သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယလယ္သမားေတြ လယ္ယာဥပေဒသစ္အေပၚ ဆႏၵျပ


လယ္ယာေျမဥပေဒသစ္အေပၚ နယူးေဒလီၿမိဳ႕မွာ ဆႏၵျပေနၾကတဲ့ အိႏၵိယလယ္သမားမ်ား။ (ႏုိဝင္ဘာ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ လယ္ယာစိုက္ပ်ဳိးေရးက႑အေပၚ ကန္႔သတ္ခ်က္ေတြ ဖယ္ရွားလိုက္တဲ့ အစိုးရရဲ႕ ဥပေဒသစ္အေပၚ မေက်နပ္တာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ လယ္သမားေတြ နယူးေဒလီၿမိဳ႕မွာ ဒီေန႔ တနဂၤေႏြေန႔မွာလည္း ဆက္ၿပီး ဆႏၵျပေနၾကပါတယ္။

ခုလို လယ္သမားေတြ မေက်မနပ္ျဖစ္ေနတဲ့ ကိစၥအတြက္ ဆႏၵျပေခါင္းေဆာင္ေတြ လယ္သမားသမဂၢအဖြဲ႔ေတြနဲ႔ ဒီဇင္ဘာ ၃ ရက္ ေဆြးေႏြးဖို႔ ဖိတ္ေခၚထားတယ္လို႔ အစိုးရက ေျပာပါတယ္။

ဥပေဒျပ႒ာန္းခ်က္ အသစ္ေတြအရ လယ္သမားေတြအေနနဲ႔ သူတို႔ လယ္ယာထြက္ကုန္ေတြကို ဝယ္လက္ႀကီးေတြ အပါအဝင္ ဘယ္သူ႔ကိုမဆို ေရာင္းခ်ႏိုင္တာပါ။

လက္ရွိမွာ သူတို႔ထြက္ကုန္ေတြကို အစိုးရ လက္ကားေစ်းေတြကို တင္သြင္းရတာျဖစ္ၿပီး ဒီအေပၚ အနည္းဆုံးေစ်း သတ္မွတ္ခ်က္အာမခံ ရွိပါတယ္။ ဥေပဒသစ္အရ ေစ်းကြက္မွာ လြတ္လြတ္လပ္လပ္ ေရာင္းခ်ႏိုင္မယ္လို႔ အစိုးရက ေျပာေပမယ့္ ေစ်းကြက္အၿပိဳင္အဆိုင္ျဖစ္လာရင္ သူတို႔ထြက္ကုန္ေတြကို ေစ်းေပါေပါနဲ႔ ေရာင္းလိုက္ရတာမ်ဳိး ျဖစ္ႏုိင္တဲ့အေပၚ တႏိုင္တပိုင္ လယ္လုပ္ငန္းလုပ္ကိုင္တဲ့ သူေတြက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

လယ္ယာစိုက္ပ်ဳိးေရးဆုိင္ရာ ျပဳျပင္ေျပာင္းလဲတဲ့အေနနဲ႔ ျပ႒ာန္းခ်က္အသစ္ေတြကို ဝန္ႀကီးခ်ဳပ္ Narendra Modi က စက္တင္ဘာလတုန္းက စၿပီး မိတ္ဆက္ခဲ့တာပါ။ ဒီလို အသစ္ျပင္ဆင္မႈေတြကေန လယ္သမားေတြ ရပိုင္ခြင့္နဲ႔ အခြင့္အေရးအသစ္ေတြ ရႏုိင္လိမ့္မယ္လို႔ Modi က ဒီကေန႔ ေရဒီယိုကေျပာၾကားတဲ့ မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

အိႏၵိယလယ္သမားေတြ လယ္ယာဥပေဒသစ္အေပၚ ဆႏၵျပ
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အိန္ဒိယလယ်သမားတွေ လယ်ယာဥပဒေသစ်အပေါ် ဆန္ဒပြ

အိန္ဒိယနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့ အစိုးရရဲ့ ဥပဒေသစ်အပေါ် မကျေနပ်တာကြောင့် ထောင်နဲ့ချီတဲ့ လယ်သမားတွေ နယူးဒေလီမြို့မှာ ဒီနေ့ တနင်္ဂနွေနေ့မှာလည်း ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

ခုလို လယ်သမားတွေ မကျေမနပ်ဖြစ်နေတဲ့ ကိစ္စအတွက် ဆန္ဒပြခေါင်းဆောင်တွေ လယ်သမားသမဂ္ဂအဖွဲ့တွေနဲ့ ဒီဇင်ဘာ ၃ ရက် ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်လို့ အစိုးရက ပြောပါတယ်။

ဥပဒေပြဋ္ဌာန်းချက် အသစ်တွေအရ လယ်သမားတွေအနေနဲ့ သူတို့ လယ်ယာထွက်ကုန်တွေကို ဝယ်လက်ကြီးတွေ အပါအဝင် ဘယ်သူ့ကိုမဆို ရောင်းချနိုင်တာပါ။

လက်ရှိမှာ သူတို့ထွက်ကုန်တွေကို အစိုးရ လက်ကားဈေးတွေကို တင်သွင်းရတာဖြစ်ပြီး ဒီအပေါ် အနည်းဆုံးဈေး သတ်မှတ်ချက်အာမခံ ရှိပါတယ်။ ဥပေဒသစ်အရ ဈေးကွက်မှာ လွတ်လွတ်လပ်လပ် ရောင်းချနိုင်မယ်လို့ အစိုးရက ပြောပေမယ့် ဈေးကွက်အပြိုင်အဆိုင်ဖြစ်လာရင် သူတို့ထွက်ကုန်တွေကို ဈေးပေါပေါနဲ့ ရောင်းလိုက်ရတာမျိုး ဖြစ်နိုင်တဲ့အပေါ် တနိုင်တပိုင် လယ်လုပ်ငန်းလုပ်ကိုင်တဲ့ သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲတဲ့အနေနဲ့ ပြဋ္ဌာန်းချက်အသစ်တွေကို ဝန်ကြီးချုပ် Narendra Modi က စက်တင်ဘာလတုန်းက စပြီး မိတ်ဆက်ခဲ့တာပါ။ ဒီလို အသစ်ပြင်ဆင်မှုတွေကနေ လယ်သမားတွေ ရပိုင်ခွင့်နဲ့ အခွင့်အရေးအသစ်တွေ ရနိုင်လိမ့်မယ်လို့ Modi က ဒီကနေ့ ရေဒီယိုကပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG