သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID-19 ကာကြယ္ေဆး ထိုးႏွံေရး စတင္


Pfizer-BioNTech ကုိဗစ္ကာကြယ္ေဆး။ (ဒီဇင္ဘာ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံသားေတြကုိ ဒီဇင္ဘာ ၁၄ ရက္ တနလၤာေန႔ကစလို႔ ကိုဗစ္ကာကြယ္ေဆး ထိုးေပးတာ့မွာ ျဖစ္ပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

မီရွီဂန္ျပည္နယ္ ကာလမာဇူးၿမိဳ႕ Pfizer စက္႐ုံကေန Pfizer-BioNTech ကုိဗစ္ကာကြယ္ေဆးေတြကို တနဂၤေႏြေန႔မွာပဲ စတင္သယ္ယူ ပို႔ေဆာင္ေနၿပီး တနလၤာေန႔ကစလို႔ ကာကြယ္ေဆးေတြ ရၾကေတာ့မွာပါ။

ဒီကာကြယ္ေဆးထိုးရမယ့္ အစီအစဥ္ ပထမအသုတ္ထဲမွာ ပါဝင္တဲ့ ေမရီလန္းျပည္နယ္ Frederick Memorial ေဆး႐ုံမွာ တာဝန္က်ေနတဲ့ ကူးစက္ေရာဂါဆိုင္ရာ အထူးကုဆရာဝန္ ေဒါက္တာ ခိုင္ဇင္စန္းက ခုလိုရွင္းျပပါတယ္။

“က်မတို႔က ပထမအသုတ္ထဲမွာပါတယ္။ ဘာလို႔ဆို က်မက ကူးစက္ေရာဂါ အထူးကု ျဖစ္တဲ့အခါက်ေတာ့ ကိုဗစ္လူနာေတြကို ေန႔တုိင္းလိုလို ၾကည့္ေနရေတာ့ ပထမအသုတ္ထဲမွာ ပါတယ္ေပါ့။ အခု ဒီ Pfizer ကထြက္တဲ့ COVID-19 ကာကြယ္ေဆးကေတာ့ ၂ ခါထုိးရမွာေပါ့ေလ၊ 2 doses။ ပထမတခါ ထုိးရမယ္၊ ၿပီးရင္ ေနာက္ထပ္ ၃ ပတ္အၾကာမွာ တခါထိုးရမယ္ေပါ့။ ဒီဟာက ကာကြယ္ေဆးအသစ္ ျဖစ္တာကလည္း တေၾကာင္းဆိုေတာ့ စိတ္ထဲမွာ ဘာေတြကို ေမွ်ာ္လင့္ထားရမလဲဆိုၿပီး ႀကဳိေတြးမိတာေတာ့ ရွိပါတယ္။

“အဓိကေတာ့ သူတို႔ရဲ႕ သုေတသနလုပ္ထားတဲ့ ရလဒ္ေတြေပါ့ေလ၊ အဲဒီဟာေတြကို ျပန္ၾကည့္လိုက္တဲ့အခါမွာ သူက ေတာ္ေတာ္ေလးကို အႏၱရာယ္ကင္းပါတယ္။ အရမ္း ဆိုးဆိုးဝါးဝါး ေဘးထြက္ဆိုးက်ဳိးေတြလည္း မရွိဘူးဆိုေတာ့ စိတ္က အရမ္းမပူပါဘူး။ အဓိက ေဘးထြက္ဆိုးက်ဳိးအေနနဲ႔ ျဖစ္ႏိုင္တာကေတာ့ မ်ားေသာအားျဖင့္ ကိုယ္ပူလာတာတုိ႔၊ ေခါင္းမူးတာတုိ႔၊ ႏုံးခ်ိတာေပါ့ေနာ္၊ အဲလိုမ်ဳိး အေအးမိသလိုမ်ဳိး လကၡဏာေတြကို ခံစားရႏိုင္တယ္။ ေဆးထိုးထားတဲ့ေနရာမွာ နာက်င္တာတုိ႔ အနီေရာင္အကြက္ေတြ ထတာတို႔ အဲလိုမ်ဳိးေတာ့ ျဖစ္ႏုိင္တယ္။ ဒါေပမယ့္လည္း တျခား ဆိုးဆိုးရြားရြားႀကီးေတာ့လည္း သူတို႔ သုေတသန စာတမ္းမွာ တင္ျပထားတာ မေတြ႔ရပါဘူး။”

ကာကြယ္ေဆး ျဖန္႔ေဝေပးတဲ့ အစီအစဥ္နဲ႔ပတ္သက္ၿပီး သမၼတ Donald Trump ရဲ႕ ကာကြယ္ေဆး တီထြင္ထုတ္လုပ္ ျဖန္႔ျဖဴးမႈ Operation Warp Speed အစီအစဥ္ ဦးေဆာင္သူ ၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး Gustave Perna က စေနေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားပါတယ္။

“အေမရိကန္ႏုိင္ငံတလႊားက ေနရာ ၁၄၅ ခုကုိ တနလၤာေန႔ ကုိဗစ္ကာကြယ္ေဆးေတြ ေရာက္ရွိလာမွာပါ။ အဂၤါေန႔က်ရင္လည္း ေနာက္ထပ္ ၄၂၅ ေနရာကို ေရာက္ပါမယ္။ ေနာက္ဆုံး ၆၆ ေနရာကိုေတာ့ ဗုဒၶဟူးေန႔ ေရာက္ၿပီးရင္ Pfizer-BioNTech ကာကြယ္ထိုးေဆး ကနဦးျဖန္႔ျဖဴးမႈ ရပ္နားပါမယ္။”

အေမရိကန္ျပည္သူေတြအားလုံး ကိုဗစ္ကာကြယ္ေဆး ရလိမ့္မယ္လို႔ အျပည့္အဝ သူယုံၾကည္ေၾကာင္း ဗုိလ္ခ်ဳပ္ႀကီး Gus Perna က သတင္းေထာက္ေတြကို ေျပာပါတယ္။ ဒီကာကြယ္ေဆး စျဖန္႔တဲ့ လုပ္ငန္းစဥ္ကို ဒုတိယကမၻာစစ္တုန္းက ေအာင္ပဲြရေအာင္ တုိက္ခဲ့တဲ့ D-Day ကမ္းေျခတက္တုိက္ပဲြနဲ႔ ခိုင္းႏႈိင္းၿပီး ဗိုလ္ခ်ဳပ္ႀကီး Gustave Perna က ေျပာခဲ့ပါတယ္။

ပထမအသုတ္အေနနဲ႔ အေမရိကန္ ၃ သန္းနီးပါးကို ေဆး စထိုးေပးမွာပါ။ ကာကြယ္ေဆးထုိးရမယ့္သူေတြထဲမွာ ဆရာဝန္၊ သူနာျပဳနဲ႔ က်န္းမာေရးဝန္ထမ္းေတြ၊ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာက လူေတြကို ဦးစားေပးထုိးေပးဖုိ႔ အစိုးရက်န္းမာေရးဌာနက အႀကံေပးထားပါတယ္။ ဒါေပမယ့္ ဘယ္သူေတြကို အရင္ထုိးေပးမလဲ ဆိုတာကေတာ့ သက္ဆုိင္ရာ ျပည္နယ္ေတြရဲ႕ ဆုံးျဖတ္ခ်က္က အတည္ျဖစ္ပါတယ္။

အခုခ်ိန္ထိေတာ့ Pfizer ကာကြယ္ေဆးက ၉၅ ရာခုိင္ႏႈန္းအထိ ထိေရာက္မႈရွိတာ ေတြ႔ရေပမယ့္ ေဆးဝါးနဲ႔ အလြယ္တကူ ဓာတ္မတည့္သူေတြကေတာ့ ဒီကာကြယ္ေဆး မထုိးသင့္ေသးဘူးလို႔ FDA ေခၚ အေမရိကန္ အစားေသာက္နဲ႔ ေဆးဝါးအကဲျဖတ္ႀကီးၾကပ္မႈဌာနက အႀကံေပးထားပါတယ္။

ဒါ့ေၾကာင့္ ဒီကာကြယ္ေဆးထိုးတဲ့အခါ ႀကဳံလာရႏိုင္တဲ့ အခက္အခဲေတြကိုလည္း ေမွ်ာ္လင့္ထားတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီး Gustave Perna က ေျပာပါတယ္။

“က်ေနာ္တို႔ ေအာင္ပဲြခံမယ္လို႔ေတာ့ မေျပာလိုေသးပါဘူး။ ေရွ႕မွာ အခက္အခဲေတြ ရင္ဆိုင္ရမယ္ဆိုတာ သိပါတယ္။ မေမွ်ာ္လင့္ထားတာေတြလည္း ႀကဳံလာႏိုင္တယ္ဆိုေပမယ့္ အားလုံး အတူတကြ အေျဖရွာၿပီး ျပႆနာကို စုေပါင္းေျဖရွင္းတဲ့နည္းနဲ႔ ခ်ဥ္းကပ္သြားမွာပါ။”

Pfizer ကာကြယ္ေဆးကို အႏုတ္ဒီဂရီ ၇၀ စင္တီဂရိတ္မွာ ေအးခဲ သိုေလွာင္ထားရတာပါ။ အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေၾကာင့္ လူ ၃ သိ္န္းနီးပါး ေသဆုံးခဲ့ရၿပီး ကူးစက္သူ စုစုေပါင္း ၁၆ သန္းေက်ာ္ ရွိလာသလို ၿပီးခဲ့တဲ့ သီတင္းပတ္ေတြထဲ တရက္အတြင္း ကူးစက္မႈႏႈန္းက လူ ၂,၀၀၀ ကေန ၃,၀၀၀ ၾကား ျမင့္တက္လာတဲ့အတြက္ အခုလို ကာကြယ္ေဆးထိုးမယ့္ အစီအစဥ္ ျဖစ္လာရတာပါ။

Pfizer-BioNTech ကာကြယ္ေဆးကုိ အေမရိကန္ႏိုင္ငံမွာ အသုံးျပဳဖို႔ ေသာၾကာေန႔တုန္းက ခြင့္ျပဳလုိက္တဲ့အတြက္ အေမရိကန္ဟာ ကမၻာမွာ Pfizer ကုိဗစ္ကာကြယ္ေဆးသုံးတဲ့ ၆ ခုေျမာက္ႏိုင္ငံ ျဖစ္လာပါတယ္။

အေမရိကန္မွာ COVID-19 ကာကြယ္ေဆး ထိုးႏွံေရး စတင္
please wait

No media source currently available

0:00 0:03:52 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်

အမေရိကန်နိုင်ငံသားတွေကို ဒီဇင်ဘာ ၁၄ ရက် တနင်္လာနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတာ့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

မီရှီဂန်ပြည်နယ် ကာလမာဇူးမြို့ Pfizer စက်ရုံကနေ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးတွေကို တနင်္ဂနွေနေ့မှာပဲ စတင်သယ်ယူ ပို့ဆောင်နေပြီး တနင်္လာနေ့ကစလို့ ကာကွယ်ဆေးတွေ ရကြတော့မှာပါ။

ဒီကာကွယ်ဆေးထိုးရမယ့် အစီအစဉ် ပထမအသုတ်ထဲမှာ ပါဝင်တဲ့ မေရီလန်းပြည်နယ် Frederick Memorial ဆေးရုံမှာ တာဝန်ကျနေတဲ့ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ခိုင်ဇင်စန်းက ခုလိုရှင်းပြပါတယ်။

“ကျမတို့က ပထမအသုတ်ထဲမှာပါတယ်။ ဘာလို့ဆို ကျမက ကူးစက်ရောဂါ အထူးကု ဖြစ်တဲ့အခါကျတော့ ကိုဗစ်လူနာတွေကို နေ့တိုင်းလိုလို ကြည့်နေရတော့ ပထမအသုတ်ထဲမှာ ပါတယ်ပေါ့။ အခု ဒီ Pfizer ကထွက်တဲ့ COVID-19 ကာကွယ်ဆေးကတော့ ၂ ခါထိုးရမှာပေါ့လေ၊ 2 doses။ ပထမတခါ ထိုးရမယ်၊ ပြီးရင် နောက်ထပ် ၃ ပတ်အကြာမှာ တခါထိုးရမယ်ပေါ့။ ဒီဟာက ကာကွယ်ဆေးအသစ် ဖြစ်တာကလည်း တကြောင်းဆိုတော့ စိတ်ထဲမှာ ဘာတွေကို မျှော်လင့်ထားရမလဲဆိုပြီး ကြိုတွေးမိတာတော့ ရှိပါတယ်။

“အဓိကတော့ သူတို့ရဲ့ သုတေသနလုပ်ထားတဲ့ ရလဒ်တွေပေါ့လေ၊ အဲဒီဟာတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူက တော်တော်လေးကို အန္တရာယ်ကင်းပါတယ်။ အရမ်း ဆိုးဆိုးဝါးဝါး ဘေးထွက်ဆိုးကျိုးတွေလည်း မရှိဘူးဆိုတော့ စိတ်က အရမ်းမပူပါဘူး။ အဓိက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်နိုင်တာကတော့ များသောအားဖြင့် ကိုယ်ပူလာတာတို့၊ ခေါင်းမူးတာတို့၊ နုံးချိတာပေါ့နော်၊ အဲလိုမျိုး အအေးမိသလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်တယ်။ ဆေးထိုးထားတဲ့နေရာမှာ နာကျင်တာတို့ အနီရောင်အကွက်တွေ ထတာတို့ အဲလိုမျိုးတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း တခြား ဆိုးဆိုးရွားရွားကြီးတော့လည်း သူတို့ သုတေသန စာတမ်းမှာ တင်ပြထားတာ မတွေ့ရပါဘူး။”

ကာကွယ်ဆေး ဖြန့်ဝေပေးတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သမ္မတ Donald Trump ရဲ့ ကာကွယ်ဆေး တီထွင်ထုတ်လုပ် ဖြန့်ဖြူးမှု Operation Warp Speed အစီအစဉ် ဦးဆောင်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး Gustave Perna က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အမေရိကန်နိုင်ငံတလွှားက နေရာ ၁၄၅ ခုကို တနင်္လာနေ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိလာမှာပါ။ အင်္ဂါနေ့ကျရင်လည်း နောက်ထပ် ၄၂၅ နေရာကို ရောက်ပါမယ်။ နောက်ဆုံး ၆၆ နေရာကိုတော့ ဗုဒ္ဓဟူးနေ့ ရောက်ပြီးရင် Pfizer-BioNTech ကာကွယ်ထိုးဆေး ကနဦးဖြန့်ဖြူးမှု ရပ်နားပါမယ်။”

အမေရိကန်ပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ရလိမ့်မယ်လို့ အပြည့်အဝ သူယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး Gus Perna က သတင်းထောက်တွေကို ပြောပါတယ်။ ဒီကာကွယ်ဆေး စဖြန့်တဲ့ လုပ်ငန်းစဉ်ကို ဒုတိယကမ္ဘာစစ်တုန်းက အောင်ပွဲရအောင် တိုက်ခဲ့တဲ့ D-Day ကမ်းခြေတက်တိုက်ပွဲနဲ့ ခိုင်းနှိုင်းပြီး ဗိုလ်ချုပ်ကြီး Gustave Perna က ပြောခဲ့ပါတယ်။

ပထမအသုတ်အနေနဲ့ အမေရိကန် ၃ သန်းနီးပါးကို ဆေး စထိုးပေးမှာပါ။ ကာကွယ်ဆေးထိုးရမယ့်သူတွေထဲမှာ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာက လူတွေကို ဦးစားပေးထိုးပေးဖို့ အစိုးရကျန်းမာရေးဌာနက အကြံပေးထားပါတယ်။ ဒါပေမယ့် ဘယ်သူတွေကို အရင်ထိုးပေးမလဲ ဆိုတာကတော့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်။

အခုချိန်ထိတော့ Pfizer ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတာ တွေ့ရပေမယ့် ဆေးဝါးနဲ့ အလွယ်တကူ ဓာတ်မတည့်သူတွေကတော့ ဒီကာကွယ်ဆေး မထိုးသင့်သေးဘူးလို့ FDA ခေါ် အမေရိကန် အစားသောက်နဲ့ ဆေးဝါးအကဲဖြတ်ကြီးကြပ်မှုဌာနက အကြံပေးထားပါတယ်။

ဒါ့ကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အခါ ကြုံလာရနိုင်တဲ့ အခက်အခဲတွေကိုလည်း မျှော်လင့်ထားတယ်လို့ ဗိုလ်ချုပ်ကြီး Gustave Perna က ပြောပါတယ်။

“ကျနော်တို့ အောင်ပွဲခံမယ်လို့တော့ မပြောလိုသေးပါဘူး။ ရှေ့မှာ အခက်အခဲတွေ ရင်ဆိုင်ရမယ်ဆိုတာ သိပါတယ်။ မမျှော်လင့်ထားတာတွေလည်း ကြုံလာနိုင်တယ်ဆိုပေမယ့် အားလုံး အတူတကွ အဖြေရှာပြီး ပြဿနာကို စုပေါင်းဖြေရှင်းတဲ့နည်းနဲ့ ချဉ်းကပ်သွားမှာပါ။”

Pfizer ကာကွယ်ဆေးကို အနုတ်ဒီဂရီ ၇၀ စင်တီဂရိတ်မှာ အေးခဲ သိုလှောင်ထားရတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် လူ ၃ သိန်းနီးပါး သေဆုံးခဲ့ရပြီး ကူးစက်သူ စုစုပေါင်း ၁၆ သန်းကျော် ရှိလာသလို ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ တရက်အတွင်း ကူးစက်မှုနှုန်းက လူ ၂,၀၀၀ ကနေ ၃,၀၀၀ ကြား မြင့်တက်လာတဲ့အတွက် အခုလို ကာကွယ်ဆေးထိုးမယ့် အစီအစဉ် ဖြစ်လာရတာပါ။

Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ အသုံးပြုဖို့ သောကြာနေ့တုန်းက ခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်ဟာ ကမ္ဘာမှာ Pfizer ကိုဗစ်ကာကွယ်ဆေးသုံးတဲ့ ၆ ခုမြောက်နိုင်ငံ ဖြစ်လာပါတယ်။

XS
SM
MD
LG