သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယ္လီဖိုးနီးယားျပည္နယ္ COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေန


ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ ေဆး႐ုံတခုမွာ COVID-19 လူနာကို ျပဳစုကုသေနတဲ့ က်န္္းမာေရးဝန္ထမ္းမ်ား။ (ႏုိဝင္ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု အေနာက္ဘက္ျခမ္း ကယ္လီဖိုးနီးယားျပည္နယ္မွာ ဒီရက္ပိုင္းထဲ ကုိဗစ္ကူးစက္မႈႏႈန္း ျမင့္တက္ေနၿပီး ေဆး႐ုံေတြက အထူးၾကပ္မတ္ ကုသေဆာင္ေတြမွာ လူနာေတြနဲ႔ ျပည့္ၾကပ္ေနတဲ့အတြက္ ေဒသခံေတြ စိုးရိမ္ေနၾကတဲ့အေၾကာင္း ကုိဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္မွာ အထူးသျဖင့္ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕ LA မွာ တေန႔တာ ကူးစက္မႈပမာဏ ပုိမ်ားလာတဲ့အတြက္ LA ၿမဳိ႕က LAC-USC Medical Center ေဆး႐ုံမွာဆိုရင္ ကိုဗစ္လူနာေတြထားဖို႔ ေနရာေတာင္ မရွိေတာ့ဘူးလို႔ ေဆး႐ုံအႀကီးအကဲ Dr. Brad Spellberg က ေျပာပါတယ္။

"က်ေနာ္တုိ႔ေဆး႐ုံမွာ ကိုဗစ္လူနာေတြနဲ႔ ျပည့္ၾကပ္ေနပါၿပီ။ ဒီသီတင္းပတ္ထဲ ရက္အမ်ားစုကုိၾကည့္ရင္ ICU ထဲမွာ ကုတင္ေနရာအပို လုံးဝ မရွိေတာ့ပါဘူး။ လူနာေတြကို ဟိုဘက္ေျပာင္းထားရမလား၊ ဒီဘက္မွာပဲ ထားရမလားဆိုၿပီး က်ေနာ္တို႔ အသည္းအသန္ လုပ္ေနရပါတယ္။"

ကုိဗစ္ကူးစက္မႈဒဏ္ကို အဆိုးဆုံးခံေနရတဲ့ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕နဲ႔ တဝိုက္က ျပည္သူေတြ တတ္ႏုိင္သမွ် ေနအိမ္ထဲမွာပဲ ေနၾကဖို႔၊ အျပင္လူေတြနဲ႔ ထိေတြ႔ဆက္ဆံတာကို ေရွာင္ဖို႔နဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ လူခ်င္းခပ္ခြာခြာေနဖို႔ စတဲ့ စည္းကမ္းေတြ လိုက္နာၾကဖို႔ ျပည္သူ႔က်န္းမာေရးဌာနက သတိေပး ႏႈိးေဆာ္ေနပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္လည္း စိုးရိမ္စိတ္ တိုးလာရတယ္လို႔ LA ၿမဳိ႕မွာ ေနထိုင္တဲ့ အၿငိမ္းစားဆရာဝန္ႀကီး ေဒါက္တာ စိုင္းေထြးေမာင္က ေျပာပါတယ္။

“က်ေနာ္တုိ႔အေနနဲ႔ကေတာ့ အရမ္းစိုးရိမ္တယ္။ ေဆးစစ္လိုက္တဲ့အခါမွာ Positive အတည္ျပဳလူနာေတြက တေန႔ၿပီးတေန႔ မ်ားလာတာ တရက္ကို ၂၀,၀၀၀ ေက်ာ္အထိ ရွိတယ္။ ဆုိေတာ့ က်ေနာ္တို႔အေနနဲ႔ အျပင္ထြက္ရမွာကုိ ေၾကာက္လာတယ္။ အခု လူနာေတြက တခ်ဳိ႕ဆုိရင္ တကယ္ကို စုိးရိမ္စရာ ေကာင္းေတာ့ ICU ထဲ ပို႔ရတယ္။ ေဆး႐ုံမွာ ICU ဆိုရင္ ေနရာေတာင္ မရွိေတာ့ဘူး။ က်ေနာ္တို႔ LA မွာ အခုဆိုလို႔ရွိရင္ အတတ္ႏိုင္ဆုံး အိမ္မွာေနဖုိ႔၊ ကိုယ့္မိသားစုနဲ႔ပဲ ေနပါ၊ တျခားမိသားစုနဲ႔ မေတြ႔ပါနဲ႔ဆိုၿပီး အမိန္႔ထုတ္ထားတယ္။ ခုဆိုရင္ က်ေနာ္တို႔ ကယ္လီဖိုးနီးယားကို ကာကြယ္ေဆးေတြ ေရာက္ေနၿပီ။ ဒါေပမယ့္ ေဆးဝန္ထမ္းေတြကိုပဲ အရင္ဆုံး ထိုးေပးေနတယ္။ က်ေနာ္တုိ႔ေတာ့ အလွည့္မက်ေသးဘူး။ က်ေနာ္တို႔ အသက္ႀကီးတဲ့လူေတြအတြက္ မၾကာခင္ အလွည့္ေရာက္လာပါလိမ့္မယ္။ ဆိုေတာ့ က်ေနာ္တုိ႔ရဲ႕ ေမွ်ာ္လင့္ခ်က္က ကာကြယ္ေဆးပါပဲ။”

အခုလုိ ကိုဗစ္ကူးစက္မႈ ဆိုးေနတဲ့ၾကားမွာ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ကယ္လီဖုိးနီးယားျပည္နယ္ Concord ၿမဳိ႕က မိသားစုကုိ တေယာက္တည္း ဦးေဆာင္ေနရတဲ့ ကေလးမိခင္ Aleida Ramirez ကေတာ့ စားဝတ္ေနေရးအတြက္ အကူအညီ ေတာင္းခံေနရသူပါ။

“က်မသမီးေလးရဲ႕ ေက်ာင္းက အခမဲ့ေဝေပးတဲ့ အစားအေသာက္ေတြကုိလည္း သြားယူပါတယ္။ ေနာက္ၿပီး က်မတို႔ အနီးအနားက ခရစ္ယာန္ ဘုရားေက်ာင္းေတြမွာလည္း အကူအညီေတာင္းခံေတာ့ ဒီအနီးဝန္းက်င္က စူပါမားကက္ေတြမွာ ဝယ္စားလို႔ရတဲ့ ေစ်းဝယ္ကတ္ျပားေတြ ေထာက္ပ့ံၾကပါတယ္။”

မၾကာခင္က်ေရာက္မယ့္ ခရစၥမတ္ကာလ မတုိင္ခင္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္း ၆,၀၀၀ ကို ကုိဗစ္ကာကြယ္ေဆး ထိုးေပးႏိုင္ဖုိ႔ အစီအစဥ္ရွိၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းကစလို႔ တခ်ဳိ႕ေဆး႐ုံေတြမွာ ကာကြယ္ေဆးေတြ စထိုးေပးေနပါတယ္။ အခုလို ကာကြယ္ေဆး ထုိးလိုက္ရတဲ့အတြက္ ကိုဗစ္လူနာေတြကို အရင္ထက္ ပိုၿပီး ကုသမႈ ေပးႏိုင္လိမ့္မယ္လို႔ သူတို႔က ေျပာပါတယ္။ ကယ္လီဖိုးနီးယားကို ေနာက္ထပ္ ကာကြယ္ေဆးေတြ ေရာက္လာဦးမယ္လို႔ ေမွ်ာ္လင့္ေနၾကတာပါ။

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ကုိဗစ္ကူးစက္ခဲ့သူေပါင္း ၆ သိန္းေက်ာ္ရွိၿပီး ခုခ်ိန္ထိဆိုရင္ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၈,၈၀၀ ေက်ာ္ ရွိပါတယ္။ စေနေန႔က တရက္တည္းမွာတင္ ကိုဗစ္ကူးစက္လူနာသစ္ ၁၃,၇၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၆၀ ေက်ာ္ ရွိခဲ့ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္တခုလုံး အတုိင္းအတာအရ ဆိုရင္ေတာ့ ခုခ်ိန္ထိ ကုိဗစ္ကူးစက္ခဲ့သူေပါင္း ၁.၈ သန္းေက်ာ္ရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၂၂,၆၀၀ ေက်ာ္ ရွိပါတယ္။

အခုလို ကိုဗစ္ကူးစက္မႈ မ်ားလာေနတဲ့အတြက္ ကယ္လီဖိုးနီးယားမွာ ေဆး႐ုံေနရာနဲ႔ ေဆးဘက္ဆုိင္ရာဝန္ထမ္း မလုံေလာက္ျဖစ္မယ့္ ျပႆနာ ရင္ဆုိင္လာရမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကယ်လီဖိုးနီးယားပြည်နယ် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေပြီး ဆေးရုံတွေက အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာတွေနဲ့ ပြည့်ကြပ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ အထူးသဖြင့် လော့စ်အိန်ဂျလိစ်မြို့ LA မှာ တနေ့တာ ကူးစက်မှုပမာဏ ပိုများလာတဲ့အတွက် LA မြို့က LAC-USC Medical Center ဆေးရုံမှာဆိုရင် ကိုဗစ်လူနာတွေထားဖို့ နေရာတောင် မရှိတော့ဘူးလို့ ဆေးရုံအကြီးအကဲ Dr. Brad Spellberg က ပြောပါတယ်။

"ကျနော်တို့ဆေးရုံမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်ကြပ်နေပါပြီ။ ဒီသီတင်းပတ်ထဲ ရက်အများစုကိုကြည့်ရင် ICU ထဲမှာ ကုတင်နေရာအပို လုံးဝ မရှိတော့ပါဘူး။ လူနာတွေကို ဟိုဘက်ပြောင်းထားရမလား၊ ဒီဘက်မှာပဲ ထားရမလားဆိုပြီး ကျနော်တို့ အသည်းအသန် လုပ်နေရပါတယ်။"

ကိုဗစ်ကူးစက်မှုဒဏ်ကို အဆိုးဆုံးခံနေရတဲ့ လော့စ်အိန်ဂျလိစ်မြို့နဲ့ တဝိုက်က ပြည်သူတွေ တတ်နိုင်သမျှ နေအိမ်ထဲမှာပဲ နေကြဖို့၊ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံတာကို ရှောင်ဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့၊ လူချင်းခပ်ခွာခွာနေဖို့ စတဲ့ စည်းကမ်းတွေ လိုက်နာကြဖို့ ပြည်သူ့ကျန်းမာရေးဌာနက သတိပေး နှိုးဆော်နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့်လည်း စိုးရိမ်စိတ် တိုးလာရတယ်လို့ LA မြို့မှာ နေထိုင်တဲ့ အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ အရမ်းစိုးရိမ်တယ်။ ဆေးစစ်လိုက်တဲ့အခါမှာ Positive အတည်ပြုလူနာတွေက တနေ့ပြီးတနေ့ များလာတာ တရက်ကို ၂၀,၀၀၀ ကျော်အထိ ရှိတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ အပြင်ထွက်ရမှာကို ကြောက်လာတယ်။ အခု လူနာတွေက တချို့ဆိုရင် တကယ်ကို စိုးရိမ်စရာ ကောင်းတော့ ICU ထဲ ပို့ရတယ်။ ဆေးရုံမှာ ICU ဆိုရင် နေရာတောင် မရှိတော့ဘူး။ ကျနော်တို့ LA မှာ အခုဆိုလို့ရှိရင် အတတ်နိုင်ဆုံး အိမ်မှာနေဖို့၊ ကိုယ့်မိသားစုနဲ့ပဲ နေပါ၊ တခြားမိသားစုနဲ့ မတွေ့ပါနဲ့ဆိုပြီး အမိန့်ထုတ်ထားတယ်။ ခုဆိုရင် ကျနော်တို့ ကယ်လီဖိုးနီးယားကို ကာကွယ်ဆေးတွေ ရောက်နေပြီ။ ဒါပေမယ့် ဆေးဝန်ထမ်းတွေကိုပဲ အရင်ဆုံး ထိုးပေးနေတယ်။ ကျနော်တို့တော့ အလှည့်မကျသေးဘူး။ ကျနော်တို့ အသက်ကြီးတဲ့လူတွေအတွက် မကြာခင် အလှည့်ရောက်လာပါလိမ့်မယ်။ ဆိုတော့ ကျနော်တို့ရဲ့ မျှော်လင့်ချက်က ကာကွယ်ဆေးပါပဲ။”

အခုလို ကိုဗစ်ကူးစက်မှု ဆိုးနေတဲ့ကြားမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ် Concord မြို့က မိသားစုကို တယောက်တည်း ဦးဆောင်နေရတဲ့ ကလေးမိခင် Aleida Ramirez ကတော့ စားဝတ်နေရေးအတွက် အကူအညီ တောင်းခံနေရသူပါ။

“ကျမသမီးလေးရဲ့ ကျောင်းက အခမဲ့ဝေပေးတဲ့ အစားအသောက်တွေကိုလည်း သွားယူပါတယ်။ နောက်ပြီး ကျမတို့ အနီးအနားက ခရစ်ယာန် ဘုရားကျောင်းတွေမှာလည်း အကူအညီတောင်းခံတော့ ဒီအနီးဝန်းကျင်က စူပါမားကက်တွေမှာ ဝယ်စားလို့ရတဲ့ ဈေးဝယ်ကတ်ပြားတွေ ထောက်ပံ့ကြပါတယ်။”

မကြာခင်ကျရောက်မယ့် ခရစ္စမတ်ကာလ မတိုင်ခင် လော့စ်အိန်ဂျလိစ်မြို့က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း ၆,၀၀၀ ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ အစီအစဉ်ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တချို့ဆေးရုံတွေမှာ ကာကွယ်ဆေးတွေ စထိုးပေးနေပါတယ်။ အခုလို ကာကွယ်ဆေး ထိုးလိုက်ရတဲ့အတွက် ကိုဗစ်လူနာတွေကို အရင်ထက် ပိုပြီး ကုသမှု ပေးနိုင်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ကယ်လီဖိုးနီးယားကို နောက်ထပ် ကာကွယ်ဆေးတွေ ရောက်လာဦးမယ်လို့ မျှော်လင့်နေကြတာပါ။

လော့စ်အိန်ဂျလိစ်မြို့မှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၆ သိန်းကျော်ရှိပြီး ခုချိန်ထိဆိုရင် ကိုဗစ်ကြောင့် သေဆုံးသူ ၈,၈၀၀ ကျော် ရှိပါတယ်။ စနေနေ့က တရက်တည်းမှာတင် ကိုဗစ်ကူးစက်လူနာသစ် ၁၃,၇၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ ကျော် ရှိခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တခုလုံး အတိုင်းအတာအရ ဆိုရင်တော့ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၁.၈ သန်းကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၂၂,၆၀၀ ကျော် ရှိပါတယ်။

အခုလို ကိုဗစ်ကူးစက်မှု များလာနေတဲ့အတွက် ကယ်လီဖိုးနီးယားမှာ ဆေးရုံနေရာနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း မလုံလောက်ဖြစ်မယ့် ပြဿနာ ရင်ဆိုင်လာရမှာကိုလည်း စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG