သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Michael Flynn ကို အမျိုးသားလုံခြုံရေး အကြံပေး မခန့်ဖို့ အိုဘားမား သတိပေးခဲ့


သမ္မတ Donald Trump နှင့်အမေရိကန်သမ္မတဟောင်း Barack Obama တို့ နိုဝင်ဘာ ၂၀၁၆ တုန်းကတွေ့ဆုံစဉ်
သမ္မတ Donald Trump နှင့်အမေရိကန်သမ္မတဟောင်း Barack Obama တို့ နိုဝင်ဘာ ၂၀၁၆ တုန်းကတွေ့ဆုံစဉ်

အမေရိကန်သမ္မတဟောင်း Barack Obama က သတိပေးခဲ့တဲ့ကြားက အငြိမ်းစားကြည်းတပ်ဗိုလ်ချုပ်ကြီး Michael Flynn ကို သမ္မတ Donald Trump က အမျိုးသားလုံးခြုံရေးအကြံပေးအဖြစ် ခန့်ခဲ့တယ်ဆိုတာကို အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့ပြီးနောက် November လ ၁၀ ရက်က သမ္မတ Barack Obama နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်မှာ သမ္မတ Obama က Mr. Trump ကို ကိုယ်တိုင် သတိပေးခဲ့တာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကတနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ပြောခဲ့တာပါ။ ရွေးကောက်ပွဲကာလက Trump ကိုထောက်ခံပြီး သမ္မတအိုဘားမားရဲ့ စွမ်းဆောင်မှုတွေကို ရှုတ်ချပြောကြားခဲ့တဲ့ Flynn ကို အိုဘားမားက သိပ်မကြိုက်တာ လူတိုင်းသိတယ်လို့ Mr. Spicer ကဆိုပါတယ်။ Flynn ရဲ့စီမံခန့်ခွဲမှုပုံစံကြောင့် စစ်ဖက်ထောက်လှမ်းရေးအကြီးအကဲရာထူးကနေ ၂၀၁၄ ခုနှစ်မှာ သမ္မတအိုဘားမားဖယ်ရှားခဲ့တာဖြစ်ပါတယ်။

Mr. Obama ရဲ့သတိပေးမှုကြားကပဲ Flynn ကို အမျိုးသားလုံးခြုံရေးအကြံပေးအဖြစ် သမ္မတ Trump ကခန့်ခဲ့ပြီး ရုရှားနဲ့အဆက်အသွယ်ရှိတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့် ၂၄ ရက်အတွင်းမှာပဲ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့Flynn ရဲ့နောက်ကြောင်း လုံခြုံရေးကင်းရှင်းကြောင်းထောက်ခံချက်ကို ၂၀၁၆ ခုနှစ်မှာ ဘာကြောင့် အိုဘားမားအစိုးရက ဆက်ပေးထားသလဲဆိုတာကို အိမ်ဖြူတော်ပြောခွင့်ရ Spicer ကမေးခွန်းထုတ်ခဲ့ပါတယ်။ အိုးဘားမားအစိုးရက Flynn နဲ့ပါတ်သက်လို့ စိုးရိမ်တယ်ဆိုရင် ဘာကြောင့် အဖိုးအခရတဲ့ ပွဲတက်ဖို့ ရုရှားကို သွားခွင့်ပြုခဲ့သလဲလို့ဆိုပါတယ်။ ရုရှားအစိုးရထောက်ပံ့တဲ့ Russia Today ရုပ်သံဌာန ၁၀ နှစ်ပြည့် 2015 ခုနှစ်က ညစာစားပွဲခရီးအတွက် Flynn ရုရှားဆီက ဒေါ်လာ ၃ သောင်းကျော် ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ရုရှားသမ္မတ Vladimir Putin နဲ့ Flynn တို့ စားပွဲတခုတည်းမှာ ကပ်ရက်ထိုင်ခဲ့ရပါတယ်။

အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ အဆက်အသွယ်ရှိတဲ့ကိစ္စနဲ့ပါတ်သက်လို့ Flynn ကဒုသမ္မတ Mike Pence ကိုလိမ်ညာပြောခဲ့တယ်ဆိုတာကို Trump အစိုးရတက်လာပြီး ပြီးချင်းမှာ အိမ်ဖြူတော်တာဝန်ရှိသူတွေကို သတိပေးခဲ့တယ်လု့ိ Trump အစိုးရလက်ထက် ရှေ့နေချုပ်တာဝန်ကို ခေတ္တတာဝန်ယူခဲ့ရတဲ့ Sally Yates ကလည်း အထက်လွှတ်တော်တရားရေးဆိုင်ရာ ကော်မတီခွဲကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။ ကြားဖြတ်ထောက်လှမ်းမှုတွေအရ Flynn နဲ့ ရုရှားသံအမတ်ကြီး Sergey Kislyak တို့ကြား အဆက်အသွယ် ရှိခဲ့ကြတယ်ဆိုတာသိရတယ်လို့ Sally Yates ကတနင်္လာနေ့ကကြားနာပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG