သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ ကိုဗစ်ကူးစက်ခံထားရ


ပြင်သစ်သမ္မတ Emmanuel Macron
ပြင်သစ်သမ္မတ Emmanuel Macron

{{Zawgyi/Unicode}}

ပြင်သစ်သမ္မတ Emmanuel Macron ဟာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံနေရတယ်လို့ ပြင်သစ်အစိုးရက ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ သမ္မတမှာ Covid 19 ရောဂါလက္ခဏာ စတွေ့ခဲ့တဲ့နောက် စမ်းသပ်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

သမ္မတ Macron ဟာ ပြင်သစ်နိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ၇ ရက်ကြာ သီးခြားခွဲနေထိုင်မှာ ဖြစ်ပြီး သူ့တာဝန်ဝတ္တရားတွေကို အဝေးကပဲဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အီးယူဥရောပသမဂ္ဂ ခေါင်းဆောင်တွေဟာ အခုအခါမှာ သူတို့မှာ ဒီရောဂါကူးစက်မှုရှိမရှိ စစ်ဆေးနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်သမ္မတ Macron ဟာ ပါရီမှာ ပေါ်တူဂီဝန်ကြီးချုပ် António Costa နဲ့ ဗုဒ္ဓဟူးးနေ့မှာ တွေ့ဆုံခဲ့သလို ဒီသီတင်းပတ်ထဲမှာပဲ ဥရောပကောင်စီအကြီးအကဲ Charles Michel ၊ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen တို့နဲ့ နေ့လည်စာ အတူစားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတနဲ့ နေ့လည်စာအတူစားခဲ့တဲ့ စပိန်ဝန်ကြီးချုပ် Pedro Sánchez ကတော့ သူ့မှာ ဒီရောဂါရှိမရှိ စမ်းသပ်မှုတွေ လုပ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့အထိ သီးခြားခွဲနေဖို့နဲ့ လူထုတွေ့ဆုံမှုတွေ မလုပ်ပဲ သတိနဲ့ နေဖို့ ဆုံး ဖြတ်ထားကြောင်း ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးလာနေတဲ့အတွက် တင်းကြပ်တဲ့ကန့်သတ်မှုတွေ ချထားတာပါ။ ခရစ်စမတ်ကာလကို အကျဉ်းရုံးကျင်းပပြီး ရောဂါမကူးစက်အောင် ထိန်းကြဖို့ ဗြိတိန်ဝန်ကြီးချုပ်က တိုက်တွန်းနေသလို ပြည်ထဲရေးဝန်ကြီးကလည်း ခရစ်စမတ်ခရီးသွားမှုတွေ မလုပ်ဖို့ ပန်ကြားနေပါတယ်။

တချိန်ထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ခဲ့တဲ့ မူလအရင်းမြစ်ကို စုံစမ်းဖို့ ဇန်နဝါရီလ ပထမပတ်ထဲမှာ တရုတ်နိုင်ငံထဲကို အဖွဲ့ဝင် ၁၀ ဦးပါ သုတေသနအဖွဲ့ တဖွဲ့ကို စေလွှတ်မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ အခုအခါ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ ၇၄ သန်းကျော်နဲ့ သေဆုံးရသူ ၁.၆ သန်းကျော်ရှိနေပါပြီ။

....................................

ပြင်သစ်သမ္မတ ကိုဗစ်ကူးစက်ခံထားရ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG