သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ စမ္းသပ္စစ္ေဆးမႈေတြ တုိးျမင့္လုပ္ေဆာင္သင့္ေနၿပီလား


ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ကိုဗစ္ လူနာတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပံု - Ministry of Health and Sports, Myanmar - ႏိုဝင္ဘာ ၂၇၊ ၂၀၂၀)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါ ဓါတ္ခြဲနမူနာယူစစ္ေဆးေတြ႕ရွိသူ တသိန္းေက်ာ္သြားၿပီမို႔၊ ဓါတ္ခြဲစစ္ေဆးမႈေတြကို အခုထက္ ပိုမိုတိုး-လုပ္သြားဖို႔ လိုတယ္လို႔ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕က ျမင္ပါတယ္။ ဒါေပမယ့္လည္း သံသယလူနာေတြထဲက ဦးစားေပးအဆင့္သတ္မွတ္ၿပီး ေန႔စဥ္လိုလို ဓါတ္ခြဲနမူနာစုစုေပါင္း တေသာင္း အထက္ကို စစ္ေဆးေပးေနတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။ ဒါေၾကာင့္ ကို႐ိုနာဗိုင္းရပ္ ဓါတ္ခြဲစစ္ေဆးမႈေတြ ဘယ္လိုအေျခအေနရွိေနသလဲ။ ဘယ္လိုမူဝါဒေတြနဲ႔ ဦးစားေပး သတ္မွတ္စစ္ေဆးေနလဲဆိုတာ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စံုစမ္းေမးျမန္းထားပါတယ္။

ျမန္မာႏုိင္ငံတဝန္းလံုးမွာ ကိုဗစ္သံသယရွိသူေပါင္း ၁သန္းေက်ာ္ကို ဓါတ္ခဲြနမူနာယူစစ္ေဆးမႈလုပ္ခဲ့ၿပီး၊ ေရာဂါပိုးရွိတယ္လို႔ ဓါတ္ခဲြအတည္ျပဳႏိုင္သူကေတာ့ ၁သိန္း ၁ေသာင္းေက်ာ္သြားၿပီျဖစ္ပါတယ္။ အမ်ိဳးသားက်န္းမာေရးဆိုင္ရာဌာန၊ ေဆးသုေတသနဦးစီးဌာန၊ ျပည္သူ႔က်န္းမာေရးဆုိင္ရာဓာတ္ခြဲမႈဌာနေတြနဲ႔ တပ္မေတာ္ေဆးရံုၾကီးေတြ အပါအဝင္ ျပည္နယ္တိုင္းေဆးရံုၾကီးေတြက ဓာတ္ခြဲခန္းေတြကေန ေန႔စဥ္လို စစ္ေဆးမႈေတြကေန ကိုဗစ္ေရာဂါရွိသူေတြကို ရွာေဖြေဖာ္ထုတ္ေနပါတယ္လို႔ က်န္းမာေရးဝန္ၾကီးဌာန တာဝန္ရွိသူက ေျပာပါတယ္။ အဓိကကေတာ့ ျပည္ပကျပန္လာသူ၊ ျပည္တြင္းခရီးသြားရာဇဝင္ရွိသူေတြနဲ႔ ေရာဂါလကၡဏာ သံသယရွိသူေတြကို ဦးစားေပးစစ္ေဆးေပးေနပါတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ဗီြအိုေအကိုေျပာပါတယ္။

" Test ကေတာ့ က်ေနာ္တို႔ အစပိုင္းတုန္းကေတာ့ ႏုိင္ငံျခားကေန ဝင္ေရာက္လာတဲ့သူေတြေပါ့ေနာ္။ ႏိုင္ငံျခားက ဝင္လာသူတုိင္း အခုထိလည္း ကြာရမ္တင္းဝင္ေနရတုန္းပါပဲ။ ကြာရမ္တင္းထဲ ဝင္ေရာက္သူတိုင္း ျပည္တြင္း ျပည္ပရွိပါမယ္ အဲ့ဒီ့လူေတြကို Test စစ္ပါတယ္။ နံပတ္(၂)ကေတာ့Contact ကြာရမ္တင္းေပါ့။ အရမ္း နီးကပ္ခဲ့တဲ့ သူေတြေပါ့ Primary Contact အရမ္းျဖစ္ခဲ့တဲ့သူေတြ။ ၿပီးတဲ့အခါက်ေတာ့ သူ႔မွာ ေရာဂါလကၡဏာ တခုခုျပင္းထန္စြာခံစားေနရတဲ့သူေတြ အဲ့ဒီ့လူေတြကို ကြန္ဖမ္းလုပ္ပါတယ္။ အတည္ျပဳစစ္ပါတယ္။ သံသယလူနာေတြ Suspect Cases ေတြေပါ့။ ၿပီးတဲ့အခါက်ရင္ စပါယ္ရွယ္ေပါ့ စပါယ္ရွယ္စစ္တာရွိပါတယ္။ ဥပမာ-ကုန္ကားဒရိုင္ဘာတို႔လို ေနာက္ ေရြးေကာက္ပြဲတုန္းက အထူးရဲတို႔လိုေပါ့ ဒါမ်ိဳးေတြကို က်ေနာ္တို႔ စစ္ေပးတဲ့ဟာရွိပါတယ္။ အဲ့ဒီ့ေတာ့ အဓိကအုပ္စုက ၄အုပ္စုေလာက္ရွိပါတယ္။ ခရီးသြားကြာရမ္တင္းရယ္ Contact ရယ္ PUI (Person under investigation ) ရယ္ ေနာက္စပါယ္ရွယ္ေက့စ္ေတြရယ္ေပါ့။ စစ္ေဆးတာကို အဓိက တာဝန္ခံရတဲ့ ဌာနကေတာ့ အဲ့တာအမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနေပါ့ေနာ္။ သူနဲ႔အလားတူကေတာ့ ေဆးသုေတသန ဦးစားဌာနကေတာ့ ဦးစီးဌာနၾကီးအေနနဲ႔ပါ။ အဓိကကေတာ့ အဲ့ဒီ့ဌာနၾကီး ၂ခုက ဦးေဆာင္ပါတယ္။ "

လက္ရွိအားျဖင့္ေတာ့ ကိုဗစ္ေရာဂါပိုး ဓါတ္ခဲြအတည္ျပဳ ေတြ႔ရွိသူနဲ႔ တိုက္႐ိုက္ထိေတြ႕ခဲ့သူေတြ ေရာဂါပိုး လကၡဏာျပသူေတြကို အသြားအလာကန္႔သတ္မႈေတြလုပ္တာ၊ သီးျခားခဲြထားတာေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ၊ ေဆးရံုေဆးခန္းေတြ ကြာရမ္တင္းစင္တာေတြမွာ က်န္းမာေရးဝန္ထမ္းမလံုေလာက္မႈေတြနဲ႔ ေနရာခ်ထားေရး အခက္အခဲေတြ ရွိေနတယ္လို႔ သိရပါတယ္။ ဒီလိုအေျခအေနမွာ က်န္းမာေရးဝန္ၾကီးဌာနဘက္က စစ္သင့္တဲ့ျပည္သူတိုင္းကို အျပည့္အဝ စစ္ေပးႏုိင္ေျခရွိေနပါသလား ဆိုတာကိုလည္း က်န္းမာေရးဝန္ၾကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက ရွင္းျပပါတယ္။

" က်ေနာ္တို႔ေန႔စဥ္စစ္ေနတာ ေသာင္းနဲ႔ခ်ီပါတယ္ခင္ဗ်။ တခ်ိဳ႕ရက္ေတြဆုိ တေသာင္းရွစ္ေထာင္ တေသာင္း ကိုးေထာင္ အဲ့ဒီ့မွာ Positivity Rate ကလည္း ၅% ၆% ၇% ေပါ့ အခုရက္ေတြဆို ၆% ပတ္ဝန္းက်င္ေလာက္ေပါ့ ဒီေလာက္စစ္ေနတာကို ဒီေလာက္ပဲေပၚတယ္ဆိုတာက က်ေနာ္တို႔ဘက္က စစ္ႏုိင္တဲ့ Capacity ကို အျပည့္အဝ သံုးၿပီး စစ္ေပးေနတယ္ဆိုတာကိုေတာ့ ဒါကိုေတာ့ ပြင့္ပြင့္လင္းလင္း က်ေနာ္တို႔ Transparently ေျပာလို႔ရပါတယ္။ ခုနကလို လူေတြကေတာ့ အမ်ိဳးမ်ိဳးေျပာၾကတာေပါ့ဗ်ာ က်ေနာ္တို႔ ဘယ္ေလာက္ပဲလုပ္လုပ္ အေကာင္းေျပာ မခံရတာေတြလည္းရွိပါတယ္။ ေက်းဇူးတင္ရမွာကေတာ့ နံပတ္တစ္ကေတာ့ ျပည္သူေတြေပါ့ လိုက္နာတဲ့ျပည္သူေတြ အမ်ားၾကီးရွိတယ္ဆိုတာ က်ေနာ္တို႔က ျငင္းလို႔မရပါဘူး။ တဘက္ကလည္း ဒီေရာဂါ ကာကြယ္ထိန္းခ်ဳပ္လုပ္ငန္းေတြမွာ ပါဝင္ေဆာင္ရြက္ေပးေနၾကတဲ့ က်န္းမာေရးဝန္ထမ္းေတြ ႏွီးႏြယ္ဝန္ၾကီးဌာနဝန္ထမ္းေတြ ေစတနာ့ဝန္ထမ္းေတြ အလွဴရွင္ေတြ အမ်ားၾကီးပါပဲ ဒီလူေတြကိုလည္း က်ေနာ္တို႔က ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ စနစ္တက်နဲ႔ လူေတြက သတိေလးထားၿပီး လိုက္နာေပးၾကမယ္ဆိုရင္ ဆက္ၿပီးတင္းခံေနတဲ့ ေန႔စဥ္ေတြ႔ရွိမႈ တေထာင္ဝန္းက်င္ဂဏန္းကေန ဦးက်ိဳးက်သြားမွာျဖစ္ပါတယ္။ "

က်န္းမာေရးဝန္ၾကီးဌာနက ပိုးရွိ-မရွိ လူထုၾကား အခုလက္ရွိစစ္ေပးေနတာနဲ႔ စာရင္ ဒီ့ထက္ပိုၿပီး စစ္ေဆးဖို႔ လိုအပ္ေနပါတယ္လို႔လည္း ဖ်ားနာကုေဆးခန္း ရန္ကုန္ကြန္ရက္ရဲ႕ တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္း ကေျပာပါတယ္။

" တကယ္တမ္းက က်ေနာ့္အျမင္ေပါ့ေလ စစ္တာက သိပ္မလံုေလာက္ေသးဘူး။ တခ်ိဳ႕က်ေတာ့ စစ္ခ်င္တယ္ သိခ်င္တယ္ စစ္လို႔မရဘူးျဖစ္ေနတယ္ အမ်ားၾကီးပဲ။ အခုကဘာျဖစ္လဲဆိုေတာ့ Private ေတြကို ခြင့္မျပဳေတာ့ စစ္လို႔မရဘူးေပါ့ေနာ္။ က်ေနာ္တို႔ Fever Clinic အေနနဲ႔ တင္မယ္ဆိုလည္း ဘာမွမျဖစ္ဘူးဆို စစ္လို႔မရဘူး အဲ့လိုျဖစ္ေနတယ္။ အခုက မ်ားမ်ားတိုး-စစ္ဖို႔လိုတယ္ မ်ားမ်ားတိုးစစ္မွ လူနာမ်ားမ်ားေတြ႔မွာ လူနာေတြအတြက္ Manage ေစာေစာစီးစီး လုပ္လို႔ရမွာ ကိုယ့္ကိုကိုယ္ မလံုမျခံုျဖစ္တဲ့သူေတြလည္း အမ်ားၾကီးပဲ။ စစ္ခ်င္တဲ့သူေတြကို ေပးစစ္လုိက္၊ စစ္ခြင့္ေပးလိုက္ေပါ့. ၿပီးေတာ့ မိုဘိုင္းလ္ Team ဖြဲ႔ၿ႔ပီး မ်ားမ်ားစစ္လုိက္ရင္ မ်ားမ်ား ထြက္လာမယ္ေပါ့ေနာ္။ အခုက System ေျပာင္းဖို႔လိုေနၿပီ။ Containment System ေျပာင္းဖို႔လိုေနၿပီ။ Home Q System ေတြ ေျပာင္းဖို႔လိုေနၿပီ မ်ားေသာအားျဖင့္ စင္တာေတြမသြားလိုၾကဘူး။ အိမ္မွာပဲေနမယ္ စစ္ခ်င္တယ္ သိခ်င္တယ္ အဲ့လိုလူနာေတြမ်ားလာတယ္ ေနာက္ပိုင္း။ အခု က်ေနာ့္အျမင္ကေတာ့ မ်ားမ်ားစစ္ မ်ားမ်ားေတြ႔ ေနာက္ဆံုး Q ေပၚလစီေျပာင္းေပါ့ေနာ္ အဲ့လိုေလးေတြ ခြဲဖို႔လိုအပ္လာၿပီ မ်ားမ်ားစစ္ဖို႔လိုအပ္ေနၿပီေပါ့။"

လက္ရွိမွာေတာ့ ျပည္သူတိုင္း ကိုဗစ္၁၉ ကာကြယ္ေဆးထိုးႏုိင္ေရးအစီအမံေတြကိုလည္း အခုလက္ရွိ က်န္းမာေရး ဝန္ၾကီးဌာနက မူဝါဒခ်မွတ္ ႀကိဳတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနပါတယ္လို႔လည္း က်န္းမာေရးဝန္ၾကီးဌာနေျပာခြင့္ရကေျပာပါတယ္။

အခုလက္ရွိမွာေတာ့ အေမရိကန္ျပည္ေထာင္စု John Hopkins ေဆးတကၠသိုလ္ရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံဟာ တကမာၻလံုးအတိုင္းအတာနဲ႔ ကိုဗစ္၁၉ ကူးစက္မႈအမ်ားဆံုးႏိုင္ငံအဆင့္ ၆၉ေနရာမွာ တည္ရွိေနတာျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၅ရက္ေန႔ ည ၈နာရီသတင္းထုတ္ျပန္ခ်က္အရ ၂၄နာရီအတြင္း ဓာတ္ခြဲစစ္ေဆးမႈေပါင္း (၂၃,၈၇၄ ခု)- ကေန (၂,၃၁၉ဦး) အထိ ေရာဂါပိုးေတြ႔ရွိလို႔ အခုဆိုရင္ေတာ့ တႏိုင္ငံလံုးအတိုင္းအတာနဲ႔ ေရာဂါကူးစက္သူေပါင္း ( ၁၁၀,၆၆၇) တသိန္းတေသာင္းေက်ာ္အထိ ကူးစက္ခံေနရၿပီျဖစ္ပါတယ္ရွင္။

........................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓါတ်ခွဲနမူနာယူစစ်ဆေးတွေ့ရှိသူ တသိန်းကျော်သွားပြီမို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေကို အခုထက် ပိုမိုတိုး-လုပ်သွားဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က မြင်ပါတယ်။ ဒါပေမယ့်လည်း သံသယလူနာတွေထဲက ဦးစားပေးအဆင့်သတ်မှတ်ပြီး နေ့စဉ်လိုလို ဓါတ်ခွဲနမူနာစုစုပေါင်း တသောင်း အထက်ကို စစ်ဆေးပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ် ဓါတ်ခွဲစစ်ဆေးမှုတွေ ဘယ်လိုအခြေအနေရှိနေသလဲ။ ဘယ်လိုမူဝါဒတွေနဲ့ ဦးစားပေး သတ်မှတ်စစ်ဆေးနေလဲဆိုတာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးမှာ ကိုဗစ်သံသယရှိသူပေါင်း ၁သန်းကျော်ကို ဓါတ်ခွဲနမူနာယူစစ်ဆေးမှုလုပ်ခဲ့ပြီး၊ ရောဂါပိုးရှိတယ်လို့ ဓါတ်ခွဲအတည်ပြုနိုင်သူကတော့ ၁သိန်း ၁သောင်းကျော်သွားပြီဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနတွေနဲ့ တပ်မတော်ဆေးရုံကြီးတွေ အပါအဝင် ပြည်နယ်တိုင်းဆေးရုံကြီးတွေက ဓာတ်ခွဲခန်းတွေကနေ နေ့စဉ်လို စစ်ဆေးမှုတွေကနေ ကိုဗစ်ရောဂါရှိသူတွေကို ရှာဖွေဖော်ထုတ်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အဓိကကတော့ ပြည်ပကပြန်လာသူ၊ ပြည်တွင်းခရီးသွားရာဇဝင်ရှိသူတွေနဲ့ ရောဂါလက္ခဏာ သံသယရှိသူတွေကို ဦးစားပေးစစ်ဆေးပေးနေပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကိုပြောပါတယ်။

" Test ကတော့ ကျနော်တို့ အစပိုင်းတုန်းကတော့ နိုင်ငံခြားကနေ ဝင်ရောက်လာတဲ့သူတွေပေါ့နော်။ နိုင်ငံခြားက ဝင်လာသူတိုင်း အခုထိလည်း ကွာရမ်တင်းဝင်နေရတုန်းပါပဲ။ ကွာရမ်တင်းထဲ ဝင်ရောက်သူတိုင်း ပြည်တွင်း ပြည်ပရှိပါမယ် အဲ့ဒီ့လူတွေကို Test စစ်ပါတယ်။ နံပတ်(၂)ကတော့Contact ကွာရမ်တင်းပေါ့။ အရမ်း နီးကပ်ခဲ့တဲ့ သူတွေပေါ့ Primary Contact အရမ်းဖြစ်ခဲ့တဲ့သူတွေ။ ပြီးတဲ့အခါကျတော့ သူ့မှာ ရောဂါလက္ခဏာ တခုခုပြင်းထန်စွာခံစားနေရတဲ့သူတွေ အဲ့ဒီ့လူတွေကို ကွန်ဖမ်းလုပ်ပါတယ်။ အတည်ပြုစစ်ပါတယ်။ သံသယလူနာတွေ Suspect Cases တွေပေါ့။ ပြီးတဲ့အခါကျရင် စပါယ်ရှယ်ပေါ့ စပါယ်ရှယ်စစ်တာရှိပါတယ်။ ဥပမာ-ကုန်ကားဒရိုင်ဘာတို့လို နောက် ရွေးကောက်ပွဲတုန်းက အထူးရဲတို့လိုပေါ့ ဒါမျိုးတွေကို ကျနော်တို့ စစ်ပေးတဲ့ဟာရှိပါတယ်။ အဲ့ဒီ့တော့ အဓိကအုပ်စုက ၄အုပ်စုလောက်ရှိပါတယ်။ ခရီးသွားကွာရမ်တင်းရယ် Contact ရယ် PUI (Person under investigation ) ရယ် နောက်စပါယ်ရှယ်ကေ့စ်တွေရယ်ပေါ့။ စစ်ဆေးတာကို အဓိက တာဝန်ခံရတဲ့ ဌာနကတော့ အဲ့တာအမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနပေါ့နော်။ သူနဲ့အလားတူကတော့ ဆေးသုတေသန ဦးစားဌာနကတော့ ဦးစီးဌာနကြီးအနေနဲ့ပါ။ အဓိကကတော့ အဲ့ဒီ့ဌာနကြီး ၂ခုက ဦးဆောင်ပါတယ်။ "

လက်ရှိအားဖြင့်တော့ ကိုဗစ်ရောဂါပိုး ဓါတ်ခွဲအတည်ပြု တွေ့ရှိသူနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူတွေ ရောဂါပိုး လက္ခဏာပြသူတွေကို အသွားအလာကန့်သတ်မှုတွေလုပ်တာ၊ သီးခြားခွဲထားတာတွေလုပ်ဆောင်နေချိန်မှာပဲ၊ ဆေးရုံဆေးခန်းတွေ ကွာရမ်တင်းစင်တာတွေမှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေနဲ့ နေရာချထားရေး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ ကျန်းမာရေးဝန်ကြီးဌာနဘက်က စစ်သင့်တဲ့ပြည်သူတိုင်းကို အပြည့်အဝ စစ်ပေးနိုင်ခြေရှိနေပါသလား ဆိုတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ရှင်းပြပါတယ်။

" ကျနော်တို့နေ့စဉ်စစ်နေတာ သောင်းနဲ့ချီပါတယ်ခင်ဗျ။ တချို့ရက်တွေဆို တသောင်းရှစ်ထောင် တသောင်း ကိုးထောင် အဲ့ဒီ့မှာ Positivity Rate ကလည်း ၅% ၆% ၇% ပေါ့ အခုရက်တွေဆို ၆% ပတ်ဝန်းကျင်လောက်ပေါ့ ဒီလောက်စစ်နေတာကို ဒီလောက်ပဲပေါ်တယ်ဆိုတာက ကျနော်တို့ဘက်က စစ်နိုင်တဲ့ Capacity ကို အပြည့်အဝ သုံးပြီး စစ်ပေးနေတယ်ဆိုတာကိုတော့ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ကျနော်တို့ Transparently ပြောလို့ရပါတယ်။ ခုနကလို လူတွေကတော့ အမျိုးမျိုးပြောကြတာပေါ့ဗျာ ကျနော်တို့ ဘယ်လောက်ပဲလုပ်လုပ် အကောင်းပြော မခံရတာတွေလည်းရှိပါတယ်။ ကျေးဇူးတင်ရမှာကတော့ နံပတ်တစ်ကတော့ ပြည်သူတွေပေါ့ လိုက်နာတဲ့ပြည်သူတွေ အများကြီးရှိတယ်ဆိုတာ ကျနော်တို့က ငြင်းလို့မရပါဘူး။ တဘက်ကလည်း ဒီရောဂါ ကာကွယ်ထိန်းချုပ်လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နှီးနွယ်ဝန်ကြီးဌာနဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေ အလှူရှင်တွေ အများကြီးပါပဲ ဒီလူတွေကိုလည်း ကျနော်တို့က ကျေးဇူးအများကြီးတင်ပါတယ်။ စနစ်တကျနဲ့ လူတွေက သတိလေးထားပြီး လိုက်နာပေးကြမယ်ဆိုရင် ဆက်ပြီးတင်းခံနေတဲ့ နေ့စဉ်တွေ့ရှိမှု တထောင်ဝန်းကျင်ဂဏန်းကနေ ဦးကျိုးကျသွားမှာဖြစ်ပါတယ်။ "

ကျန်းမာရေးဝန်ကြီးဌာနက ပိုးရှိ-မရှိ လူထုကြား အခုလက်ရှိစစ်ပေးနေတာနဲ့ စာရင် ဒီ့ထက်ပိုပြီး စစ်ဆေးဖို့ လိုအပ်နေပါတယ်လို့လည်း ဖျားနာကုဆေးခန်း ရန်ကုန်ကွန်ရက်ရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်း ကပြောပါတယ်။

" တကယ်တမ်းက ကျနော့်အမြင်ပေါ့လေ စစ်တာက သိပ်မလုံလောက်သေးဘူး။ တချို့ကျတော့ စစ်ချင်တယ် သိချင်တယ် စစ်လို့မရဘူးဖြစ်နေတယ် အများကြီးပဲ။ အခုကဘာဖြစ်လဲဆိုတော့ Private တွေကို ခွင့်မပြုတော့ စစ်လို့မရဘူးပေါ့နော်။ ကျနော်တို့ Fever Clinic အနေနဲ့ တင်မယ်ဆိုလည်း ဘာမှမဖြစ်ဘူးဆို စစ်လို့မရဘူး အဲ့လိုဖြစ်နေတယ်။ အခုက များများတိုး-စစ်ဖို့လိုတယ် များများတိုးစစ်မှ လူနာများများတွေ့မှာ လူနာတွေအတွက် Manage စောစောစီးစီး လုပ်လို့ရမှာ ကိုယ့်ကိုကိုယ် မလုံမခြုံဖြစ်တဲ့သူတွေလည်း အများကြီးပဲ။ စစ်ချင်တဲ့သူတွေကို ပေးစစ်လိုက်၊ စစ်ခွင့်ပေးလိုက်ပေါ့. ပြီးတော့ မိုဘိုင်းလ် Team ဖွဲ့ြ့ပီး များများစစ်လိုက်ရင် များများ ထွက်လာမယ်ပေါ့နော်။ အခုက System ပြောင်းဖို့လိုနေပြီ။ Containment System ပြောင်းဖို့လိုနေပြီ။ Home Q System တွေ ပြောင်းဖို့လိုနေပြီ များသောအားဖြင့် စင်တာတွေမသွားလိုကြဘူး။ အိမ်မှာပဲနေမယ် စစ်ချင်တယ် သိချင်တယ် အဲ့လိုလူနာတွေများလာတယ် နောက်ပိုင်း။ အခု ကျနော့်အမြင်ကတော့ များများစစ် များများတွေ့ နောက်ဆုံး Q ပေါ်လစီပြောင်းပေါ့နော် အဲ့လိုလေးတွေ ခွဲဖို့လိုအပ်လာပြီ များများစစ်ဖို့လိုအပ်နေပြီပေါ့။"

လက်ရှိမှာတော့ ပြည်သူတိုင်း ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနိုင်ရေးအစီအမံတွေကိုလည်း အခုလက်ရှိ ကျန်းမာရေး ဝန်ကြီးဌာနက မူဝါဒချမှတ် ကြိုတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရကပြောပါတယ်။

အခုလက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု John Hopkins ဆေးတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်၁၉ ကူးစက်မှုအများဆုံးနိုင်ငံအဆင့် ၆၉နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ရက်နေ့ ည ၈နာရီသတင်းထုတ်ပြန်ချက်အရ ၂၄နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း (၂၃,၈၇၄ ခု)- ကနေ (၂,၃၁၉ဦး) အထိ ရောဂါပိုးတွေ့ရှိလို့ အခုဆိုရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်သူပေါင်း ( ၁၁၀,၆၆၇) တသိန်းတသောင်းကျော်အထိ ကူးစက်ခံနေရပြီဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG