သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒု ရှေ့နေချုပ် ရာထူးကနုတ်ထွက်


အမေရိကန် ဒုတိယရှေ့နေချုပ် Rod Rosenstein (ဧပြီ၊ ၁၈၊ ၂၀၁၉)
အမေရိကန် ဒုတိယရှေ့နေချုပ် Rod Rosenstein (ဧပြီ၊ ၁၈၊ ၂၀၁၉)

အမေရိကန် ဒုတိယရှေ့နေချုပ် Rod Rosenstein ဟာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် လာမယ့် သီတင်းပတ်ကျရင် နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တဲ့အပေါ် အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က စုံစမ်းစစ်ဆေးခဲ့တာ မတ်လက ပြီးဆုံးသွားပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ အစီရင်ခံစာကို ထုတ်ပြန်ပြီးတဲ့နောက် သူ နုတ်ထွက်မယ့်ကိစ္စ တရားဝင်ထွက်လာတာပါ။

မေလ ၁၁ ရက် နောက်သီတင်းပတ် စနေနေ့မှာ နုတ်ထွက်မယ့်အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဆီကို ပေးပို့တဲ့ နုတ်ထွက်စာထဲမှာ မစ္စတာ Rosenstein က ပြောထားပေမယ့် နုတ်ထွက်ရတဲ့ အကြောင်းရင်းကိုတော့ ပြောမထားပါဘူး။

ဒုတိယရှေ့နေချုပ်အဖြစ် မစ္စတာ Rosenstein တာဝန်ထမ်းဆောင်တဲ့ကာလအတွင်း အခြေအတင်ဖြစ်စရာ ကိစ္စရပ် အတော်များများ ဖြစ်ခဲ့ပါတယ်။

အဲဒီကိစ္စတွေထဲမှာ FBI ညွှန်ကြားရေးမှူး James Comey ကို ထုတ်ပစ်ဖို့ ထောက်ခံရေးသားထားတဲ့ သမ္မတ ထရမ့်ပ်ဆီကို သူ ပေးပို့ခဲ့တဲ့ စာကိစ္စ ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း မစ္စတာထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ ပူးပေါင်း ကြံစည်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ Robert Mueller ကို စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခဲ့တဲ့ ကိစ္စတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG