သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ ကူးစက္မႈတိုးလာေနတဲ့ ဖားကန္႔ ေနာက္ဆံုးအေျခအေန


ဖားကန္႔ ေျမစာပံုၿပိဳက်တဲ့ျမင္ကြင္း။ (ဇူလိုင္ ၁၄၊ ၂၀၁၈၊ ဓာတ္ပံု- ေဇာ္မိုးထက္)

{{Zawgyi/Unicode}}

ေရမေဆးေက်ာက္တူးသမား ေရႊ႕ေျပာင္းလုပ္သား သိန္းခ်ီရွိေနတဲ့ ကခ်င္ျပည္နယ္ဖားကန္႔ေဒသအတြင္း ကုိဗစ္၁၉ ကာကြယ္ေရး အစီအမံေတြ ပိုတင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္လာေနတဲ့အေၾကာင္း မဆုမြန္ က စုစည္းတင္ျပေပးထားပါတယ္ ။

ကူးစက္ျမန္ကပ္ေရာဂါ ကိုဗစ္ ၁၉ ကူးစက္မႈ လူရာခ်ီ ေတြ႔ရွိလာတဲ့ေနာက္ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ လံုးခင္းေက်းရြာအုပ္စုထဲ အသြားအလာကန္႔သတ္မႈ Lock- Down ခ်ၿပီး ကိုဗစ္အႏၱရာယ္ ထိန္းခ်ဳပ္ ကာကြယ္ႏုိင္ေရး အစီအမံေတြကို တင္းတင္းက်ပ္က်ပ္ ပိုတိုး လုပ္ေဆာင္လိုက္ပါတယ္။ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရးအတြက္ တိုက္နယ္ဆရာဝန္ေတြ က်န္းမာေရးမွဴးေတြနဲ႔ အုပ္ခ်ဳပ္ေရးမွဴး ရပ္မိရပ္ဖေတြ စီမံေဆာင္ရြက္ေနၾကတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုးက ရွင္းျပပါတယ္။

" ဖားကန္႔တၿမိဳ႕နယ္လံုးမွာ အဓိက အေရးၾကီးဆံုးေနရာက လံုးခင္းအုပ္စုပါ။ က်ေနာ္ေနတာလည္း လံုးခင္းမွာေနတာဆိုေတာ့-ေက်းရြာအုပ္စုေပမဲ့ လူဦးေရက တသိန္းဝန္းက်င္ေလာက္ရွိတယ္။ က်ေနာ္တို႔ေဒသအေခၚ ေမွာ္ရြာေတြေပါ့ဗ်ာ - Migrants ေရႊ႕ေျပာင္းေတြ ေရမေဆးေတြ ဒီလိုလူေတြ အမ်ားဆံုးေနၾကတဲ့ ရြာလည္းျဖစ္တယ္။ အခု လက္ရွိ ေရာဂါျဖစ္ပြားေနတဲ့အေနအထားမွာ ပိုးေတြ႔ၿပီဆိုတာနဲ႔ က်ေနာ္တို႔ ေဒသအေနအထားအရ Lock Down ခ်တယ္။ အဆက္အသြယ္ေတြ အကုန္ျဖတ္ထားတယ္ ျဖတ္ၿပီးေတာ့မွ သူတို႔အတြက္ စားဝတ္ေနေရး က်ေနာ္တို႔ဘက္က တတ္ႏိုင္သေလာက္ ပံ့ပိုးကူညီေပး ဒီလိုအားျဖင့္ ေတာက္ေလ်ာက္လုပ္ေပးတယ္။ ေနာက္ဆံုး ဘယ္ေလာက္အထိျဖစ္လာလဲဆိုရင္ ၁၀၀ေက်ာ္ေပါ့ဗ်ာ လံုးခင္းမွာ အဲ့ဒီ့ရပ္ကြက္ေတြ ငါးခုရွိတယ္ -အားလံုးကို ပ်ံ႔ႏွံ႔သြားတယ္ ပိုးက။ က်ေနာ္တို႔ ျပည္နယ္က်န္းမာေရးဌာနကလည္း လံုးခင္းအုပ္စုတခုလံုးကို Lock Down မေန႔က ညေန ၆နာရီကစၿပီး သတ္မွတ္လိုက္တာေပါ့။"

ကိုဗစ္ကူးစက္မႈပိုၿပီးပ်ံ႔ႏွံ႔လာတဲ့အတြက္ ေက်ာက္စိမ္းတြင္းလုပ္ငန္းခြင္ေတြ ေက်ာက္ဝိုင္းေတြ ေစ်းဆိုင္ေတြပါ ပိတ္ခိုင္းလိုက္ၿပီး ေက်းရြာတအုပ္စုကေန တအုပ္စုဆီ သြားလာမႈတားျမစ္ၿပီး ကန္႔သတ္ခ်က္ေတြ ပိုတိုးခ်လိုက္တာပါ။ ျပည္သူေတြ ေနအိမ္မွာပဲေနဖို႔ ညႊန္ၾကားခ်က္ထုတ္လုိက္တာျဖစ္ပါတယ္။ ဒီလိုအေနအထားမွာေတာ့ ဖားကန္႔ေဒသခံေတြနဲ႔ ေရႊ႕ေျပာင္းလုပ္သား ေရမေဆးေက်ာက္ရွာေဖြသူေတြၾကား ေန႔စဥ္စားဝတ္ေနေရး အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့အေျခအေနျဖစ္ေနလို႔ ဝိုင္းဝန္း ကူညီေပးေနၾကတယ္လို႔ ဖားကန္႔အမတ္က ဆက္ေျပာျပပါတယ္။

" ဒီLock Down ဧရိယာမွာရွိတဲ့ လူဦးေရကလည္း အင္မတန္မွ မ်ားတယ္။ က်ေနာ္တို႔အုပ္စု ရြာေပါင္း ၂၀ေက်ာ္ထဲက အခုလက္ရွိပိုးေတြ႔ေနတာက ၇ရြာ ၈ရြာေလာက္ျဖစ္ေနၿပီ။ အဲ့ေတာ့ က်န္တဲ့ရြာေတြကိုပါ ဆက္မကူးစက္ရေအာင္ ကိုယ့္ရြာနဲ႔ကိုယ္ တာဝန္ယူၿပီးေတာ့မွ က်ေနာ္တို႔ ေမာင္းတံဂိတ္ေလးေတြထားတယ္။ က်န္းမာေရးကိစၥနဲ႔ အေရးေပၚကိစၥကေနလြဲလို႔ အျပင္မထြက္ဖို႔၊ ေစ်းေတြကေန ေရာဂါပိုးျဖန္႔တာမ်ိဳးမျဖစ္ေအာင္ ဘယ္လိုထိန္းခ်ဳပ္ၾကမလဲဆိုတာ က်ေနာ္တို႔ဒီေန႔ ေဆြးေႏြးၾကတယ္။ ရပ္မိရပ္ဖေတြ တိုက္နယ္ဆရာဝန္ က်န္းမာေရးမွဴး အကုန္လံုးေပါ့ဗ်ာ အဓိက လံုးခင္းအတြက္ ဘယ္လိုလုပ္ၾကမလဲဆိုတာ တုိင္ပင္ေဆြးေႏြးၾကတယ္။"

ဖားကန္႔ေဒသထဲ ကိုဗစ္ကူးစက္ပ်ံ႔ႏွံ႔လာရင္ ေဒသခံျပည္သူေတြေရာ ေက်ာက္စိမ္းတြင္းထဲ ေရမေဆးေက်ာက္ရွာေဖြသူ ေရႊ႕ေျပာင္းလုပ္သားေတြပါ သိန္းခ်ီ ေနထိုင္ေနၾကတာမို႔ ကူးစက္မႈျဖစ္မွာကို စိုးရိမ္ခဲ့ၾကတာပါ။ အခုလိုျဖစ္ပြားလာခ်ိန္ အသြားအလာကန္႔သတ္မႈေတြ ပိုတိုးလုပ္ေဆာင္လာေပမဲ့ စည္းကမ္းလိုက္နာမႈ အေရးယူေဆာင္ရြက္မႈကေတာ့ အေတာ္ကို အားနည္းေနတယ္လို႔ ဖားကန္႔ေဒသခံ သတင္းသမားကိုေဇာ္မိုးထက္ကေျပာပါတယ္။

" က်ေနာ္တို႔ ဖားကန္႔က ေရႊ႕ေျပာင္းလုပ္သားမ်ားတာကိုး ေရႊ႕ေျပာင္းလုပ္သမားမ်ားတဲ့အျပင္ ပိတ္မိေနသလိုျဖစ္ေနတာေပါ့ အထူးသျဖင့္ ဆိုးတာက ေက်ာက္ဝိုင္းေတြေပါ့။
အခုေနာက္ပိုင္း Second Wave မွာ အမ်ားဆံုးျဖစ္သြားတဲ့ျပႆနာက ေက်ာက္ဝိုင္းပဲ။ အခုလက္ရွိ ကူးစက္ေနတာက ညေက်ာက္ဝိုင္းေတြေၾကာင့္ အဲ့ေလာက္ျဖစ္သြားတာ။ အစိုးရကလည္း ဒီကိစၥအေပၚ ျပတ္ျပတ္သားသား ကိုင္တြယ္ေျဖရွင္းတာမရွိဘူး။ ေျပာခ်င္တာက ျပတ္ျပတ္သားသား အေရးယူေဆာင္ရြက္တာမရွိဘူး။ KTV ကဆိုလည္း ပိုးေတြ႔လူနာရွိတယ္ ဒီအေပၚမွာလည္း အေရးယူတာမရွိဘူး။ ဒီေတာ့ ျပည္သူတဦးခ်င္းစီကပဲ ကိုယ့္အသိစိတ္နဲ႔ကိုယ္ ထိိန္းထိန္းသိမ္းသိမ္းလုပ္မွပဲ က်ေနာ္တို႔ ဖားကန္႔အတြက္ေတာ့ အဆင္ေျပမယ္ထင္တယ္။ ဖားကန္႔မွာ တူးေဖာ္ေရးလုပ္ငန္းေတြလည္း နားထားတယ္ ဆိုေတာ့ အဲ့ေတာ့ ဒီအထဲကလူေတြအေနနဲ႔ေတာ့ က်ပ္တည္းၾကလိမ့္မယ္ ဒီကိုဗစ္နဲ႔ ပတ္သက္ၿပီး သူတို႔ကိုင္တြယ္ပံုေတြကေတာ့ ဖားကန္႔အေနနဲ႔ ေတာ္ေတာ္ေလးကို ေလ်ာ့တိေလ်ာ့ရဲ ႏုိင္တယ္ဗ်။"

ကခ်င္ျပည္နယ္တျပည္နယ္လံုးအတိုင္းအတာနဲ႔ ဒီဇင္ဘာလ ၁၄ရက္ေန႔ ည ၇နာရီ ေနာက္ဆံုးသတင္းထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈေပါင္း ၂၉၆၁၇ ဦးမွာ ၄၂၇ဦးအထိ ပိုးေတြ႔ရွိပါတယ္။ဒီအထဲမွာမွ ဖားကန္႔ေဒသက ၂၇၈ဦးေတြ႔ရွိတဲ့အတြက္ ကခ်င္ျပည္နယ္တြင္း ကိုဗစ္ပိုးေတြ႔လူနာအမ်ားဆံုးေဒသျဖစ္ပါတယ္။

.................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းချီရှိနေတဲ့ ကချင်ပြည်နယ်ဖားကန့်ဒေသအတွင်း ကိုဗစ်၁၉ ကာကွယ်ရေး အစီအမံတွေ ပိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနေတဲ့အကြောင်း မဆုမွန် က စုစည်းတင်ပြပေးထားပါတယ် ။

ကူးစက်မြန်ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်မှု လူရာချီ တွေ့ရှိလာတဲ့နောက် ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုထဲ အသွားအလာကန့်သတ်မှုLock- Down ချပြီး ကိုဗစ်အန္တရာယ် ထိန်းချုပ် ကာကွယ်နိုင်ရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ပိုတိုး လုပ်ဆောင်လိုက်ပါတယ်။ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးအတွက် တိုက်နယ်ဆရာဝန်တွေ ကျန်းမာရေးမှူးတွေနဲ့ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖတွေ စီမံဆောင်ရွက်နေကြတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ရှင်းပြပါတယ်။

" ဖားကန့်တမြို့နယ်လုံးမှာ အဓိက အရေးကြီးဆုံးနေရာက လုံးခင်းအုပ်စုပါ။ ကျနော်နေတာလည်း လုံးခင်းမှာနေတာဆိုတော့-ကျေးရွာအုပ်စုပေမဲ့ လူဦးရေက တသိန်းဝန်းကျင်လောက်ရှိတယ်။ကျနော်တို့ဒေသအခေါ် မှော်ရွာတွေပေါ့ဗျာ - Migrants ရွှေ့ပြောင်းတွေ ရေမဆေးတွေ ဒီလိုလူတွေ အများဆုံးနေကြတဲ့ ရွာလည်းဖြစ်တယ်။ အခု လက်ရှိ ရောဂါဖြစ်ပွားနေတဲ့အနေအထားမှာ ပိုးတွေ့ပြီဆိုတာနဲ့ ကျနော်တို့ ဒေသအနေအထားအရLock Down ချတယ်။ အဆက်အသွယ်တွေ အကုန်ဖြတ်ထားတယ် ဖြတ်ပြီးတော့မှ သူတို့အတွက် စားဝတ်နေရေး ကျနော်တို့ဘက်က တတ်နိုင်သလောက် ပံ့ပိုးကူညီပေး ဒီလိုအားဖြင့် တောက်လျောက်လုပ်ပေးတယ်။ နောက်ဆုံး ဘယ်လောက်အထိဖြစ်လာလဲဆိုရင် ၁၀၀ကျော်ပေါ့ဗျာ လုံးခင်းမှာ အဲ့ဒီ့ရပ်ကွက်တွေ ငါးခုရှိတယ် -အားလုံးကို ပျံ့နှံ့သွားတယ် ပိုးက။ ကျနော်တို့ ပြည်နယ်ကျန်းမာရေးဌာနကလည်း လုံးခင်းအုပ်စုတခုလုံးကိုLock Down မနေ့က ညနေ ၆နာရီကစပြီး သတ်မှတ်လိုက်တာပေါ့။"

ကိုဗစ်ကူးစက်မှုပိုပြီးပျံ့နှံ့လာတဲ့အတွက် ကျောက်စိမ်းတွင်းလုပ်ငန်းခွင်တွေကျောက်ဝိုင်းတွေ ဈေးဆိုင်တွေပါ ပိတ်ခိုင်းလိုက်ပြီး ကျေးရွာတအုပ်စုကနေ တအုပ်စုဆီ သွားလာမှုတားမြစ်ပြီး ကန့်သတ်ချက်တွေ ပိုတိုးချလိုက်တာပါ။ ပြည်သူတွေ နေအိမ်မှာပဲနေဖို့ ညွှန်ကြားချက်ထုတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုအနေအထားမှာတော့ ဖားကန့်ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သား ရေမဆေးကျောက်ရှာဖွေသူတွေကြား နေ့စဉ်စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့အခြေအနေဖြစ်နေလို့ ဝိုင်းဝန်း ကူညီပေးနေကြတယ်လို့ ဖားကန့်အမတ်က ဆက်ပြောပြပါတယ်။

" ဒီLock Down ဧရိယာမှာရှိတဲ့ လူဦးရေကလည်း အင်မတန်မှ များတယ်။ကျနော်တို့အုပ်စု ရွာပေါင်း ၂၀ကျော်ထဲက အခုလက်ရှိပိုးတွေ့နေတာက ၇ရွာ ၈ရွာလောက်ဖြစ်နေပြီ။ အဲ့တော့ ကျန်တဲ့ရွာတွေကိုပါ ဆက်မကူးစက်ရအောင် ကိုယ့်ရွာနဲ့ကိုယ် တာဝန်ယူပြီးတော့မှ ကျနော်တို့မောင်းတံဂိတ်လေးတွေထားတယ်။ကျန်းမာရေးကိစ္စနဲ့ အရေးပေါ်ကိစ္စကနေလွဲလို့ အပြင်မထွက်ဖို့၊ဈေးတွေကနေ ရောဂါပိုးဖြန့်တာမျိုးမဖြစ်အောင် ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာ ကျနော်တို့ဒီနေ့ ဆွေးနွေးကြတယ်။ ရပ်မိရပ်ဖတွေ တိုက်နယ်ဆရာဝန် ကျန်းမာရေးမှူး အကုန်လုံးပေါ့ဗျာ အဓိက လုံးခင်းအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာ တိုင်ပင်ဆွေးနွေးကြတယ်။"

ဖားကန့်ဒေသထဲ ကိုဗစ်ကူးစက်ပျံ့နှံ့လာရင် ဒေသခံပြည်သူတွေရော ကျောက်စိမ်းတွင်းထဲ ရေမဆေးကျောက်ရှာဖွေသူ ရွှေ့ပြောင်းလုပ်သားတွေပါ သိန်းချီ နေထိုင်နေကြတာမို့ ကူးစက်မှုဖြစ်မှာကို စိုးရိမ်ခဲ့ကြတာပါ။ အခုလိုဖြစ်ပွားလာချိန် အသွားအလာကန့်သတ်မှုတွေ ပိုတိုးလုပ်ဆောင်လာပေမဲ့ စည်းကမ်းလိုက်နာမှု အရေးယူဆောင်ရွက်မှုကတော့ အတော်ကို အားနည်းနေတယ်လို့ ဖားကန့်ဒေသခံ သတင်းသမားကိုဇော်မိုးထက်ကပြောပါတယ်။

" ကျနော်တို့ ဖားကန့်က ရွှေ့ပြောင်းလုပ်သားများတာကိုး ရွှေ့ပြောင်းလုပ်သမားများတဲ့အပြင် ပိတ်မိနေသလိုဖြစ်နေတာပေါ့အထူးသဖြင့် ဆိုးတာက ကျောက်ဝိုင်းတွေပေါ့။
အခုနောက်ပိုင်းSecond Wave မှာ အများဆုံးဖြစ်သွားတဲ့ပြဿနာက ကျောက်ဝိုင်းပဲ။ အခုလက်ရှိ ကူးစက်နေတာက ညကျောက်ဝိုင်းတွေကြောင့် အဲ့လောက်ဖြစ်သွားတာ။ အစိုးရကလည်း ဒီကိစ္စအပေါ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းတာမရှိဘူး။ ပြောချင်တာက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တာမရှိဘူး။ KTV ကဆိုလည်း ပိုးတွေ့လူနာရှိတယ် ဒီအပေါ်မှာလည်း အရေးယူတာမရှိဘူး။ဒီတော့ ပြည်သူတဦးချင်းစီကပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းထိန်းသိမ်းသိမ်းလုပ်မှပဲ ကျနော်တို့ ဖားကန့်အတွက်တော့ အဆင်ပြေမယ်ထင်တယ်။ဖားကန့်မှာ တူးဖော်ရေးလုပ်ငန်းတွေလည်း နားထားတယ် ဆိုတော့ အဲ့တော့ ဒီအထဲကလူတွေအနေနဲ့တော့ ကျပ်တည်းကြလိမ့်မယ် ဒီကိုဗစ်နဲ့ ပတ်သက်ပြီး သူတို့ကိုင်တွယ်ပုံတွေကတော့ဖားကန့်အနေနဲ့ တော်တော်လေးကို လျော့တိလျော့ရဲ နိုင်တယ်ဗျ။"

ကချင်ပြည်နယ်တပြည်နယ်လုံးအတိုင်းအတာနဲ့ဒီဇင်ဘာလ ၁၄ရက်နေ့ ည ၇နာရီ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုပေါင်း ၂၉၆၁၇ ဦးမှာ ၄၂၇ဦးအထိ ပိုးတွေ့ရှိပါတယ်။ဒီအထဲမှာမှ ဖားကန့်ဒေသက ၂၇၈ဦးတွေ့ရှိတဲ့အတွက် ကချင်ပြည်နယ်တွင်း ကိုဗစ်ပိုးတွေ့လူနာအများဆုံးဒေသဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG