သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကုိ အိမ္မွာတင္ စမ္းသပ္ႏုိင္တဲ့ကိရိယာ ကန္ FDA သုံးစြဲ ေရာင္းခ်ခြင့္ျပဳ


Virus Outbreak Vaccine Diversity

{{Zawgyi/Unicode}}

Covid-19 အတြက္ ပထမဆုံး အိမ္မွာပဲ ကိုယ္တိုင္စမ္းသပ္ႏိုင္တဲ့ ပစၥည္းကိ႐ိယာကို FDA အေမရိကန္ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာနက အဂၤါေန႔က စတင္ သုံးစြဲ ခြင့္ျပဳလိုက္ပါၿပီ။ ဒီပစၥည္းကိရိယာဟာ မိနစ္ ၂၀ ေလာက္မွာ ရလာဒ္ကို ထြက္ေပၚေစမွာ ျဖစ္သလို၊ ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူလို႔ ရႏိုင္မွာျဖစ္ပါတယ္။

Covid-19 စမ္းသပ္ကိရိယာကို ကာလီဖိုးနီးယားအေျခစိုက္ Ellume ကုမၸဏီက ထုတ္လုပ္တာျဖစ္ၿပီး တခုကို အေမရိကန္ ေဒၚလာ ၃ဝ ႏႈန္းနဲ႔ေရာင္းခ်မွာျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ ၂၀၂၁ခုနွစ္ ဇန္န၀ါရီလမွာ ပစၥည္းကိရိယာအေရအတြက္ေပါင္း သံုးသန္းျဖန္႔ခ်ီ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။

လူေတြ အရွည္ႀကီး တန္းစီရမွာကို ေရွာင္ရွားႏိုင္ဖို႔ FDA အေနနဲ႔ အရင္က အခုလိုမ်ဳိး အိမ္မွာ ကိုယ္ဘာသာကိုယ္စမ္းသပ္ႏိုင္တဲ့ အျခား ပစၥည္းကိိရိယာေတြကို ခြင့္ျပဳခဲ့ေပမဲ့ လူေတြအေနနဲ႔ နမူနာကို ဓါတ္ခြဲစမ္းသပ္ခန္းကို ပို႔ရမွာျဖစ္ၿပီး ရလာဒ္ကိုလည္း ေစာင့္ရဖို႔ လိုပါတယ္။

မၾကာေသးခင္က ခြင့္ျပဳခဲ့တဲ့ ပစၥည္းကိရိယာကေတာ့ အဲဒီလိုမ်ဳိး မလိုအပ္ေပမဲ့ ဆရာ၀န္ခြင့္ျပဳခ်က္ရမွ ၀ယ္ယူခြင့္ရတာျဖစ္ပါတယ္။ အခုေနာက္ဆံုး Ellume ကုမၸဏီက ထုတ္မယ့္ Covid-19 စမ္းသပ္ကိရိယာကေတာ့ ေဆးဆိုင္ေတြမွာ အလြယ္တကူ ၀ယ္ယူႏိုင္မွာျဖစ္သ လို၊ ရလာဒ္ကိုလည္း ကုိယ့္ရဲ႕ ေနအိမ္မွာပဲ မိနစ္ ၂၀ ေလာက္အတြင္း သိႏိုင္မွာျဖစ္ပါတယ္။

...........................................

{{Unicode}}

Covid-19 အတွက် ပထမဆုံး အိမ်မှာပဲ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ ပစ္စည်းကိရိယာကို FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အင်္ဂါနေ့က စတင် သုံးစွဲ ခွင့်ပြုလိုက်ပါပြီ။ ဒီပစ္စည်းကိရိယာဟာ မိနစ် ၂၀ လောက်မှာ ရလာဒ်ကို ထွက်ပေါ်စေမှာ ဖြစ်သလို၊ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်မှာဖြစ်ပါတယ်။

Covid-19 စမ်းသပ်ကိရိယာကို ကာလီဖိုးနီးယားအခြေစိုက် Ellume ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး တခုကို အမေရိကန် ဒေါ်လာ ၃၀ နှုန်းနဲ့ရောင်းချမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ပစ္စည်းကိရိယာအရေအတွက်ပေါင်း သုံးသန်းဖြန့်ချီ ရောင်းချဖို့ စီစဉ်ထားပါတယ်။

လူတွေ အရှည်ကြီး တန်းစီရမှာကို ရှောင်ရှားနိုင်ဖို့ FDA အနေနဲ့ အရင်က အခုလိုမျိုး အိမ်မှာ ကိုယ်ဘာသာကိုယ်စမ်းသပ်နိုင်တဲ့ အခြား ပစ္စည်းကိရိယာတွေကို ခွင့်ပြုခဲ့ပေမဲ့ လူတွေအနေနဲ့ နမူနာကို ဓါတ်ခွဲစမ်းသပ်ခန်းကို ပို့ရမှာဖြစ်ပြီး ရလာဒ်ကိုလည်း စောင့်ရဖို့ လိုပါတယ်။

မကြာသေးခင်က ခွင့်ပြုခဲ့တဲ့ ပစ္စည်းကိရိယာကတော့ အဲဒီလိုမျိုး မလိုအပ်ပေမဲ့ ဆရာဝန်ခွင့်ပြုချက်ရမှ ဝယ်ယူခွင့်ရတာဖြစ်ပါတယ်။ အခုနောက်ဆုံး Ellume ကုမ္ပဏီက ထုတ်မယ့် Covid-19 စမ်းသပ်ကိရိယာကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်သလို၊ ရလာဒ်ကိုလည်း ကိုယ့်ရဲ့ နေအိမ်မှာပဲ မိနစ် ၂၀ လောက်အတွင်း သိနိုင်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG