သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇေျပာင္း Covid ဗိုင္းရပ္စ္ေၾကာင့္ ၿဗိတိန္အေပၚ တားဆီးပိတ္ပင္မႈ EU ျပန္လည္႐ုတ္သိမ္း


ျပင္သစ္ကို ေရလက္ၾကားေအာက္ လိႈင္ေခါင္းကားလမ္းေပၚတြင္း ၿဗိတိန္ကုန္တင္ကားမ်ားျမင္ကြင္း (ဒီဇင္ဘာလ၊၂၂၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ၿဗိတိန္နိုင္ငံမွာ ေတြ႕ရွိခဲ့တဲ့ Covid-19 မ်ိဳးဗီဇဖြဲ႕စည္းပုံ ဆင့္ကဲေျပာင္း ဗိုင္းရပ္စ္ပိုးကိစၥ ကမၻာ့က်န္းမာေရးအဖြဲ႕WHOကၽြမ္းက်င္သူေတြ ဂ်ီနီဗာၿမိဳ႕မွာ ေဆြးေႏြးေနခ်ိန္မွာပဲ ၿဗိတိန္နိုင္ငံအေပၚ ကန္႔သတ္ထားတဲ့ ခရီးသြားတားျမစ္ခ်က္ေတြကို ဥေရာပနိုင္ငံေတြက ေျဖေလၽွာ့ေပးလိုက္ၿပီျဖစ္ပါတယ္။

ၿဗိတိန္နဲ႔ ထိစပ္ေနတဲ့ နယ္စပ္ကိုလုံးဝပိတ္ထားတာထက္ အတားအဆီးေတြပဲထားဖို႔နဲ႔ ဝင္ေရာက္လာသူေတြကို ေရာဂါပိုးရွိ၊ မရွိ မျဖစ္မေနစစ္ေဆးဖို႔ ဥေရာပေကာ္မရွင္က အဖြဲ႕ဝင္နိုင္ငံေတြကို တိုက္တြန္းထားတာပါ။

ၿဗိတိန္က လာတဲ့ ကုန္ကားေတြကို Dover ဆိပ္ကမ္းမွာ ပိတ္ထားခဲ့တာေၾကာင့္ ခရစၥမတ္ရက္အမွီ အိမ္မျပန္နိုင္မွာ စိုးရိမ္ေနၾကတဲ့ တခ်ိဳ႕ကုန္ကားေမာင္းသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြၾကား တင္းမာမႈေတြရွိခဲ့သလို ႐ုန္းရင္းဆန္ခတ္လည္း ျဖစ္ပြားခဲ့ပါတယ္။

႐ုန္းရင္းဆန္ခတ္ ျဖစ္ခ်ိန္မွာ ထရပ္ကား ေမာင္းသူေတြက ရဲေတြကို တြန္းထိုးၿပီး သူတို႔ရဲ့ မေက်နပ္ခ်က္ေတြကို ေအာ္ဟစ္ ေျပာဆိုခဲ့တာပါ။

ဒီႏွစ္က လူတိုင္းအတြက္ စိတ္ပ်က္စရာ ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။ အခုလို ထရပ္ကားေတြ ဝင္ေရာက္ခြင့္ပိတ္ထားလို႔ ပိုဆိုးသြား ပါ တယ္။ စိတ္ပ်က္စရာႏွစ္ကို အဆိုးနဲ႔အဆုံးသတ္ရသလို ျဖစ္ေနပါတယ္။ လို႔ ဘာမင္ဂမ္ၿမိဳ႕က ထရပ္ကားေမာင္းသမား- David Kingက ေျပာသြားတာပါ။

အခုေတာ့ ၇၂ နာရီၾကာ ကိုဗစ္ကင္းရွင္းတဲ့သူေတြကို ျပင္သစ္နိုင္ငံက ျပန္ဝင္ခြင့္ ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

ျပင္သစ္က အသစ္ခ်မွတ္လိုက္တဲ့ စည္းကမ္းေတြအရ EU နိုင္ငံေတြက နိုင္ငံသားေတြနဲ႔ အဲဒီနိုင္ငံေတြမွာေနထိုင္သူေတြ အေနနဲ႔ မိမိ နိုင္ငံတြင္း ျပန္ဝင္ဖို႔ Covid ကင္းရွင္းေၾကာင္း အေထာက္အထားျပဖို႔ လိုအပ္တာပါ။

နယ္သာလန္နိုင္ငံကလည္း ၿဗိတိန္အေပၚ ခ်မွတ္ထားတဲ့ ခရီးသြားတားျမစ္ခ်က္ေတြကို ဗုဒၶဟူးေန႔က ႐ုပ္သိမ္းေပးခဲ့တာပါ။ ဒါေပမဲ့ EU အဖြဲ႕ဝင္နိုင္ငံေတြအပါအဝင္ ခရီးသြားလာသူ အားလုံး ေရာဂါပိုး စစ္ေဆးခံၿပီးမွ ဝင္ေရာက္ခြင့္ျပဳမွာျဖစ္ပါတယ္။

အသစ္ေတြ႕ရွိတဲ့ ဗီဇေျပာင္း Covid-19 မ်ိဳးစိတ္ကြဲေတြနဲ႔ ပတ္သက္လို႔ ထိန္းခ်ဳပ္နိုင္ဖို႔ သိပၸံပညာရွင္ေတြက ဥေရာပဆိုင္ရာ ကမၻာ့က်န္းမာေရး အဖြဲ႕ခြဲနဲ႔ ဗုဒၶဟူးေန႔က ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။
ဒီဗီဇေျပာင္း Covid-19 ဗိုင္းရပ္စ္ကူးစက္မႈ အႏၲရာယ္ ေလၽွာ့ခ်နိုင္ေရး၊ ေရာဂါစစ္ေဆးေရး နည္းလမ္းေတြကို ေဆြးေႏြးသြားမယ္ လို႔ WHO ဥေရာပေရးရာ ဒါရိုက္တာ Hans Kluge က တြစ္တာစာမ်က္ႏွာမွာ ေရးသားထားပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗြိတိန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ Covid-19 မျိုးဗီဇဖွဲ့စည်းပုံ ဆင့်ကဲပြောင်း ဗိုင်းရပ်စ်ပိုးကိစ္စ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOကျွမ်းကျင်သူတွေ ဂျီနီဗာမြို့မှာ ဆွေးနွေးနေချိန်မှာပဲ ဗြိတိန်နိုင်ငံအပေါ် ကန့်သတ်ထားတဲ့ ခရီးသွားတားမြစ်ချက်တွေကို ဥရောပနိုင်ငံတွေက ဖြေလျှော့ပေးလိုက်ပြီဖြစ်ပါတယ်။

ဗြိတိန်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကိုလုံးဝပိတ်ထားတာထက် အတားအဆီးတွေပဲထားဖို့နဲ့ ဝင်ရောက်လာသူတွေကို ရောဂါပိုးရှိ၊ မရှိ မဖြစ်မနေစစ်ဆေးဖို့ ဥရောပကော်မရှင်က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားတာပါ။

ဗြိတိန်က လာတဲ့ ကုန်ကားတွေကို Dover ဆိပ်ကမ်းမှာ ပိတ်ထားခဲ့တာကြောင့် ခရစ္စမတ်ရက်အမှီ အိမ်မပြန်နိုင်မှာ စိုးရိမ်နေကြတဲ့ တချို့ကုန်ကားမောင်းသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား တင်းမာမှုတွေရှိခဲ့သလို ရုန်းရင်းဆန်ခတ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာ ထရပ်ကား မောင်းသူတွေက ရဲတွေကို တွန်းထိုးပြီး သူတို့ရဲ့ မကျေနပ်ချက်တွေကို အော်ဟစ် ပြောဆိုခဲ့တာပါ။

ဒီနှစ်က လူတိုင်းအတွက် စိတ်ပျက်စရာ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အခုလို ထရပ်ကားတွေ ဝင်ရောက်ခွင့်ပိတ်ထားလို့ ပိုဆိုးသွား ပါ တယ်။ စိတ်ပျက်စရာနှစ်ကို အဆိုးနဲ့အဆုံးသတ်ရသလို ဖြစ်နေပါတယ်။ လို့ ဘာမင်ဂမ်မြို့က ထရပ်ကားမောင်းသမား- David Kingက ပြောသွားတာပါ။

အခုတော့ ၇၂ နာရီကြာ ကိုဗစ်ကင်းရှင်းတဲ့သူတွေကို ပြင်သစ်နိုင်ငံက ပြန်ဝင်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပြင်သစ်က အသစ်ချမှတ်လိုက်တဲ့ စည်းကမ်းတွေအရ EU နိုင်ငံတွေက နိုင်ငံသားတွေနဲ့ အဲဒီနိုင်ငံတွေမှာနေထိုင်သူတွေ အနေနဲ့ မိမိ နိုင်ငံတွင်း ပြန်ဝင်ဖို့ Covid ကင်းရှင်းကြောင်း အထောက်အထားပြဖို့ လိုအပ်တာပါ။

နယ်သာလန်နိုင်ငံကလည်း ဗြိတိန်အပေါ် ချမှတ်ထားတဲ့ ခရီးသွားတားမြစ်ချက်တွေကို ဗုဒ္ဓဟူးနေ့က ရုပ်သိမ်းပေးခဲ့တာပါ။ ဒါပေမဲ့ EU အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် ခရီးသွားလာသူ အားလုံး ရောဂါပိုး စစ်ဆေးခံပြီးမှ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

အသစ်တွေ့ရှိတဲ့ ဗီဇပြောင်း Covid-19 မျိုးစိတ်ကွဲတွေနဲ့ ပတ်သက်လို့ ထိန်းချုပ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက ဥရောပဆိုင်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ခွဲနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဗီဇပြောင်း Covid-19 ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ် လျှော့ချနိုင်ရေး၊ ရောဂါစစ်ဆေးရေး နည်းလမ်းတွေကို ဆွေးနွေးသွားမယ် လို့ WHO ဥရောပရေးရာ ဒါရိုက်တာ Hans Kluge က တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG