သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျဗိတိန္ႏိုင္ငံတြင္း ဝင္ထြက္သြားလာခြင့္ပိတ္ပင္မႈ ႐ုတ္သိမ္းဖို႔ အဖြဲ႕ဝင္ႏိုင္ငံေတြကို EU တိုက္တြန္း


COVID-19 ကူးစက္ေနတဲ့ လန္ဒန္ၿမိဳ႕ St Thomas' ေဆးရံုမွာ လူနာသယ္ယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား

{{Zawgyi/Unicode}}

ၿဗိတိန္အေပၚ ဥေရာပနိုင္ငံေတြက ခရီးသြားလာခြင့္ တားျမစ္ထားတာေတြကို ႐ုပ္သိမ္းေပးဖို႔ ဥေရာပေကာ္မရွင္က အႀကံျပဳတိုက္တြန္းလိုက္ပါတယ္။ ပိတ္မိေနတဲ့ ၿဗိတိန္နိုင္ငံက ခရီးသြားေတြနဲ႔ ကုန္စည္စီးဆင္းမႈ မထိခိုက္ေအာင္EU ဥေရာပသမဂၢအဖြဲ႕ လက္ေအာက္ခံ ဥေရာပေကာ္မရွင္က အခုလိုအႀကံျပဳတိုက္တြန္းလိုက္တာပါ။

ၿဗိတိန္မွာ ဗီဇဖြဲ႕စည္းပုံ ဆင့္ကဲေျပာင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ့ေနတာေၾကာင့္ ဥေရာပနိုင္ငံေတြက ၿဗိတိန္အေပၚ ခရီးသြားလာေရးဆိုင္ရာ တားျမစ္ခ်က္ေတြကို တနဂၤေႏြေန႔ကစၿပီး ခ်မွတ္ခဲ့တာပါ။

အႀကံျပဳေထာက္ခံခ်က္ တစိတ္တပိုင္းအျဖစ္ မလိုအပ္ဘဲ ၿဗိတိန္ကို ဒါမွမဟုတ္ ၿဗိတိန္ကေန တျခားနိုင္ငံေတြကို ခရီးမသြားၾကဖို႔ကိုလည္း ဥေရာပေကာ္မရွင္က တိုက္တြန္းထားပါတယ္။ ဒါေပမဲ့ ကိုယ့္နိုင္ငံကို ျပန္လာတဲ့သူေတြကိုေတာ့ ဝင္ခြင့္ျပဳဖို႔၊ COVID-19 ရွိ၊ မရွိ စစ္ေဆးဖို႔နဲ႔ ၁၀ ရက္သီးျခားခြဲေစာင့္ၾကည့္ဖို႔ အႀကံျပဳထားပါတယ္။

EU ဥေရာပသမဂၢအဖြဲ႕ဝင္နိုင္ငံေတြ ပူးေပါင္းၿပီး ျပည္သူေတြကို မလိုအပ္ဘဲ ခရီးမသြားၾကဖို႔ ေဆာ္ဩတိုက္တြန္းေပးဖို႔ ဥေရာပ တရားေရးေကာ္မရွင္နာ Didier Reynders ကလည္းေၾကညာခ်က္ထုတ္ျပန္ေျပာဆိုထားပါတယ္။

ၿဗိတိန္နိုင္ငံနဲ႔ပတ္သက္တဲ့ ခရီးသြားလာေရးကိစၥကို ေျဖရွင္းေပးနိုင္တဲ့ တစ္ေျပးညီ လမ္းညႊန္သတ္မွတ္ခ်က္ေတြကို ခ်မွတ္ေပးဖို႔ EU ဥေရာပသမဂၢ အလွည့္က် ဥကၠဌ တာဝန္ယူထားတဲ့ ဂ်ာမနီနိုင္ငံက ဥေရာပသမဂၢက တာဝန္ရွိသူေတြနဲ႔ တနလၤာေန႔က ဆက္သြယ္ေဆြးေႏြးခဲ့ပါတယ္။

ဗီဇေျပာင္းကိုရိုနာဗိုင္းရပ္စ္ပိုး အသစ္ကို ၿပီးခဲ့တဲ့အပတ္က ၿဗိတိန္နိုင္ငံမွာ ေတြ႕ရွိခဲ့တာပါ။ ဒီကိစၥနဲ႔ ပတ္သက္လို႔ ၿဗိတိန္နိုင္ငံက ကမၻာ့က်န္းမာေရးအဖြဲ႕ WHO နဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ေျပာပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗြိတိန်အပေါ် ဥရောပနိုင်ငံတွေက ခရီးသွားလာခွင့် တားမြစ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ ဥရောပကော်မရှင်က အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံက ခရီးသွားတွေနဲ့ ကုန်စည်စီးဆင်းမှု မထိခိုက်အောင် EU ဥရောပသမဂ္ဂအဖွဲ့ လက်အောက်ခံ ဥရောပကော်မရှင်က အခုလိုအကြံပြုတိုက်တွန်းလိုက်တာပါ။

ဗြိတိန်မှာ ဗီဇဖွဲ့စည်းပုံ ဆင့်ကဲပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ဥရောပနိုင်ငံတွေက ဗြိတိန်အပေါ် ခရီးသွားလာရေးဆိုင်ရာ တားမြစ်ချက်တွေကို တနင်္ဂနွေနေ့ကစပြီး ချမှတ်ခဲ့တာပါ။

အကြံပြုထောက်ခံချက် တစိတ်တပိုင်းအဖြစ် မလိုအပ်ဘဲ ဗြိတိန်ကို ဒါမှမဟုတ် ဗြိတိန်ကနေ တခြားနိုင်ငံတွေကို ခရီးမသွားကြဖို့ကိုလည်း ဥရောပကော်မရှင်က တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကို ပြန်လာတဲ့သူတွေကိုတော့ ဝင်ခွင့်ပြုဖို့၊ COVID-19 ရှိ၊ မရှိ စစ်ဆေးဖို့နဲ့ ၁၀ ရက်သီးခြားခွဲစောင့်ကြည့်ဖို့ အကြံပြုထားပါတယ်။

EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းပြီး ပြည်သူတွေကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဆော်ဩတိုက်တွန်းပေးဖို့ ဥရောပ တရားရေးကော်မရှင်နာ Didier Reynders ကလည်းကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။

ဗြိတိန်နိုင်ငံနဲ့ပတ်သက်တဲ့ ခရီးသွားလာရေးကိစ္စကို ဖြေရှင်းပေးနိုင်တဲ့ တစ်ပြေးညီ လမ်းညွှန်သတ်မှတ်ချက်တွေကို ချမှတ်ပေးဖို့ EU ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ ဂျာမနီနိုင်ငံက ဥရောပသမဂ္ဂက တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့က ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ကို ပြီးခဲ့တဲ့အပတ်က ဗြိတိန်နိုင်ငံမှာ တွေ့ရှိခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG