သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆေးကုမ္ပဏီနဲ့ AstraZeneca တို့ပေါင်းပြီး အာရှအတွက် ကိုဗစ်ကာကွယ်ဆေးထိုင်းမှာထုတ်မည်


ထိုင်း မလေးရှားနယ်စပ်အနီးမှာ ထိုင်းဘက်က ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနေသည့်မြင်ကွင်း ( မတ်လ၊၁၅၊၂ဝ၂ဝ).
ထိုင်း မလေးရှားနယ်စပ်အနီးမှာ ထိုင်းဘက်က ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနေသည့်မြင်ကွင်း ( မတ်လ၊၁၅၊၂ဝ၂ဝ).

{{Zawgyi/Unicode}}

COVID-19 ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်နေတဲ့ ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca နဲ့ ထိုင်းဆေးဝါးကုမ္ပဏီတခုတို့ရဲ့ သဘောတူညီချက်အရ အရှေ့တောင်အာရှဒေသတွင်း ထိုင်းနိုင်ငံဟာ ကာကွယ်ဆေးအတွက် အဓိကအချက်အချာကျတဲ့ နိုင်ငံဖြစ်လာဖို့ရှိနေကြောင်း ထိုင်းတာဝန်ရှိသူတဦးက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

AZD1222 လို့အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးအလုံးပေါင်း သန်း ၂၀၀ ကို ထုတ်လုပ်ဖို့ AstraZeneca နဲ့ ဘန်ကောက်အခြေစိုက် Siam Bioscience တို့ ပြီးခဲ့တဲ့ လနှောင်းပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းအမျိုးသား ကာကွယ်ဆေး အင်စတီကျူရဲ့ ညွန်ကြားရေးမှူး Nakorn Premsri က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးထုတ်လုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးတဲ့အထဲမှာ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်တွင်းကုမ္ပဏီကြီးတခုဖြစ်တဲ့ SCG ရဲ့ ထုတ်ပိုးပစ္စည်းများနဲ့ ဓါတုဗေဒဆိုင်ရာ ဌာနခွဲလည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံက ထုတ်မယ့် ကာကွယ်ဆေးအများစုဟာ ပြည်ပနိုင်ငံတွေကို တင်ပို့ ဖို့ဖြစ်တယ်လို့လည်း Nakorn Premsri ကပြောပါတယ်။

စုစုပေါင်း ကာကွယ်ဆေးအလုံးရေ သန်း၂၀၀ ထုတ်လုပ်မယ့်အထဲမှာ ထိုင်းနိုင်ငံအနေနဲ့ အလုံးရေ ၂၆ သန်းလောက်ပဲရဖို့ သေချာသလောက်ရှိနေပြီး ဒီထက်ပိုရဖို့ ကြိုးပမ်းဖို့ ရှိနေပေမယ့် အများစုကတော့ ပြည်ပကို အဓိက တင်ပို့မှာဖြစ်တယ်လို့ဆိုပါတယ်။

AstraZeneca ရဲ့ထိုင်းနိုင်ငံ ရုံးခွဲကလည်း ကာကွယ်ဆေးထုတ်လုပ်မယ့် အစီအစဉ်ကို အတည်ပြုခဲ့ပြီး ဗွီအိုအေကို စာနဲ့ တုန့်ပြန်ထားတဲ့အထဲမှာ-ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ SCG၊ Siam Bioscience နဲ့ AstraZeneca တို့ပူးပေါင်းထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG