သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna ကုိဗစ္ကာကြယ္ေဆး ကန္ FDA မၾကာခင္ အတည္ျပဳေပးေတာ့မည္


Moderna vaccine

{{Zawgyi/Unicode}}

အေရးေပၚ အသံုးျပဳဖို႔အတြက္ ပထမဆံုး ကာကြယ္ေဆးအျဖစ္ ခြင့္ျပဳခ်က္နဲ႔အတူ အေမရိကန္ေဆးရံုေတြမွာ အဂၤါေန႔က COVID-19 ကာကြယ္ေဆးထိုးေပးတာေတြကို တိုးျမွင့္လိုက္သလို၊ ေနာက္ထပ္ ဒုတိယကာကြယ္ေဆး ခြင့္ျပဳဖို႔အတြက္လည္း တာ၀န္ရွိသူေတြဘက္က သံုးသပ္ေနပါတယ္။အေမရိကန္မွာ အဆိုးရြာဆံုးျဖစ္လာတဲ့ အက်ပ္အတည္းကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ အခုလို ကာကြယ္ေဆးေတြ အေရးေပၚခြင့္ျပဳေရး FDA အစားအစာနဲ႔ေဆး၀ါး ကြပ္ကဲေရးဌာနက စီမံေဆာင္ရြက္ေနတာပါ။

အေမရိကန္ ေဆး၀ါးကုမၸဏီႀကီးျဖစ္တဲ့ Moderna နဲ႔ National Institution of Health အေမရိကန္ အမ်ဳိးသား က်န္းမာေရးဌာန တို႔ ပူးေပါင္းတီထြင္ ထုတ္လုပ္ထားတဲ့ COVID-19 ကာကြယ္ေဆးကို ႀကိဳတင္ပဏာမ စစ္ေဆးသံုးသပ္ခ်က္ေတြအရ လံုၿခံဳစိတ္ခ်ၿပီး ထိေရာက္မႈရွိတာေတြ႕ရတယ္လို႔ FDA က အဂၤါေန႔က အတည္ျပဳေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အခုလို FDA ရဲ႕သံုးသပ္အတည္ျပဳခ်က္ဟာ Moderna ကာကြယ္ေဆးကို တရား၀င္ခြင့္ျပဳခ်က္ရဖို႔ ပိုမိုနီးစပ္လာေစတာပါ။ လက္ရွိ အေမရိကန္ ေဆးရံုေတြမွာ ၿပီးခဲ့တဲ့ သီတင္းပတ္က FDA ကေန အေရးေပၚအသံုးျပဳဖို႔ ခြင့္ျပဳခ်က္ေပးခဲ့တဲ့ Pfizer နဲ႔ BioNTech တို႔က ထုတ္တဲ့ ကာကြယ္ေဆးေတြကို တိုးျမွင့္ အသံုးျပဳေနပါတယ္။

လာမယ့္ ၾကာသာပေတးေန႔မွာ Moderna ကာကြယ္ေဆး နဲ႔ ပတ္သက္လို႔ျပင္ပကြ်မ္းက်င္သူေတြပါတဲ့ အႀကံေပးေကာ္မတီကေန ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္မွာျဖစ္ပါတယ္။ အဲဒီေနာက္ မၾကာခင္အခ်ိန္ပိုင္းမွာ FDA က ေနာက္ဆံုး ဆံုးျဖတ္ခ်က္ကို ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါအျပင္ အဂၤါေန႔က ထုတ္ျပန္တဲ့ Moderna ကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ FDA ရဲ႕ေၾကညာခ်က္မွာ စိုးရိမ္ပူပန္မႈအသစ္ တစံုတရာထူးထူးျခားျခားရွိတာမ်ဳိး ေဖၚျပထားျခင္း မရွိပါဘူး။

.............................................

lll
please wait
Embed

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္


{{Unicode}}

အရေးပေါ် အသုံးပြုဖို့အတွက် ပထမဆုံး ကာကွယ်ဆေးအဖြစ် ခွင့်ပြုချက်နဲ့အတူ အမေရိကန်ဆေးရုံတွေမှာ အင်္ဂါနေ့က COVID-19 ကာကွယ်ဆေးထိုးပေးတာတွေကို တိုးမြှင့်လိုက်သလို၊ နောက်ထပ် ဒုတိယကာကွယ်ဆေး ခွင့်ပြုဖို့အတွက်လည်း တာဝန်ရှိသူတွေဘက်က သုံးသပ်နေပါတယ်။အမေရိကန်မှာ အဆိုးရွာဆုံးဖြစ်လာတဲ့ အကျပ်အတည်းကို တိုက်ဖျက်နိုင်ဖို့အတွက် အခုလို ကာကွယ်ဆေးတွေ အရေးပေါ်ခွင့်ပြုရေး FDA အစားအစာနဲ့ဆေးဝါး ကွပ်ကဲရေးဌာနက စီမံဆောင်ရွက်နေတာပါ။

အမေရိကန် ဆေးဝါးကုမ္ပဏီကြီးဖြစ်တဲ့ Moderna နဲ့ National Institution of Health အမေရိကန် အမျိုးသား ကျန်းမာရေးဌာန တို့ ပူးပေါင်းတီထွင် ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ကြိုတင်ပဏာမ စစ်ဆေးသုံးသပ်ချက်တွေအရ လုံခြုံစိတ်ချပြီး ထိရောက်မှုရှိတာတွေ့ရတယ်လို့ FDA က အင်္ဂါနေ့က အတည်ပြုကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုလို FDA ရဲ့သုံးသပ်အတည်ပြုချက်ဟာ Moderna ကာကွယ်ဆေးကို တရားဝင်ခွင့်ပြုချက်ရဖို့ ပိုမိုနီးစပ်လာစေတာပါ။ လက်ရှိ အမေရိကန် ဆေးရုံတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က FDA ကနေ အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ပေးခဲ့တဲ့ Pfizer နဲ့ BioNTech တို့က ထုတ်တဲ့ ကာကွယ်ဆေးတွေကို တိုးမြှင့် အသုံးပြုနေပါတယ်။

လာမယ့် ကြာသာပတေးနေ့မှာ Moderna ကာကွယ်ဆေး နဲ့ ပတ်သက်လို့ပြင်ပကျွမ်းကျင်သူတွေပါတဲ့ အကြံပေးကော်မတီကနေ ဆုံးဖြတ်ချက်တွေ ချမှတ်မှာဖြစ်ပါတယ်။ အဲဒီနောက် မကြာခင်အချိန်ပိုင်းမှာ FDA က နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါအပြင် အင်္ဂါနေ့က ထုတ်ပြန်တဲ့ Moderna ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ FDA ရဲ့ကြေညာချက်မှာ စိုးရိမ်ပူပန်မှုအသစ် တစုံတရာထူးထူးခြားခြားရှိတာမျိုး ဖေါ်ပြထားခြင်း မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG