သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရွင္တန္ဒီစီ ဆႏၵျပမႈ ညပိုင္း ထိပ္တိုက္အၾကမ္းဖက္မႈေတြ ရွိလာ


ဝါရွင္တန္ဒီစီ ဆႏၵျပပြဲအတြင္း ထိပ္တိုိက္ေတြ႔ေနတဲ့ သမၼတ Trump ေထာက္ခံသူေတြနဲ႔ ဆန္႔က်င္သူမ်ား။ (ဒီဇင္ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုရဲ႕ၿမိဳ႕ေတာ္ ဝါရွင္တန္ရဲ႕ လမ္းမေတြေပၚမွာေတာ့ မေန႔ စေနညက ေရြးေကာက္ခံသမၼတ Joe Biden ကုိ ႐ႈံးနိမ့္ခဲ့ရတဲ့ သူ႔မဲရလဒ္ေျပာင္းလဲေရး ဥပေဒေၾကာင္းအရ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ သမၼတ Trump ကို ေထာက္ခံသူေတြနဲ႔ ဆန္႔က်င္သူတို႔ၾကား ထိပ္တုိက္ရင္ဆိုင္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။

ဒီထိပ္တိုက္ျဖစ္ပြားမႈမွာ ဓားဒဏ္ရာေတြရခဲ့တဲ့ လူ ၄ ဦး ေဆး႐ုံတင္လိုက္ရၿပီး အနည္းဆံုး လူ ၂၃ ဦးကို ဖမ္းဆီးလိုက္တယ္လို႔ ၿမဳိ႕ေတာ္ဝါရွင္တန္ ရဲအာဏာပိုင္ေတြက ေျပာပါတယ္။

စေနေန႔မနက္ အေစာပိုင္းတုန္းက ေထာင္ခ်ီတဲ့ သမၼတ Trump ေထာက္ခံသူေတြဟာ Trump ရွိေနတဲ့ အိမ္ျဖဴေတာ္ဆီကို စုေဝးခ်ီတက္ဆႏၵျပ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

ေရြးေကာက္ခံသမၼတ Joe Biden အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတအျဖစ္ ေရြးခ်ယ္ခံရေၾကာင္း တရားဝင္ေၾကညာဖုိ႔ ၂ ရက္အလုိမွာ ဒီဆႏၵျပမႈ ျဖစ္ပြားတာပါ။

အဓိကကေတာ့ သမၼတ Trump ေရြးေကာက္ပြဲ ႐ႈံးနိမ့္ခဲ့တဲ့ ျပည္နယ္ေတြမွာ Biden ရဲ႕ မဲရလဒ္အေျဖကို ေျပာင္းလဲႏုိင္ေရး Trump ရဲ႕ ဥပေဒအက်ိဳးေဆာင္ေရွ႕ေနအဖြဲ႔ရဲ႕ တရား႐ုံး အယူခံတင္သြင္းမႈကို ပယ္ခ်ခံလိုက္ရၿပီးေနာက္ Trump ကို ေထာက္ခံေၾကာင္း လာၿပီး လူေထာင္ခ်ီ စုေဝးဆႏၵျပၾကတာပါ။

ဒီဆႏၵျပပြြဲျဖစ္ေျမာက္ေရး သီတင္းပတ္ေတြနဲ႔ခ်ီ ႀကိဳတင္ျပင္ဆင္ခဲ့တာ ျဖစ္ေပမယ့္လို႔ “ဝိုး … မဲခုိးမႈေတြ ရပ္ပစ္ဖို႔ ေထာင္ခ်ီတဲ့လူအုပ္ႀကီး ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီကို အေရာက္လာခဲ့ၾကတယ္။ ဒီလိုလာၾကမယ္ဆိုတာ ႀကိဳမသိထားေပမယ့္ သူတို႔နဲ႔ ဆံုရေတာ့မယ္၊ MAGA Make America Great Again အေမရိကန္ျပည္ေထာင္စုႀကီး ျပန္ၿပီးႀကီးျမတ္ေစရမယ္” လုိ႔ သမၼတ Trump က သူ႔ တြစ္တာ လူမႈကြန္ရက္ကေန ေျပာခဲ့ပါတယ္။

ႏုိဝင္ဘာ ၃ ေရြးေကာက္ပြဲမွာ သမၼတ Trump ႐ႈံးနိမ့္ခဲ့တဲ့ ျပည္နယ္ ၄ ခုက မဲရလဒ္ေတြကို တရားမဝင္အျဖစ္ သတ္မွတ္ေၾကညာေပးဖို႔ တကၠဆက္စ္ျပည္နယ္က ေလွ်ာက္ထားတာကို အေမရိကန္တရား႐ုံးခ်ဳပ္ကေန ၿပီးခဲ့တဲ့ေသာၾကာေန႔က ပယ္ခ်လိုက္တာပါ။

စေနေန႔က လူထုခ်ီတက္ဆႏၵျပပြဲကိုေတာ့ မၾကာေသးခင္ကပဲ Trump ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္္းသာခြင့္ေပးခဲ့တဲ့ Trump ရဲ႕ အမ်ိဳးသားလံုၿခံဳေရး အႀကံေပးေဟာင္း Michael Flynn ကိုယ္တုိင္ ဦးေဆာင္ၿပီး Trump ကိုေထာက္ခံတဲ့ ဘုရားေက်ာင္းေတြနဲ႔ အဖြဲ႔အစည္းေတြ ပူးေပါင္းပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ဝါရွင္တန္ရဲရဲ႕ ကိုဗစ္ကာကြယ္ေရး စည္းမ်ဥ္းခ်ထားတဲ့ မ်က္ႏွာဖံုး ႏွာေခါင္းစည္း Mask ေတြကို ဆႏၵျပသူ အနည္းငယ္ေလာက္ပဲ တပ္ထားခဲ့ၾကတာပါ။ ဒီ့ေနာက္မွာေတာ့ အိမ္ျဖဴေတာ္နားမွာ ဆႏၵျပေနတဲ့ Black Lives Matter လူမည္းေတြရဲ႕ ဘဝေတြကလည္း အေရးပါပါတယ္လို႔ ဆႏၵျပေနတဲ့သူေတြကို ထိပါးေျပာဆိုတဲ့အတြက္ အျပန္အလွန္ ထိပ္တိုက္မႈေတြမျဖစ္ေအာင္ ဝါရွင္တန္ရဲက ေစာင့္ၾကည့္ လုံၿခံဳေရးယူခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဝါရှင်တန်ဒီစီ ဆန္ဒပြမှု ညပိုင်း ထိပ်တိုက်အကြမ်းဖက်မှုတွေ ရှိလာ

အမေရိကန်ပြည်ထောင်စုရဲ့မြို့တော် ဝါရှင်တန်ရဲ့ လမ်းမတွေပေါ်မှာတော့ မနေ့ စနေညက ရွေးကောက်ခံသမ္မတ Joe Biden ကို ရှုံးနိမ့်ခဲ့ရတဲ့ သူ့မဲရလဒ်ပြောင်းလဲရေး ဥပဒေကြောင်းအရ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ သမ္မတ Trump ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီထိပ်တိုက်ဖြစ်ပွားမှုမှာ ဓားဒဏ်ရာတွေရခဲ့တဲ့ လူ ၄ ဦး ဆေးရုံတင်လိုက်ရပြီး အနည်းဆုံး လူ ၂၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မြို့တော်ဝါရှင်တန် ရဲအာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့မနက် အစောပိုင်းတုန်းက ထောင်ချီတဲ့ သမ္မတ Trump ထောက်ခံသူတွေဟာ Trump ရှိနေတဲ့ အိမ်ဖြူတော်ဆီကို စုဝေးချီတက်ဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။

ရွေးကောက်ခံသမ္မတ Joe Biden အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း တရားဝင်ကြေညာဖို့ ၂ ရက်အလိုမှာ ဒီဆန္ဒပြမှု ဖြစ်ပွားတာပါ။

အဓိကကတော့ သမ္မတ Trump ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ပြည်နယ်တွေမှာ Biden ရဲ့ မဲရလဒ်အဖြေကို ပြောင်းလဲနိုင်ရေး Trump ရဲ့ ဥပဒေအကျိုးဆောင်ရှေ့နေအဖွဲ့ရဲ့ တရားရုံး အယူခံတင်သွင်းမှုကို ပယ်ချခံလိုက်ရပြီးနောက် Trump ကို ထောက်ခံကြောင်း လာပြီး လူထောင်ချီ စုဝေးဆန္ဒပြကြတာပါ။

ဒီဆန္ဒပြပွဲဖြစ်မြောက်ရေး သီတင်းပတ်တွေနဲ့ချီ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့်လို့ “ဝိုး … မဲခိုးမှုတွေ ရပ်ပစ်ဖို့ ထောင်ချီတဲ့လူအုပ်ကြီး မြို့တော်ဝါရှင်တန်ဒီစီကို အရောက်လာခဲ့ကြတယ်။ ဒီလိုလာကြမယ်ဆိုတာ ကြိုမသိထားပေမယ့် သူတို့နဲ့ ဆုံရတော့မယ်၊ MAGA Make America Great Again အမေရိကန်ပြည်ထောင်စုကြီး ပြန်ပြီးကြီးမြတ်စေရမယ်” လို့ သမ္မတ Trump က သူ့ တွစ်တာ လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရွေးကောက်ပွဲမှာ သမ္မတ Trump ရှုံးနိမ့်ခဲ့တဲ့ ပြည်နယ် ၄ ခုက မဲရလဒ်တွေကို တရားမဝင်အဖြစ် သတ်မှတ်ကြေညာပေးဖို့ တက္ကဆက်စ်ပြည်နယ်က လျှောက်ထားတာကို အမေရိကန်တရားရုံးချုပ်ကနေ ပြီးခဲ့တဲ့သောကြာနေ့က ပယ်ချလိုက်တာပါ။

စနေနေ့က လူထုချီတက်ဆန္ဒပြပွဲကိုတော့ မကြာသေးခင်ကပဲ Trump ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Michael Flynn ကိုယ်တိုင် ဦးဆောင်ပြီး Trump ကိုထောက်ခံတဲ့ ဘုရားကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ရဲရဲ့ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းချထားတဲ့ မျက်နှာဖုံး နှာခေါင်းစည်း Mask တွေကို ဆန္ဒပြသူ အနည်းငယ်လောက်ပဲ တပ်ထားခဲ့ကြတာပါ။ ဒီ့နောက်မှာတော့ အိမ်ဖြူတော်နားမှာ ဆန္ဒပြနေတဲ့ Black Lives Matter လူမည်းတွေရဲ့ ဘဝတွေကလည်း အရေးပါပါတယ်လို့ ဆန္ဒပြနေတဲ့သူတွေကို ထိပါးပြောဆိုတဲ့အတွက် အပြန်အလှန် ထိပ်တိုက်မှုတွေမဖြစ်အောင် ဝါရှင်တန်ရဲက စောင့်ကြည့် လုံခြုံရေးယူခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG