(Zawgyi / Unicode)
ဥေရာပႏုိင္ငံ အေတာ္မ်ားမ်ား ဒီကေန႔ တနဂၤေႏြေန႔မွာ COVID-19 ကာကြယ္ေဆး စၿပီး ထိုးႏွံေပးေနၿပီျဖစ္ပါတယ္။ အီတလီႏိုင္ငံမွာ သူနာျပဳတဦး၊ တကၠသိုလ္ ပါေမာကၡတဦးနဲ႔ ဆရာဝန္တဦးတို႔ကို ေရာမၿမိဳ႕ ေဆး႐ုံတခုမွာ ပထမဆုံး ကာကြယ္ေဆး ထိုးေပးခဲ့ပါတယ္။
စပိန္မွာေတာ့ Guadalajara မွာရွိတဲ့ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာမွာ စၿပီး ကာကြယ္ေဆး ထိုးေပးခဲ့တာပါ။ ခ်က္သမၼတႏိုင္ငံမွာ ပထမအသုတ္ ကာကြယ္ေဆးထိုးခံတဲ့ သူေတြထဲ ဝန္ႀကီးခ်ဳပ္ Andrej Babis လည္း ပါဝင္ပါတယ္။
ဂ်ာမနီမွာေတာ့ အသက္ ၁၀၁ ႏွစ္ ရွိၿပီျဖစ္တဲ့ အဘြားကို သူေနထိုင္ရာ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာမွာ ပထမဆုံး ကာကြယ္ေဆးကို စေနေန႔က ထိုးေပးခဲ့ပါတယ္။
ဥေရာပႏိုင္ငံ အေတာ္မ်ားမ်ားအတြက္ Pfizer-BioNTech ကာကြယ္ေဆး ပထမအသုတ္ ၁၀,၀၀၀ တင္ပို႔ဖို႔ ကန္႔သတ္ထားတာပါ။ ႏုိင္ငံေတြအေနနဲ႔ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ကာကြယ္ေဆး ထိုးေပးမွာျဖစ္ၿပီး ေရာဂါကူးစက္ႏိုင္ေခ် အခြင့္အလမ္းမ်ားတဲ့ သူေတြကို ဦးစားေပး ထိုးႏွံေပးသြားမွာ ျဖစ္ပါတယ္။
ပိုၿပီးကူးစက္လြယ္သလို ပိုၿပီး အႏၲရာယ္ေပးႏိုင္တဲ့ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ ႏိုင္ငံတခ်ိဳ႕ကို ပ်ံ႕ႏွံ႔လာေနတဲ့ အခ်ိန္မွာပဲ ဥေရာပႏိုင္ငံေတြမွာ အခုလို ကာကြယ္ေဆးေတြကို စၿပီး ထိုးႏွံေပးေနတာလည္း ျဖစ္ပါတယ္။
ဒီ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္က နဂိုထက္ ၅၀ ရာခိုင္ႏႈန္းကေန ၇၄ ရာခိုင္ႏႈန္း ပိုၿပီး ကူးစက္ျမန္တာ ေတြ႔ရတယ္လို႔ လန္ဒန္ တကိုယ္ေရသန္႔ရွင္းေရးနဲ႔ အပူပိုင္းဆိုင္ရာ ေရာဂါမ်ားဆိုင္ရာ တကၠသိုလ္တခုက ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။
--------------------------
(Unicode)
ဥရောပနိုင်ငံများ ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်
ဥရောပနိုင်ငံ အတော်များများ ဒီကနေ့ တနင်္ဂနွေနေ့မှာ COVID-19 ကာကွယ်ဆေး စပြီး ထိုးနှံပေးနေပြီဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ သူနာပြုတဦး၊ တက္ကသိုလ် ပါမောက္ခတဦးနဲ့ ဆရာဝန်တဦးတို့ကို ရောမမြို့ ဆေးရုံတခုမှာ ပထမဆုံး ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
စပိန်မှာတော့ Guadalajara မှာရှိတဲ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ စပြီး ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။ ချက်သမ္မတနိုင်ငံမှာ ပထမအသုတ် ကာကွယ်ဆေးထိုးခံတဲ့ သူတွေထဲ ဝန်ကြီးချုပ် Andrej Babis လည်း ပါဝင်ပါတယ်။
ဂျာမနီမှာတော့ အသက် ၁၀၁ နှစ် ရှိပြီဖြစ်တဲ့ အဘွားကို သူနေထိုင်ရာ သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ ပထမဆုံး ကာကွယ်ဆေးကို စနေနေ့က ထိုးပေးခဲ့ပါတယ်။
ဥရောပနိုင်ငံ အတော်များများအတွက် Pfizer-BioNTech ကာကွယ်ဆေး ပထမအသုတ် ၁၀,၀၀၀ တင်ပို့ဖို့ ကန့်သတ်ထားတာပါ။ နိုင်ငံတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပြီး ရောဂါကူးစက်နိုင်ချေ အခွင့်အလမ်းများတဲ့ သူတွေကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ပိုပြီးကူးစက်လွယ်သလို ပိုပြီး အန္တရာယ်ပေးနိုင်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ နိုင်ငံတချို့ကို ပျံ့နှံ့လာနေတဲ့ အချိန်မှာပဲ ဥရောပနိုင်ငံတွေမှာ အခုလို ကာကွယ်ဆေးတွေကို စပြီး ထိုးနှံပေးနေတာလည်း ဖြစ်ပါတယ်။
ဒီ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က နဂိုထက် ၅၀ ရာခိုင်နှုန်းကနေ ၇၄ ရာခိုင်နှုန်း ပိုပြီး ကူးစက်မြန်တာ တွေ့ရတယ်လို့ လန်ဒန် တကိုယ်ရေသန့်ရှင်းရေးနဲ့ အပူပိုင်းဆိုင်ရာ ရောဂါများဆိုင်ရာ တက္ကသိုလ်တခုက လေ့လာချက်မှာ ဖော်ပြထားပါတယ်။