(Zawgyi / Unicode)
အေမရိကန္ အစားအစာနဲ႔ ေဆးဝါးေအဂ်င္စီ (FDA) ကေန ဒုတိယေျမာက္ COVID-19 ကာကြယ္ေဆးတမ်ိဳးကို အေရးေပၚသံုးစဲြဖို႔ ေသာၾကာေန႔က အတည္ျပဳေပးလိုက္ပါတယ္။
အေမရိကန္ေဆးဝါးကုမၸဏီျဖစ္တဲ့ Moderna ရဲ႕ အဲဒီကာကြယ္ေဆးကို NIH အေမရိကန္ အမ်ိဳးသားက်န္းမာေရးဌာနနဲ႔အတူ စမ္းသပ္ထုတ္လုပ္ခဲ့တာပါ။ ဒီကာကြယ္ေဆးဟာ အခုလအေစာပိုင္းကပဲ အေရးေပၚသံုးစဲြခြင့္ျပဳခဲ့တဲ့ Pfizer ကိုဗစ္ကာကြယ္ေဆးနဲ႔ အလားတူပါတယ္။
ဒီေဆးေတြကိုေတာ့ သန္းနဲ႔ခ်ီတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ သက္ႀကီးရြယ္အို ေစာင့္ေရွာက္ေရးေဂဟာမွာ ရွိသူေတြကို ကနဦး ထိုးေပးေနပါတယ္။
ဒီေဆးႏွစ္မ်ိဳးစလံုးဟာ ေမွ်ာ္လင့္ထားတာထက္ကို ပိုလုပ္ေဆာင္ႏိုင္ၿပီး သိပၸံပညာရဲ႕ စြမ္းပကားဟာ အံ့အားသင့္စရာပါပဲလို႔ NIH ၫႊန္ၾကားေရးမွဴး Dr. Francis Collins က ေအပီသတင္းဌာနကို ေျပာပါတယ္။ Moderna ေဆးဝါးေတြကို စတင္ျဖန္႔ျဖဴးေတာ့မွာျဖစ္ၿပီး တနလၤာေန႔က်ရင္ေတာ့ အသင့္ျဖစ္ေနမယ္လို႔ ယူဆရပါတယ္။
အသက္ ၈၀ အရြယ္ရွိၿပီျဖစ္တဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ ့ ဒုသမၼတ Mike Pence တို႔လည္း ၿပီးခဲ့တဲ့ ေသာၾကာေန႔ေနွာင္းပိုင္းမွာ ကို႐ုိနာကာကြယ္ေဆး ပထမအေက်ာ့အေနနဲ႔ ထိုးႏွံခဲ့ၾကပါတယ္။
COVID-19 ကူးစက္ခံေနရတဲ့ ျပင္သစ္သမၼတ Emmanuel Macron အျမန္ျပန္လည္က်န္းမာလာၿပီး လုပ္ငန္းခြင္မွာ ျပည့္ျပည့္ဝဝ တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ႏုိင္ဖို႔လည္း အေမရိကန္သမၼတ Donald Trump ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဖုန္းဆက္ၿပီး အားေပးစကား ေျပာခဲ့ေၾကာင္း အိမ္ျဖဴေတာ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
ကိုဗစ္ေရာဂါေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ လူ ၃ သိန္းေက်ာ္ ေသဆံုးခဲ့ၿပီး ကမ႓ာမွာေတာ့ အမ်ားဆံုးပါ။ ဒုတိယ ေသဆံုးမႈအမ်ားဆံုးကေတာ့ မကၠဆီကိုႏုိင္ငံျဖစ္ၿပီး ေသဆံုးသူ ၂ သိန္းနီးပါး ရွိပါတယ္။
ကမၻာတဝန္း COVID-19 ကူးစက္သူ ၇၅ သန္းရွိေနၿပီး အေမရိကန္ႏုိင္ငံက ၁၇.၄ သန္း၊ အိႏိၵယက ၁၀ သန္းနဲ႔ ဘရာဇီးႏုိင္ငံက ၇.၁ သန္း ကူးစက္ေနပါတယ္။
----------------------
(Unicode)
ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေး အရေးပေါ်သုံးစွဲခွင့် ကန် FDA အတည်ပြု
အမေရိကန် အစားအစာနဲ့ ဆေးဝါးအေဂျင်စီ (FDA) ကနေ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးတမျိုးကို အရေးပေါ်သုံးစွဲဖို့ သောကြာနေ့က အတည်ပြုပေးလိုက်ပါတယ်။
အမေရိကန်ဆေးဝါးကုမ္ပဏီဖြစ်တဲ့ Moderna ရဲ့ အဲဒီကာကွယ်ဆေးကို NIH အမေရိကန် အမျိုးသားကျန်းမာရေးဌာနနဲ့အတူ စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။ ဒီကာကွယ်ဆေးဟာ အခုလအစောပိုင်းကပဲ အရေးပေါ်သုံးစွဲခွင့်ပြုခဲ့တဲ့ Pfizer ကိုဗစ်ကာကွယ်ဆေးနဲ့ အလားတူပါတယ်။
ဒီဆေးတွေကိုတော့ သန်းနဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ ရှိသူတွေကို ကနဦး ထိုးပေးနေပါတယ်။
ဒီဆေးနှစ်မျိုးစလုံးဟာ မျှော်လင့်ထားတာထက်ကို ပိုလုပ်ဆောင်နိုင်ပြီး သိပ္ပံပညာရဲ့ စွမ်းပကားဟာ အံ့အားသင့်စရာပါပဲလို့ NIH ညွှန်ကြားရေးမှူး Dr. Francis Collins က အေပီသတင်းဌာနကို ပြောပါတယ်။ Moderna ဆေးဝါးတွေကို စတင်ဖြန့်ဖြူးတော့မှာဖြစ်ပြီး တနင်္လာနေ့ကျရင်တော့ အသင့်ဖြစ်နေမယ်လို့ ယူဆရပါတယ်။
အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဒုသမ္မတ Mike Pence တို့လည်း ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းမှာ ကိုရိုနာကာကွယ်ဆေး ပထမအကျော့အနေနဲ့ ထိုးနှံခဲ့ကြပါတယ်။
COVID-19 ကူးစက်ခံနေရတဲ့ ပြင်သစ်သမ္မတ Emmanuel Macron အမြန်ပြန်လည်ကျန်းမာလာပြီး လုပ်ငန်းခွင်မှာ ပြည့်ပြည့်ဝဝ တာဝန်တွေ ပြန်လည်ထမ်းဆောင်နိုင်ဖို့လည်း အမေရိကန်သမ္မတ Donald Trump ပြီးခဲ့တဲ့ သောကြာနေ့က ဖုန်းဆက်ပြီး အားပေးစကား ပြောခဲ့ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူ ၃ သိန်းကျော် သေဆုံးခဲ့ပြီး ကမ္ဘာမှာတော့ အများဆုံးပါ။ ဒုတိယ သေဆုံးမှုအများဆုံးကတော့ မက္ကဆီကိုနိုင်ငံဖြစ်ပြီး သေဆုံးသူ ၂ သိန်းနီးပါး ရှိပါတယ်။
ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၇၅ သန်းရှိနေပြီး အမေရိကန်နိုင်ငံက ၁၇.၄ သန်း၊ အိန္ဒိယက ၁၀ သန်းနဲ့ ဘရာဇီးနိုင်ငံက ၇.၁ သန်း ကူးစက်နေပါတယ်။