သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္ျမန္ ကို႐ုိနာဗိုင္းရပ္စ္သစ္ေၾကာင့္ ၿဗိတိန္နဲ႔ ေလယာဥ္ခရီးစဥ္ေတြ ႏုိင္ငံတခ်ိဳ႕ပိတ္


အီတလီႏုိင္ငံ Fiumicino ေလဆိပ္မွာ ခရီးသည္အဝင္အထြက္ စစ္ေဆးေနတဲ့ ေလဆိပ္ဝန္ထမ္းတဦး။ (ေမ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အဂၤလန္မွာ မ်ိဳးဗီဇေျပာင္းသြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ပိုးသစ္တမ်ိဳး ကူးစက္ျမန္လာေနတဲ့အတြက္ စိုးရိမ္မႈေတြ တိုးလာေနတာနဲ႔အမွ် ၿဗိတိန္ႏုိင္ငံကေနလာတဲ့ ေလေၾကာင္းခရီးစဥ္ေတြကို ဥေရာပနဲ႔ အေရွ႕အလယ္ပိုင္းႏိုင္ငံ အေတာ္မ်ားမ်ားက ပိတ္ပစ္လုိက္ပါတယ္။

အသြင္ေျပာင္းသြားတဲ့ ဒီ ကို႐ိုနာဗိုင္းရပ္စ္ပိုးသစ္ ကူးစက္မႈေတြြဟာ ၿဗိတိန္ႏုိင္ငံ အျပင္ဘက္မွာလည္း ကူးစက္လာေနတာပါ။

အီတလီႏုိင္ငံ ေရာမၿမိဳ႕မွာ ဒီေရာဂါ ကူးစက္သူတဦး ေတြ႔ထားရတယ္လို႔ အီတလီ ႏိုင္ငံျခားေရးဝန္ႀကီးက တနဂၤေႏြေန႔က ေျပာဆိုပါတယ္။ ဒိန္းမတ္ႏုိင္ငံမွာလည္း ဒီေရာဂါကူးစက္သူ ၉ ဦး ေတြ႔ထားၿပီး နယ္သာလန္နဲ႔ ၾသစႀတီးယားမွာေတာ့ ၁ ဦးစီ ရွိေနတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) က ေျပာပါတယ္။

ဒီဗိုင္းရပ္စ္ပိုးသစ္ ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ အိုင္ယာလန္၊ အီတလီ၊ ၾသစႀတီးယားနဲ႔ ဘယ္လ္ဂ်ီယံႏုိင္ငံေတြကေတာ့ ၿဗိတိန္ကလာတဲ့ ေလေၾကာင္းခရီးစဥ္ေတြကို ပိတ္ပစ္လိုက္ၿပီး အလားတူ ကူဝိတ္နဲ႔ အစၥေရးႏိုင္ငံေတြကလည္း ပိတ္ပစ္လုိက္တာပါ။

ဥေရာပသမဂၢ အေနနဲ႔လည္း ဒီကိစၥ ဘယ္လိုတံု႔ျပန္ ေဆာင္ရြက္သင့္သလဲ ေဆြးေႏြးခဲ့ၾကသလို တျခားႏုိင္ငံေတြကလည္း ၿဗိတိန္က ေလယာဥ္ခရီးစဥ္ေတြကို ပိတ္သင့္မသင့္ စဥ္းစားေနၾကပါတယ္။

အခုျဖစ္ေနတဲ့ အသြင္ေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ အသစ္ထြက္ထားတဲ့ ကာကြယ္ေဆးေတြကို ခံႏိုင္ရည္ရွိမရွိ သိရဖို႔ဆိုတာကိုေတာ့ ၿဗိတိန္က သိပၸံပညာရွင္ေတြ အျပင္းအထန္ ႀကိဳးပမ္းေနၾကပါတယ္။

ဒီလ ၁၃ ရက္ေန႔က ဒီပိုး စတင္ေတြ႔ရွိတာကို အဂၤလန္ေတာင္ပိုင္း Kent ခ႐ိုင္မွာ အတည္ျပဳခဲ့ၿပီး အစိုးရ သိပၸံပညာရွင္ေတြရဲ႕ ကနဦး သံုးသပ္ခ်က္ေတြအရ ဒီဗိုင္းရပ္စ္ပိုးဟာ လက္ရွိ ဗိုင္းရပ္စ္ပိုးေတြထက္ အဆမတန္ ကူးစက္ႏႈန္းျမန္ေနတာ ေတြ႔ရတယ္လို႔ ေျပာပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ကေတာ့ ဒီအသြင္ေျပာင္းပိုးသစ္နဲ႔ ပတ္သက္ၿပီး ၿဗိတိန္အရာရွိေတြနဲ႔ အနီးကပ္ဆက္သြယ္ ေဆာင္ရြက္ေနေၾကာင္းနဲ႔ ဒီပိုးနဲ႔ပတ္သက္ၿပီး သိရွိလာတာေတြကို ၿဗိတိန္တာဝန္ရွိသူေတြက ဆက္ၿပီး အသိေပး တင္ျပမွာျဖစ္ေၾကာင္း တြစ္တာ လူမႈကြန္ရက္ေပၚကေန ေရးသား အသိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဗြိတိန်နဲ့ လေယာဉ်ခရီးစဉ်တွေ နိုင်ငံတချို့ပိတ်

အင်္ဂလန်မှာ မျိုးဗီဇပြောင်းသွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တမျိုး ကူးစက်မြန်လာနေတဲ့အတွက် စိုးရိမ်မှုတွေ တိုးလာနေတာနဲ့အမျှ ဗြိတိန်နိုင်ငံကနေလာတဲ့ လေကြောင်းခရီးစဉ်တွေကို ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ အတော်များများက ပိတ်ပစ်လိုက်ပါတယ်။

အသွင်ပြောင်းသွားတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုတွေဟာ ဗြိတိန်နိုင်ငံ အပြင်ဘက်မှာလည်း ကူးစက်လာနေတာပါ။

အီတလီနိုင်ငံ ရောမမြို့မှာ ဒီရောဂါ ကူးစက်သူတဦး တွေ့ထားရတယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောဆိုပါတယ်။ ဒိန်းမတ်နိုင်ငံမှာလည်း ဒီရောဂါကူးစက်သူ ၉ ဦး တွေ့ထားပြီး နယ်သာလန်နဲ့ သြစတြီးယားမှာတော့ ၁ ဦးစီ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုးသစ် ပျံ့နှံ့မှုတွေကြောင့် အိုင်ယာလန်၊ အီတလီ၊ သြစတြီးယားနဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေကတော့ ဗြိတိန်ကလာတဲ့ လေကြောင်းခရီးစဉ်တွေကို ပိတ်ပစ်လိုက်ပြီး အလားတူ ကူဝိတ်နဲ့ အစ္စရေးနိုင်ငံတွေကလည်း ပိတ်ပစ်လိုက်တာပါ။

ဥရောပသမဂ္ဂ အနေနဲ့လည်း ဒီကိစ္စ ဘယ်လိုတုံ့ပြန် ဆောင်ရွက်သင့်သလဲ ဆွေးနွေးခဲ့ကြသလို တခြားနိုင်ငံတွေကလည်း ဗြိတိန်က လေယာဉ်ခရီးစဉ်တွေကို ပိတ်သင့်မသင့် စဉ်းစားနေကြပါတယ်။

အခုဖြစ်နေတဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အသစ်ထွက်ထားတဲ့ ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိမရှိ သိရဖို့ဆိုတာကိုတော့ ဗြိတိန်က သိပ္ပံပညာရှင်တွေ အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။

ဒီလ ၁၃ ရက်နေ့က ဒီပိုး စတင်တွေ့ရှိတာကို အင်္ဂလန်တောင်ပိုင်း Kent ခရိုင်မှာ အတည်ပြုခဲ့ပြီး အစိုးရ သိပ္ပံပညာရှင်တွေရဲ့ ကနဦး သုံးသပ်ချက်တွေအရ ဒီဗိုင်းရပ်စ်ပိုးဟာ လက်ရှိ ဗိုင်းရပ်စ်ပိုးတွေထက် အဆမတန် ကူးစက်နှုန်းမြန်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ဒီအသွင်ပြောင်းပိုးသစ်နဲ့ ပတ်သက်ပြီး ဗြိတိန်အရာရှိတွေနဲ့ အနီးကပ်ဆက်သွယ် ဆောင်ရွက်နေကြောင်းနဲ့ ဒီပိုးနဲ့ပတ်သက်ပြီး သိရှိလာတာတွေကို ဗြိတိန်တာဝန်ရှိသူတွေက ဆက်ပြီး အသိပေး တင်ပြမှာဖြစ်ကြောင်း တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ရေးသား အသိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG