(Zawgyi / Unicode)
အိႏိၵယမွာ ဆႏၵျပလယ္သမားေတြနဲ႔ အစိုးရအၾကား ညိႇႏိႈင္းေဆြးေႏြးပြဲေတြ ထပ္ပ်က္သြားခဲ့ျပန္ပါတယ္။
ခုလိုပ်က္သြားအၿပီးမွာ လယ္သမားေတြဘက္ကေတာ့ အစိုးရ စိုက္ပ်ိဳးေရးဥပေဒသစ္ေတြကို ဆက္ဆန္႔က်င္ဆႏၵျပတာေတြကို တိုးျမႇင့္ၿပီး နယူးေဒလီၿမိဳ႕ေတာ္ အျပင္ထြက္ အေဝးေျပးလမ္းမႀကီးေတြကို ဆက္ပိတ္ဆို႔ထားမယ္လို႔ ေႂကြးေၾကာ္လိုက္ပါတယ္။
ေဆြးေႏြးညႇိႏႈိင္းပြဲမွာ အစိုးရဘက္ကေန သီးႏွံေစ်းႏႈန္း ေလွ်ာ့ခ်သတ္မွတ္တဲ့ ဒီဥပေဒထဲ အျငင္းအခံု ျဖစ္ေနတာတခ်ိဳ႕ကို ျပင္ဆင္ေပးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ လယ္သမားေတြဘက္ကေတာ့ ဒီဥပေဒတခုလံုးကို ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
လယ္သမားေခါင္းေဆာင္ Kripal Signh က “အစိုးရက ဒါ ေကာင္းတဲ့ဥပေဒလို႔ ဆက္တင္းခံေနတယ္။ ဒါေပမယ့္ ဒီဥပေဒမွာ အမွားေတြပါေနတာကို က်ေနာ္တုိ႔ ထပ္ေထာက္ျပခဲ့ပါတယ္။ သူတို႔ဘက္ကလည္း ၿငိမ္သြားတယ္။ က်ေနာ္တုိ႔ဘက္ကလည္း ဆက္ၿငိမ္ဖို႔ သႏၷိ႒ာန္ခ်ၿပီး အခုလို ဒီဥပေဒကို ဖ်က္မလား၊ မဖ်က္ဘူးလား ေျဖပါလို႔ စာသားေတြပါတဲ့ ဆိုင္းဘုတ္ေတြ ေထာင္ျပေနရတာပါ” လို႔ ဟိႏၵဴဘာသာနဲ႔ ေျပာသြားတာပါ။
ဒါေပမယ့္ ေရွ႕အပတ္ ဗုဒၶဟူးေန႔မွာေတာ့ ေနာက္ထပ္ ျပန္ေဆြးေႏြးၾကဖို႔ ႏွစ္ဖက္လံုးက ျပင္ဆင္ထားၾကပါတယ္။
ေထာင္နဲ႔ခ်ီတဲ့ လယ္သမားေတြက ဒီဥပေဒသစ္ေၾကာင့္ သူတို႔သီးႏွံေစ်းႏႈန္းေတြ ပ်က္ကုန္ၿပီး ဝင္ေငြနည္းသြားမယ္လို႔ ညည္းညဴၿပီး နယူးေဒလီၿမိဳ႕ေတာ္ ဆင္ေျခဖံုးက လမ္းမႀကီးေတြကို ၁၀ ရက္ၾကာ ပိတ္ဆို႔ ဆႏၵျပလာေနခဲ့တာပါ။
ဝန္ႀကီးခ်ဳပ္ Narendra Modi အစိုးရဘက္ကေတာ့ ဒီဥပေဒသစ္ေၾကာင့္ လယ္သမားေတြအေနနဲ႔ ေစ်းကြက္မွာ ထြက္ကုန္ေတြကို ေရာင္းခ်ႏုိင္ၿပီး ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံမႈကေနတဆင့္ ထုတ္လုပ္မႈ ပိုအားေကာင္းလာႏုိင္တယ္လို႔ ဆိုေပမယ့္ လယ္သမားေတြက သူတို႔ကို ခုလို ႀကိဳမတိုင္ပင္ခဲ့ဘူးလို႔ ဆိုပါတယ္။
--------------------
(Unicode)
အိန္ဒိယအစိုးရနဲ့ ဆန္ဒပြလယ်သမားတွေ ညှိနှိုင်းမှုပျက်ပြား
အိန္ဒိယမှာ ဆန္ဒပြလယ်သမားတွေနဲ့ အစိုးရအကြား ညှိနှိုင်းဆွေးနွေးပွဲတွေ ထပ်ပျက်သွားခဲ့ပြန်ပါတယ်။
ခုလိုပျက်သွားအပြီးမှာ လယ်သမားတွေဘက်ကတော့ အစိုးရ စိုက်ပျိုးရေးဥပဒေသစ်တွေကို ဆက်ဆန့်ကျင်ဆန္ဒပြတာတွေကို တိုးမြှင့်ပြီး နယူးဒေလီမြို့တော် အပြင်ထွက် အဝေးပြေးလမ်းမကြီးတွေကို ဆက်ပိတ်ဆို့ထားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။
ဆွေးနွေးညှိနှိုင်းပွဲမှာ အစိုးရဘက်ကနေ သီးနှံဈေးနှုန်း လျှော့ချသတ်မှတ်တဲ့ ဒီဥပဒေထဲ အငြင်းအခုံ ဖြစ်နေတာတချို့ကို ပြင်ဆင်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လယ်သမားတွေဘက်ကတော့ ဒီဥပဒေတခုလုံးကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
လယ်သမားခေါင်းဆောင် Kripal Signh က “အစိုးရက ဒါ ကောင်းတဲ့ဥပဒေလို့ ဆက်တင်းခံနေတယ်။ ဒါပေမယ့် ဒီဥပဒေမှာ အမှားတွေပါနေတာကို ကျနော်တို့ ထပ်ထောက်ပြခဲ့ပါတယ်။ သူတို့ဘက်ကလည်း ငြိမ်သွားတယ်။ ကျနော်တို့ဘက်ကလည်း ဆက်ငြိမ်ဖို့ သန္နိဋ္ဌာန်ချပြီး အခုလို ဒီဥပဒေကို ဖျက်မလား၊ မဖျက်ဘူးလား ဖြေပါလို့ စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေ ထောင်ပြနေရတာပါ” လို့ ဟိန္ဒူဘာသာနဲ့ ပြောသွားတာပါ။
ဒါပေမယ့် ရှေ့အပတ် ဗုဒ္ဓဟူးနေ့မှာတော့ နောက်ထပ် ပြန်ဆွေးနွေးကြဖို့ နှစ်ဖက်လုံးက ပြင်ဆင်ထားကြပါတယ်။
ထောင်နဲ့ချီတဲ့ လယ်သမားတွေက ဒီဥပဒေသစ်ကြောင့် သူတို့သီးနှံဈေးနှုန်းတွေ ပျက်ကုန်ပြီး ဝင်ငွေနည်းသွားမယ်လို့ ညည်းညူပြီး နယူးဒေလီမြို့တော် ဆင်ခြေဖုံးက လမ်းမကြီးတွေကို ၁၀ ရက်ကြာ ပိတ်ဆို့ ဆန္ဒပြလာနေခဲ့တာပါ။
ဝန်ကြီးချုပ် Narendra Modi အစိုးရဘက်ကတော့ ဒီဥပဒေသစ်ကြောင့် လယ်သမားတွေအနေနဲ့ ဈေးကွက်မှာ ထွက်ကုန်တွေကို ရောင်းချနိုင်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကနေတဆင့် ထုတ်လုပ်မှု ပိုအားကောင်းလာနိုင်တယ်လို့ ဆိုပေမယ့် လယ်သမားတွေက သူတို့ကို ခုလို ကြိုမတိုင်ပင်ခဲ့ဘူးလို့ ဆိုပါတယ်။