[Zawgyi/Unicode]
ရခိုင္ျပည္နယ္မွာ တပ္မေတာ္သား အမ်ားအျပားနဲ႔ နီးစပ္သူေတြ ကုိဗစ္ေရာဂါပုိး ကူးစက္ခံထားရသလုိ စစ္ေတြၿမိဳ႕က စစ္ေရွာင္စခန္းမွာလည္း ကူးစက္မႈႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ကုိဗစ္ကပ္ေရာဂါကူးစက္သူေတြထဲ တပ္မေတာ္သား ၅၀ ေလာက္နဲ႔ နီးစပ္သူေတြပါ ပါ၀င္ေၾကာင္း ျပည္နယ္ က်န္းမာေရးဌာနက အတည္ျပဳပါတယ္။ အခုဆုိရင္ ျပည္နယ္တခုလုံးမွာ ကူးစက္သူ အတည္ျပဳလူနာ ၄,၀၀၀ နီးပါး ရွိေနၿပီလုိ႔လည္း ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက လက္ေထာက္ညြန္ၾကားေရးမွဴး ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။
“၈ လပိုင္း ၁၆ ရက္ေန႔ကေန ဒီေန႔အထိ ၃,၉၅၄ ေယာက္ရွိတယ္။ အဲဒီထဲမွာ တပ္မေတာ္သား ၅၀ ယာက္တင္မကဘူး။ သူ႔အသိုင္းအဝိုင္းက သူေတြလည္း အမ်ားႀကီးပါတယ္။ ဒီ ၅၀ က ၁၂ ရက္ေန႔က ေတြ႔တာ ဒီ ၅၀ မတိုင္ခင္ ေရွ႕မွာလည္း အမ်ားႀကီးေတြ႔ခဲ့တာရွိတယ္။”
တပ္မေတာ္သား အတည္ျပဳလူနာေတြကုိေတာ့ စစ္ေတြၿမိဳ႕က တပ္မေတာ္ေဆးရံုမွာ အသြားအလာကန္႔သတ္ထားၿပီး ေစာင့္ၾကည့္ စစ္ေဆးေနတယ္လုိ႔လည္း ေဒါက္တာစိုးဝင္ပိုင္က ေျပာပါတယ္။ ဒါေပမဲ့လည္း တပ္မေတာ္သားေတြ ေရာဂါကူးစက္မႈနဲ႔ ပတ္သက္လုိ႔ တာ၀န္ရွိသူေတြဘက္က သတင္းထုတ္ျပန္တာမရွိသလုိ ျဖစ္ပြားတဲ့ အေၾကာင္းရင္းကုိလည္း ရွင္းရွင္းလင္းလင္း မသိရပါဘူး။
စစ္ေတြၿမိဳ႕မွာပဲ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ တိမ္းေရွာင္ေနရတဲ့ ဒုကၡသည္ေတြ ခုိလႈံရာ ေနရာမွာလည္း ကုိဗစ္ေရာဂါကူးစက္မႈေတြ ေတြ႔ရွိခဲ့ပါတယ္။ စစ္ေတြၿမိဳ႕ ဆုေတာင္းျပည့္ဘုန္းေတာ္ႀကီးေက်ာင္းမွာ ဘုန္းေတာ္ႀကီး တစ္ပါးနဲ႔ ကိုရင္ေလးတစ္ပါး ေရာဂါကူးစက္ခံရေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ စခန္းတစ္ခုလံုးမွာ အသြားအလာ ကန္႔သတ္ထားတယ္လို႔ ဆုေတာင္းျပည့္ေက်ာင္းတိုက္ဆရာေတာ္ ဦးပညာသီရိက မိန္႔ပါတယ္။
“ဒီေန႔ကေတာ့ ေဆးရံုက ဆင္းလာၿပီ၊ ဆရာေတာ္ႀကီးေရာ ကိုရင္ေလးေရာ ဆင္းေတာ့ ဆင္းလာတယ္။ ဒါေပမဲ့ လူေတြနဲ႔ေတာ့ ေတြ႔လို႔မရေသးဘူး။ ကိုရင္ေလးလည္း တစ္ပါးတည္း အခန္းထဲမွာေနရတာေပါ့။ ဆင္းေတာ့ ဆင္းလာၾကတယ္။ အကုန္လံုးေတာ့ အသြားအလာ ပိတ္ပင္ထားတယ္။ စစ္ေရွာင္ေတြေရာ၊ ဦးဇင္းေတြေရာ အကုန္လံုးပဲ။”
တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကိုင္အဖဲြ႔ၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပလက္ဝ စတဲ့ၿမိဳ႕နယ္ေတြက ေနရပ္စြန္႔ခြာ ထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ဦးေရ ၂၀၀ နီးပါးရွိေနတဲ့ ဒုကၡသည္စခန္းမွာ ခုိလႈံေနသူေတြအတြက္ကမၻာ့စားနပ္ရိ ကၡာအစီစဥ္ WFP က တာ၀န္ယူထားေပမဲ့ အခက္အခဲေတြ ႀကံဳေနရခ်ိန္မွာပဲ အခုလုိ ေရာဂါကူးစက္မႈနဲ႔ပါ ႀကံဳေနရတာလုိ႔လည္း ဆရာေတာ္ ဦးပညာသီရိက မိန္႔ပါတယ္။
“အခု အျပင္လည္းမထြက္ရဘူး။ စခန္းတစ္ခုလံုး ကန္႔သတ္ထားတာဆိုေတာ့ အခက္အခဲ ေတာ့ရွိတာေပါ့။ ထမင္းက်ေတာ့ WFP က ေက်ြးတယ္။ ဒါေပမဲ့ အဆင္မေျပတာေလး ေတြေတာ့ ရွိပါတယ္။ သူတို႔ေကြ်းတာနဲ႔ ကိုယ္တို႔စားတာနဲ႔ဆိုေတာ့ အဲဒီလို အဆင္မေျပဘူးေပါ့၊ အဲဒီလိုေလးရွိတာေပါ့။ တခ်ိဳ႕စစ္ေရွာင္ေတြက အလုပ္ထြက္လုပ္ၾကတယ္။ အခုကေတာ့ အလုပ္ထြက္လုပ္လို႔လည္း မရေတာ့ဘူးေပါ့ေနာ္။ အဲဒီလိုျဖစ္ေနတာေပါ့။”
ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ တပ္မေတာ္သားေတြ သာမက ဒုကၡသည္ေတြၾကားမွာပါ ေရာဂါကူးစက္မႈ သတင္းေတြေၾကာင့္ စုိးရိမ္မႈေတြလည္း ထြက္ေပၚလာေနပါတယ္။ တုိက္ပဲြေတြေၾကာင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ကေနထြက္ေျပးလာၿပီး စစ္ေတြၿမိဳ႕မွာ ခုိလႈံေနသူ့ ဦးလွေက်ာ္ေစာကလည္း လူစုလူေ၀းေရွာင္ဖုိ႔ မလြယ္တဲ့ ဒုကၡသည္ေတြၾကား ကပ္ေရာဂါကူးစက္မယ့္ အႏၱရာယ္ကုိ စုိးရိမ္တယ္လုိ႔ ေျပာပါတယ္။
"စိုးရိမ္စိတ္ေတာ့ ရွိတာေပါ့။ စခန္းတစ္ခုမွာေတာ့ လူေတြက စုၿပီးေနရတာကို စိုးရိမ္စရာေတာ့ ရွိတယ္ေလ။ ေလာေလာဆယ္ေတာ့ ဒီမွာက အစားရိကၡာေပါ့၊ ထမင္းေတာ့ ေကြ်းတယ္ေလ... အခက္အခဲဆိုတာကေတာ့ ကိုယ္လိုတဲ့ဟာကို မရေတာ့ဘူးေပါ့။ ဥပမာ ကိုဗစ္ မဟုတ္ဘဲ တျခားဖ်ားတာနာေတြအတြက္ ေဆးေတြဘာေတြ ဝယ္ဖို႔ ပိုက္ဆံမရွိေတာ့ဘူးေပါ့။ စစ္ေရွာင္ဒီစခန္းက ေတာ္ေတာ္ခက္ခဲရွိတယ္။”
ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူ ၁၉၀,၀၀၀ ေက်ာ္အထိရွိေနၿပီး စစ္ေတြၿမိဳ႕မွာဆိုရင္ စစ္ေရွာင္ဦးေရ ၅,၀၀၀ ေက်ာ္အထိ ရွိေနတယ္လို႔ စစ္ေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္အစည္းအရံုး REC က ခန္႔မွန္းထားပါတယ္။
ျမန္မာႏုိင္ငံမွာ တေက်ာ့ျပန္ ကပ္ေရာဂါကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃၄ ေယာက္နဲ႔ ကူးစက္သူ ၄,၀၀၀ နီးပါးရွိေနေၾကာင္းလည္း ျပည္သူ႕က်န္းမာေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
[Unicode Version]
ရခိုင်ဒေသ တပ်မတော်အသိုင်းအဝိုင်းနဲ့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုရှိနေ
ရခိုင်ပြည်နယ်မှာ တပ်မတော်သား အများအပြားနဲ့ နီးစပ်သူတွေ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသလို စစ်တွေမြို့က စစ်ရှောင်စခန်းမှာလည်း ကူးစက်မှုကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်ကပ်ရောဂါကူးစက်သူတွေထဲ တပ်မတော်သား ၅၀ လောက်နဲ့ နီးစပ်သူတွေပါ ပါဝင်ကြောင်း ပြည်နယ် ကျန်းမာရေးဌာနက အတည်ပြုပါတယ်။ အခုဆိုရင် ပြည်နယ်တခုလုံးမှာ ကူးစက်သူ အတည်ပြုလူနာ ၄,၀၀၀ နီးပါး ရှိနေပြီလို့လည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
“၈ လပိုင်း ၁၆ ရက်နေ့ကနေ ဒီနေ့အထိ ၃,၉၅၄ ယောက်ရှိတယ်။ အဲဒီထဲမှာ တပ်မတော်သား ၅၀ ယာက်တင်မကဘူး။ သူ့အသိုင်းအဝိုင်းက သူတွေလည်း အများကြီးပါတယ်။ ဒီ ၅၀ က ၁၂ ရက်နေ့က တွေ့တာ ဒီ ၅၀ မတိုင်ခင် ရှေ့မှာလည်း အများကြီးတွေ့ခဲ့တာရှိတယ်။”
တပ်မတော်သား အတည်ပြုလူနာတွေကိုတော့ စစ်တွေမြို့က တပ်မတော်ဆေးရုံမှာ အသွားအလာကန့်သတ်ထားပြီး စောင့်ကြည့် စစ်ဆေးနေတယ်လို့လည်း ဒေါက်တာစိုးဝင်ပိုင်က ပြောပါတယ်။ ဒါပေမဲ့လည်း တပ်မတော်သားတွေ ရောဂါကူးစက်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်တာမရှိသလို ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
စစ်တွေမြို့မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ခိုလှုံရာ နေရာမှာလည်း ကိုဗစ်ရောဂါကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။ စစ်တွေမြို့ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီး တစ်ပါးနဲ့ ကိုရင်လေးတစ်ပါး ရောဂါကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီးနောက် စခန်းတစ်ခုလုံးမှာ အသွားအလာ ကန့်သတ်ထားတယ်လို့ ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော် ဦးပညာသီရိက မိန့်ပါတယ်။
“ဒီနေ့ကတော့ ဆေးရုံက ဆင်းလာပြီ၊ ဆရာတော်ကြီးရော ကိုရင်လေးရော ဆင်းတော့ ဆင်းလာတယ်။ ဒါပေမဲ့ လူတွေနဲ့တော့ တွေ့လို့မရသေးဘူး။ ကိုရင်လေးလည်း တစ်ပါးတည်း အခန်းထဲမှာနေရတာပေါ့။ ဆင်းတော့ ဆင်းလာကြတယ်။ အကုန်လုံးတော့ အသွားအလာ ပိတ်ပင်ထားတယ်။ စစ်ရှောင်တွေရော၊ ဦးဇင်းတွေရော အကုန်လုံးပဲ။”
တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား စစ်ရေးပဋိပက္ခတွေကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပလက်ဝ စတဲ့မြို့နယ်တွေက နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေ ၂၀၀ နီးပါးရှိနေတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေအတွက်ကမ္ဘာ့စားနပ်ရိ က္ခာအစီစဉ် WFP က တာဝန်ယူထားပေမဲ့ အခက်အခဲတွေ ကြုံနေရချိန်မှာပဲ အခုလို ရောဂါကူးစက်မှုနဲ့ပါ ကြုံနေရတာလို့လည်း ဆရာတော် ဦးပညာသီရိက မိန့်ပါတယ်။
“အခု အပြင်လည်းမထွက်ရဘူး။ စခန်းတစ်ခုလုံး ကန့်သတ်ထားတာဆိုတော့ အခက်အခဲ တော့ရှိတာပေါ့။ ထမင်းကျတော့ WFP က ကျွေးတယ်။ ဒါပေမဲ့ အဆင်မပြေတာလေး တွေတော့ ရှိပါတယ်။ သူတို့ကျွေးတာနဲ့ ကိုယ်တို့စားတာနဲ့ဆိုတော့ အဲဒီလို အဆင်မပြေဘူးပေါ့၊ အဲဒီလိုလေးရှိတာပေါ့။ တချို့စစ်ရှောင်တွေက အလုပ်ထွက်လုပ်ကြတယ်။ အခုကတော့ အလုပ်ထွက်လုပ်လို့လည်း မရတော့ဘူးပေါ့နော်။ အဲဒီလိုဖြစ်နေတာပေါ့။”
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တပ်မတော်သားတွေ သာမက ဒုက္ခသည်တွေကြားမှာပါ ရောဂါကူးစက်မှု သတင်းတွေကြောင့် စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကနေထွက်ပြေးလာပြီး စစ်တွေမြို့မှာ ခိုလှုံနေသူ့ ဦးလှကျော်စောကလည်း လူစုလူဝေးရှောင်ဖို့ မလွယ်တဲ့ ဒုက္ခသည်တွေကြား ကပ်ရောဂါကူးစက်မယ့် အန္တရာယ်ကို စိုးရိမ်တယ်လို့ ပြောပါတယ်။
"စိုးရိမ်စိတ်တော့ ရှိတာပေါ့။ စခန်းတစ်ခုမှာတော့ လူတွေက စုပြီးနေရတာကို စိုးရိမ်စရာတော့ ရှိတယ်လေ။ လောလောဆယ်တော့ ဒီမှာက အစားရိက္ခာပေါ့၊ ထမင်းတော့ ကျွေးတယ်လေ... အခက်အခဲဆိုတာကတော့ ကိုယ်လိုတဲ့ဟာကို မရတော့ဘူးပေါ့။ ဥပမာ ကိုဗစ် မဟုတ်ဘဲ တခြားဖျားတာနာတွေအတွက် ဆေးတွေဘာတွေ ဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူးပေါ့။ စစ်ရှောင်ဒီစခန်းက တော်တော်ခက်ခဲရှိတယ်။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁၉၀,၀၀၀ ကျော်အထိရှိနေပြီး စစ်တွေမြို့မှာဆိုရင် စစ်ရှောင်ဦးရေ ၅,၀၀၀ ကျော်အထိ ရှိနေတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး REC က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ တကျော့ပြန် ကပ်ရောဂါကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၄ ယောက်နဲ့ ကူးစက်သူ ၄,၀၀၀ နီးပါးရှိနေကြောင်းလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။