{{Zawgyi/Unicode}}
အေမရိကန္ ဒုသမၼတ Mike Pence နဲ႔ ဒုသမၼတကေတာ္ Karen Pence တို႔ဟာ ေသာၾကာေန႔က သမၼတအိမ္ျဖဴ ေဘးက အုပ္ခ်ဳပ္ေရးရံုး အေဆာက္အဦးထဲမွာ Covid 19 ကာကြယ္ေဆးထိုးခဲ့ၾကၿပီး ဒီေဆးဟာ စိတ္ခ်ရၿပီး ထိေရာက္မႈ ရွိတာကို ျပည္သူသိေအာင္ ျပသခဲ့ပါတယ္။
အခုလို သမိုင္းတြင္မယ့္ ဒီသီတင္းပတ္ကုန္မွာ စုေဝးၿပီး က်ေနာ္တို႔အတြက္ ေမ ွ်ာ္လင့္ခ်က္ေတြ ရွိလာေနၿပီဆိုတာကို အေမရိကန္ျပည္သူေတြကို ျပသႏိုင္ပါၿပီ။ ဒီစိတ္ခ်ရၿပီး ထိေရာက္မႈရွိတဲ့ ကိုရိုနာဗုိင္းရပ္စ္ကာကြယ္ေဆးကို အေမရိကန္ျပည္သူေတြအတြက္ ထုတ္ႏုိင္ၿပီဆိုတာကို က်ေနာ္နဲ႔ ဇနီး Karen တုိ႔က လက္ေတြ႔ျပသႏို္င္တဲ့အတြက္ သိပ္ကို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ေန႔ပါပဲ လုိ႔ ဒုသမတ Pence က ေျပာသြားတာပါ။
Walter Reed စစ္ေဆးရံုက အမႈထမ္းေတြက ဒုသမၼတနဲ႔ဇနီးကို ကာကြယ္ေဆးထိုးေပးခဲ့တာျဖစ္ၿပီး တဆက္ထည္းမွာပဲ အေမရိကန္ လူထုက်န္းမာေရး ဝန္ေဆာင္္မႈဌာန အႀကီးအကဲ Surgeon General Jerome Adams လည္း ကာကြယ္ေဆးထိုးခဲ့ပါတယ္။ ဒီကာကြယ္ေဆးဟာ ၂ ႀကိမ္ထုိးဖို႔လိုအပ္တာျဖစ္ၿပီး ေနာက္ ၂၁ ရက္အၾကာမွာ ဒုတိယတလံုးထပ္ထိုးရမွာ ျဖစ္ပါတယ္။
အေရြးေကာက္ခံ သမၼတ ဂ်ိဳးဘိုင္ဒင္ ကေတာ့ သူဟာ လာမယ့္ သီတင္းပတ္ထဲမွာ ကာကြယ္ေဆးထိုးဖို႔လုပ္မွာ ျဖစ္ေၾကာင္း.NBC သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။
Pfizer BioNTech ကုမၸဏီတို႔ရဲ့ covid 19 ကာကြယ္ေဆးကို အေမရိကန္ႏုိင္ငံ တလႊားက ေဆးဝန္ထမ္းေတြနဲ႔ သက္ႀကီးေစာင့္ေရွာက္ေရးဌာနေတြက သက္ႀကီးရြယ္အိုေတြအတြက္ ပထမအသုတ္ ျဖန႔္ျဖဴးခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ အခုလို ဒုသမၼတ က ျပည္သူေတြ ယံုၾကည္မႈ ရွိလာေစဖို႔ ကာကြယ္ေဆးထိုးၿပီးျပသခဲ့တာ ျဖစ္ပါတယ္။.
ေနာက္ေဆးကုမၸဏီတခု ျဖစ္တဲ့ Moderna ထုတ္ကာကြယ္ေဆးကိုေတာ့ ၾကာသပေတးေန႔မွာပဲ FDA အႀကံေပးအဖြဲ႔က အေရးေပၚအသံုးျပဳဖို႔ အတည္ျပဳေပးခဲ့တာပါ။ အေမရိကန္ႏုိင္ငံမွာ ဒီေရာဂါနဲ႔ ေသဆံုးရသူ ၃ သိန္းေက်ာ္ေနၿပီး အကူးစက္ခံရသူက ၁၆.၃ သန္း ရွိေနတယ္လို႔ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပပါတယ္။
......................................................
{{Unicode}}
အမေရိကန် ဒုသမ္မတ Mike Pence နဲ့ ဒုသမ္မတကတော် Karen Pence တို့ဟာ သောကြာနေ့က သမ္မတအိမ်ဖြူ ဘေးက အုပ်ချုပ်ရေးရုံး အဆောက်အဦးထဲမှာ Covid 19 ကာကွယ်ဆေးထိုးခဲ့ကြပြီး ဒီဆေးဟာ စိတ်ချရပြီး ထိရောက်မှု ရှိတာကို ပြည်သူသိအောင် ပြသခဲ့ပါတယ်။
အခုလို သမိုင်းတွင်မယ့် ဒီသီတင်းပတ်ကုန်မှာ စုဝေးပြီး ကျနော်တို့အတွက် မေ ျှာ်လင့်ချက်တွေ ရှိလာနေပြီဆိုတာကို အမေရိကန်ပြည်သူတွေကို ပြသနိုင်ပါပြီ။ ဒီစိတ်ချရပြီး ထိရောက်မှုရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အမေရိကန်ပြည်သူတွေအတွက် ထုတ်နိုင်ပြီဆိုတာကို ကျနော်နဲ့ ဇနီး Karen တို့က လက်တွေ့ပြသနိုင်တဲ့အတွက် သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ပါပဲ လို့ ဒုသမတ Pence က ပြောသွားတာပါ။
Walter Reed စစ်ဆေးရုံက အမှုထမ်းတွေက ဒုသမ္မတနဲ့ဇနီးကို ကာကွယ်ဆေးထိုးပေးခဲ့တာဖြစ်ပြီး တဆက်ထည်းမှာပဲ အမေရိကန် လူထုကျန်းမာရေး ဝန်ဆောင်မှုဌာန အကြီးအကဲ Surgeon General Jerome Adams လည်း ကာကွယ်ဆေးထိုးခဲ့ပါတယ်။ ဒီကာကွယ်ဆေးဟာ ၂ ကြိမ်ထိုးဖို့လိုအပ်တာဖြစ်ပြီး နောက် ၂၁ ရက်အကြာမှာ ဒုတိယတလုံးထပ်ထိုးရမှာ ဖြစ်ပါတယ်။
အရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင် ကတော့ သူဟာ လာမယ့် သီတင်းပတ်ထဲမှာ ကာကွယ်ဆေးထိုးဖို့လုပ်မှာ ဖြစ်ကြောင်း.NBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pfizer BioNTech ကုမ္ပဏီတို့ရဲ့ covid 19 ကာကွယ်ဆေးကို အမေရိကန်နိုင်ငံ တလွှားက ဆေးဝန်ထမ်းတွေနဲ့ သက်ကြီးစောင့်ရှောက်ရေးဌာနတွေက သက်ကြီးရွယ်အိုတွေအတွက် ပထမအသုတ် ဖြန့်ဖြူးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဒုသမ္မတ က ပြည်သူတွေ ယုံကြည်မှု ရှိလာစေဖို့ ကာကွယ်ဆေးထိုးပြီးပြသခဲ့တာ ဖြစ်ပါတယ်။.
နောက်ဆေးကုမ္ပဏီတခု ဖြစ်တဲ့ Moderna ထုတ်ကာကွယ်ဆေးကိုတော့ ကြာသပတေးနေ့မှာပဲ FDA အကြံပေးအဖွဲ့က အရေးပေါ်အသုံးပြုဖို့ အတည်ပြုပေးခဲ့တာပါ။ အမေရိကန်နိုင်ငံမှာ ဒီရောဂါနဲ့ သေဆုံးရသူ ၃ သိန်းကျော်နေပြီး အကူးစက်ခံရသူက ၁၆.၃ သန်း ရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။