သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လူဝင်မှုအမိန့် နိုင်ငံခြားရေးဌာနဝန်ထမ်း တစ်ထောင်နီးပါး ကန့်ကွက်


The State Department Building is pictured in Washington, Jan. 26, 2017.
The State Department Building is pictured in Washington, Jan. 26, 2017.

အမေရိကန်သမ္မတ Donald Trump ကအမေရိကန်ပြည်ဝင်ခွင့်ဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တဲ့အပေါ် ကန့်ကွက်လွှာကို အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံခြားသံရုံးတွေမှာ တာဝန်ထမ်းနေကြသူတွေနဲ့ နိုင်ငံခြားရေးဌာနမှာ အမှုထမ်းနေကြသူ တော်တော်များများက လက်မှတ်ရေးထိုးပြီး အင်္ဂါနေ့က တရားဝင်ပေးအပ်ခဲ့ကြပါတယ်။ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တားမြစ်မိန့်ထုတ်ခဲ့တဲ့အပေါ် ရုံးတွင်းကန့်ကွက်လွှာ လက်ခံရတယ်ဆိုတာကို နိုင်ငံခြားရေးဌာနက VOA ကိုအတည်ပြုခဲ့ပေမဲ့ ဘယ်ရာထူးအဆင့်က ဝန်ထမ်း ဘယ်နှယောက်လဲဆိုတာကိုတော့ အတည်ပြု မပြောခဲ့ပါဘူး။

ဒါပေမဲ့ VOA ကစုံစမ်းသိရသလောက် နိုင်ငံခြားရေးဌာန အမှုထမ်း ၁ ထောင်နီးပါး လက်မှတ်ထိုးပါဝင်ပါတယ်။ အစိုးရရဲ့လုပ်ရပ်အပေါ် သဘောထားမတူကြောင်းပြသတဲ့ ကန့်ကွက်လွှာမှာ တကယ်သာ လက်မှတ် ၁ ထောင်လောက် ရခဲ့မယ်ဆိုရင် ဒါဟာ ဘယ်တုန်းကမှမရခဲ့ဖူးတဲ့ အရအတွက်ဖြစ်တယ်လို့ ဆီးရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Robert Ford က ပြောပါတယ်။ အရင် အိုဘားမားအစိုးရလက်ထက် ပြီးခဲ့တဲ့နှစ်က ဆီးရီးယားမူဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတဲ့ သံတမန်တွေလက်မှတ်ထိုးခဲ့ကြတဲ့ ရုံးတွင်းကန့်ကွက်လွှာက လက်မှတ်တွေထက် အဆ ၂၀ လောက် ပိုများတယ်လို့ သူကပြောပါတယ်။

VOA ကရရှိတဲ့ ကန့်ကွက်လွှာမူကြမ်းထဲမှာ ပြည်ဝင်ခွင့်တားမြစ်ပိတ်ပင်မှုတွေက ရည်ရွယ်ချက်အတိုင်း ထိရောက်မှာမဟုတ်ဘဲ အမေရိကန်အတွက် ထိခိုက်ဖို့ပိုများတယ်လို့ ဖော်ပြထားပါတယ်။ ဒီအမိန့်ဟာ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့ Trump အစိုးရက ခုခံပြောကြားထားပါတယ်။ သမ္မတရဲ့ အမိန့်ကို ဆန့်ကျင်တဲ့ နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေအနေနဲ့ အလုပ်ကထွက်သွားနိုင်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကတနင်္လာနေ့ သတင်းစာရှင်းပွဲတုန်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG