သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပ အိႏၵိယလယ္သမားေတြ အစိုးရနဲ႔ေဆြးေႏြးဖို႔ သေဘာတူၾကၿပီ


နယူးေဒလီၿမိဳ႕မွာ ဆႏၵျပေနၾကတဲ့ အိႏၵိယလယ္သမားမ်ား။ (ဒီဇင္ဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယရဲ႕ စိုက္ပ်ိဳးေရး ဥပေဒသစ္ ၃ ခုဟာ လယ္သမားေတြရဲ႕ အသက္ေမြးဝမ္းေက်ာင္း အလုပ္အကိုင္ေတြကုိ ၿခိမ္းေျခာက္ေနတယ္ဆိုၿပီး ကန္႔ကြက္ ဆႏၵျပေနၾကတဲ့ လယ္သမားေတြနဲ႔ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေတြ လာမယ့္ အဂၤါေန႔မွာ ေတြ႔ဆံုဖို႔ သေဘာတူထားေၾကာင္း လယ္သမားမ်ားသမဂၢ ေခါင္းေဆာင္ေတြက ေျပာပါတယ္။

“လယ္သမားေတြရဲ႕ ေတာင္းဆိုခ်က္ေတြကို တလြဲ အဓိပၸါယ္ေကာက္ယူတာမ်ိဳး မလုပ္ဖို႔၊ ေနာက္ အစိုးရ ယႏၱရားေတြကို သံုးၿပီး လယ္သမားေတြကို ဆန္႔က်င္ ဝါဒျဖန္႔ေနတာေတြလည္း မလုပ္ဖို႔လိုပါတယ္” လို႔ တက္ႂကြလႈပ္ရွားသူ Yogendra Yadav က ေျပာဆိုခဲ့တာပါ။

နယူးေဒလီၿမိဳ႕ေတာ္ အစြန္ပိုင္းမွာ လယ္သမားေတြက အခ်ိန္ျပည့္ ထိုင္သပိတ္ ဆင္ႏႊဲေနတာျဖစ္ၿပီး ေတြ႔ဆံုေဆြးေႏြးၾကဖို႔ ဝန္ႀကီးခ်ဳပ္ Narendra Modi က ၾကာသပေတးေန႔မွာ ကမ္းလွမ္းခဲ့တာပါ။

စိုက္ပ်ိဳးေရးဥပေဒသစ္ေတြကို ႐ုပ္သိမ္းေပးဖို႔ လယ္သမားသမဂၢေတြက ေတာင္းဆိုေနၾကတာပါ။ ၿပီးခဲ့တဲ့ စက္တင္ဘာလက ျပ႒ာန္းလိုက္တဲ့ စိုက္ပ်ိဳးေရး ဥပေဒေတြအရ လယ္သမားေတြအေနနဲ႔ လယ္ယာထြက္ကုန္ေတြကို အစိုးရက ထိန္းေက်ာင္းေပးေနတဲ့ ေစ်းကြက္ေတြမွာပဲ ေရာင္းခ်ေနရမႈေတြ လြတ္ကင္းသြားၿပီး လြတ္လပ္စြာ ေရာင္းဝယ္ခြင့္ရမွာလို႔ အစိုးရက ေျပာဆိုေနတာပါ။

ဒါေပမယ့္လည္း လယ္သမားေတြကေတာ့ အစိုးရက ထိန္းေက်ာင္းေပးေနတဲ့ ေစ်းကြက္ေတြ ဖ်က္ပစ္ၿပီး အစိုးရဘက္က အာမခံေစ်းႏႈန္းတရပ္နဲ႔ ဆန္နဲ႔ ဂ်ံဳ ဝယ္ယူမႈ ရပ္ပစ္လိုက္မယ့္အေရးကို စိုးရိမ္ၿပီး ဒီဥပေဒသစ္ေတြ ျပန္႐ုပ္သိမ္းဖို႔ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဆန္ဒပြ အိန္ဒိယလယ်သမားတွေ အစိုးရနဲ့ဆွေးနွေးဖို့ သဘောတူကြပြီ

အိန္ဒိယရဲ့ စိုက်ပျိုးရေး ဥပဒေသစ် ၃ ခုဟာ လယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေတယ်ဆိုပြီး ကန့်ကွက် ဆန္ဒပြနေကြတဲ့ လယ်သမားတွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လာမယ့် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ သဘောတူထားကြောင်း လယ်သမားများသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။

“လယ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တလွဲ အဓိပ္ပါယ်ကောက်ယူတာမျိုး မလုပ်ဖို့၊ နောက် အစိုးရ ယန္တရားတွေကို သုံးပြီး လယ်သမားတွေကို ဆန့်ကျင် ဝါဒဖြန့်နေတာတွေလည်း မလုပ်ဖို့လိုပါတယ်” လို့ တက်ကြွလှုပ်ရှားသူ Yogendra Yadav က ပြောဆိုခဲ့တာပါ။

နယူးဒေလီမြို့တော် အစွန်ပိုင်းမှာ လယ်သမားတွေက အချိန်ပြည့် ထိုင်သပိတ် ဆင်နွှဲနေတာဖြစ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ဝန်ကြီးချုပ် Narendra Modi က ကြာသပတေးနေ့မှာ ကမ်းလှမ်းခဲ့တာပါ။

စိုက်ပျိုးရေးဥပဒေသစ်တွေကို ရုပ်သိမ်းပေးဖို့ လယ်သမားသမဂ္ဂတွေက တောင်းဆိုနေကြတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြဋ္ဌာန်းလိုက်တဲ့ စိုက်ပျိုးရေး ဥပဒေတွေအရ လယ်သမားတွေအနေနဲ့ လယ်ယာထွက်ကုန်တွေကို အစိုးရက ထိန်းကျောင်းပေးနေတဲ့ ဈေးကွက်တွေမှာပဲ ရောင်းချနေရမှုတွေ လွတ်ကင်းသွားပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရမှာလို့ အစိုးရက ပြောဆိုနေတာပါ။

ဒါပေမယ့်လည်း လယ်သမားတွေကတော့ အစိုးရက ထိန်းကျောင်းပေးနေတဲ့ ဈေးကွက်တွေ ဖျက်ပစ်ပြီး အစိုးရဘက်က အာမခံဈေးနှုန်းတရပ်နဲ့ ဆန်နဲ့ ဂျုံ ဝယ်ယူမှု ရပ်ပစ်လိုက်မယ့်အရေးကို စိုးရိမ်ပြီး ဒီဥပဒေသစ်တွေ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG