုဖို့ ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။

အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေကို လွန်ခဲ့တဲ့ခြောက်လတာကာလအတွင်း ခြိမ်းခြောက်ခဲ့ တဲ့ ဖြစ်ရပ်တွေထဲ နောက်ဆုံးပေါ်လာတဲ့လုပ်ရပ် ဖြစ်တယ်ဆိုပြီး သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အငြိမ်းစားဗိုလ်ချုပ်ကြီး Michael Flynn က ပြစ်တင်ရှုတ်ချတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG