သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယက လယ္ယာ ဥပေဒသစ္နဲ႔ အစိုးရ ကိုင္တြယ္မႈ


(Zawgyi/Unicode)

အိႏၵိယ လယ္သမားေတြထံက အစိုးရရဲ႕ ရာသီေပၚ ဆန္ အသစ္ ၀ယ္ယူမႈက ေအာက္တိုဘာ လကုန္မွာ ၂၁ ရာခိုင္ႏႈန္းထိ တိုးလာပါတယ္။ လယ္သမားေတြထံက ႏွံစား သီးႏွံေတြကို အာမခံ ေစ်းႏႈန္းနဲ႔ မ၀ယ္ေတာ့ဘူးလို႔ ဆိုတဲ႔ စိုက္ပ်ိဳးေရးဆိုင္ရာ ဥပေဒသစ္ေတြေၾကာင့္ စိုးရိမ္ေနၾကတဲ႔ လယ္သမားေတြကို ႏွစ္သိမ္႔ဖို႔ အစိုးရရဲ႕ ေဆာင္ရြက္ခ်က္လည္း ျဖစ္ပါတယ္။

အိႏၵိယ လယ္သမားေတြ အေနနဲ႔ လက္လီ လုပ္ငန္းႀကီးေတြနဲ႔ လက္ကား ၀ယ္ယူသူေတြထံကို တိုက္ရိုက္ ေရာင္းခ်ႏုိင္မယ့္ စိုက္ပ်ိဳးေရး ဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြကို မၾကာေသးခင္ကဘဲ အတည္ျပဳထား ေပမယ့္ လယ္သမားေတြကေတာ့ ဆန္႔က်င္ ကန္႔ကြက္ခဲ႔ၾကတာပါ။

ဥပေဒသစ္အရ အစိုးရ အေနနဲ႔ ႏွံစား သီးႏွံေတြကို အာမခံ ေစ်းႏႈန္း တရပ္နဲ႔ ဆက္ၿပီး မ၀ယ္ဖို႔ အခြင့္အလမ္း ျဖစ္သြားေစၿပီး ပုဂၢလိက ၀ယ္လက္ေတြ ေပးသမွ် ေစ်းႏႈန္းဘဲ လယ္သမားေတြ ရေတာ့မွာ ျဖစ္တယ္လို႔ ေျပာဆိုၾကပါတယ္။ ဆန္ အသစ္ေတြ စၿပီး ေပၚလာၿပီ ျဖစ္တဲ႔ ၿပီးခဲ႔တဲ႔ စင္တင္ဘာလ ေနာက္ဆံုပတ္ ကေန ေအာက္တိုဘာ လကုန္ အထိ အစိုးရ ဌာနေတြက ဆန္တန္ခ်ိန္ ၂၀ ဒသမ ၄၆ သန္း ၀ယ္ယူခဲ႔ၿပီး ျဖစ္ပါတယ္။ ဒီ ပမာဏဟာဆိုရင္ အရင္ႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ ၂၁ ရာ ခိုင္ႏႈန္းထိ ၀ယ္ယူမႈ ပိုမ်ားလာတာ ျဖစ္တယ္လို႔ အစိုးရက တနလာၤေန႔မွာ ေျပာဆိုထားပါတယ္။

စိုက္ပ်ိဳးထုတ္လုပ္မႈ စံခ်ိန္တင္ တိုးလာဖို႔ ရွိတဲ႔ အိႏၵိယမွာ အစိုးရက ပမာဏ တိုးၿပီး ၀ယ္ယူတာေၾကာင့္ ဆန္ေစ်းႏႈန္းကို အနိမ့္ဆံုး ေစ်းသတ္မွတ္ခ်က္ထက္ က် မသြားေအာင္ ထိန္းထားႏုိင္မွာ ျဖစ္ေပမယ့္လည္း အစိုးရ ေထာက္ပံ႔ထားတဲ႔ ၀ယ္လက္ အိႏၵိယ ရိကၡာ ေကာ္ပိုေရးရွင္း FCI အတြက္ေတာ့ ဘ႑ာေရးပိုင္း အခက္ေတြ႔ေစပါတယ္။

အခု ၀ယ္တဲ႔ ဆန္တန္ခ်ိန္ သန္း ၂၀ ေက်ာ္ထဲမွာ အမ်ားစု ျဖစ္တဲ႔ ဆန္တန္ခ်ိန္ ၁၄ သန္းေက်ာ္ကိုေတာ့ ပန္ဂ်ပ္ ျပည္နယ္ထဲက အမ်ားဆံုး၀ယ္ယူတာပါ။ ပန္ဂ်ပ္ ျပည္နယ္က အစိုးရရဲ႕ စိုက္ပ်ိဳးေရး ဥပေဒသစ္ကို အဓိက ဆန္႔က်င္ကန္႔ကြက္ေနတာ ျဖစ္ပါတယ္။

အိႏၵိယက လယ္ယာ ဥပေဒသစ္နဲ႔ အစိုးရ ကိုင္တြယ္မႈ
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္


............

(Unicode)

အိန္ဒိယ လယ်သမားတွေထံက အစိုးရရဲ့ ရာသီပေါ် ဆန် အသစ် ဝယ်ယူမှုက အောက်တိုဘာ လကုန်မှာ ၂၁ ရာခိုင်နှုန်းထိ တိုးလာပါတယ်။ လယ်သမားတွေထံက နှံစား သီးနှံတွေကို အာမခံ ဈေးနှုန်းနဲ့ မဝယ်တော့ဘူးလို့ ဆိုတဲ့ စိုက်ပျိုးရေးဆိုင်ရာ ဥပဒေသစ်တွေကြောင့် စိုးရိမ်နေကြတဲ့ လယ်သမားတွေကို နှစ်သိမ့်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။

အိန္ဒိယ လယ်သမားတွေ အနေနဲ့ လက်လီ လုပ်ငန်းကြီးတွေနဲ့ လက်ကား ဝယ်ယူသူတွေထံကို တိုက်ရိုက် ရောင်းချနိုင်မယ့် စိုက်ပျိုးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို မကြာသေးခင်ကဘဲ အတည်ပြုထား ပေမယ့် လယ်သမားတွေကတော့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာပါ။

ဥပဒေသစ်အရ အစိုးရ အနေနဲ့ နှံစား သီးနှံတွေကို အာမခံ ဈေးနှုန်း တရပ်နဲ့ ဆက်ပြီး မဝယ်ဖို့ အခွင့်အလမ်း ဖြစ်သွားစေပြီး ပုဂ္ဂလိက ဝယ်လက်တွေ ပေးသမျှ ဈေးနှုန်းဘဲ လယ်သမားတွေ ရတော့မှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဆန် အသစ်တွေ စပြီး ပေါ်လာပြီ ဖြစ်တဲ့ ပြီးခဲ့တဲ့ စင်တင်ဘာလ နောက်ဆုံပတ် ကနေ အောက်တိုဘာ လကုန် အထိ အစိုးရ ဌာနတွေက ဆန်တန်ချိန် ၂၀ ဒသမ ၄၆ သန်း ဝယ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ပမာဏဟာဆိုရင် အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၁ ရာ ခိုင်နှုန်းထိ ဝယ်ယူမှု ပိုများလာတာ ဖြစ်တယ်လို့ အစိုးရက တနလာၤနေ့မှာ ပြောဆိုထားပါတယ်။

စိုက်ပျိုးထုတ်လုပ်မှု စံချိန်တင် တိုးလာဖို့ ရှိတဲ့ အိန္ဒိယမှာ အစိုးရက ပမာဏ တိုးပြီး ဝယ်ယူတာကြောင့် ဆန်ဈေးနှုန်းကို အနိမ့်ဆုံး ဈေးသတ်မှတ်ချက်ထက် ကျ မသွားအောင် ထိန်းထားနိုင်မှာ ဖြစ်ပေမယ့်လည်း အစိုးရ ထောက်ပံ့ထားတဲ့ ဝယ်လက် အိန္ဒိယ ရိက္ခာ ကော်ပိုရေးရှင်း FCI အတွက်တော့ ဘဏ္ဍာရေးပိုင်း အခက်တွေ့စေပါတယ်။

အခု ဝယ်တဲ့ ဆန်တန်ချိန် သန်း ၂၀ ကျော်ထဲမှာ အများစု ဖြစ်တဲ့ ဆန်တန်ချိန် ၁၄ သန်းကျော်ကိုတော့ ပန်ဂျပ် ပြည်နယ်ထဲက အများဆုံးဝယ်ယူတာပါ။ ပန်ဂျပ် ပြည်နယ်က အစိုးရရဲ့ စိုက်ပျိုးရေး ဥပဒေသစ်ကို အဓိက ဆန့်ကျင်ကန့်ကွက်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG