သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ခေါင်းဆောင်တချို့ရဲ့ Valentine’s Day အမှတ်တရ


အမေရိကန် ဒုတိယသမ္မတ Mike Pence ဇနီး Karen အတွက် ချစ်သူများနေ့ အမှတ်တရ ပန်းစည်းဝယ် (၁၄ ဖေဖေါ်ဝါရီ ၂၀၁၇)
အမေရိကန် ဒုတိယသမ္မတ Mike Pence ဇနီး Karen အတွက် ချစ်သူများနေ့ အမှတ်တရ ပန်းစည်းဝယ် (၁၄ ဖေဖေါ်ဝါရီ ၂၀၁၇)

အမေရိကန် ဒုတိယသမ္မတ Mike Pence က သူ့ဇနီး Karen အတွက် Valentine’s Day ချစ်သူများနေ့ အမှတ်တရ ပန်းစည်းပေးဖို့ ဈေးဆိုင်မှာ ဆင်းဝယ်နေတဲ့ ဓါတ်ပုံကို C-Span သတင်းထောက်က အမိအရ ရိုက်ကူးပြီး အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ အဲဒီပုံကို တွေ့ခဲ့ရတဲ့ ဒုသမ္မတက သူ့ဇနီးအတွက် ဒီပန်းစည်းဟာ သူတို့ရဲ့ ၃၄ ကြိမ်မြောက် Valentine’s Day အမှတ်တရ ဖြစ်တဲ့အကြောင်း Twitter ကနေ တုန့်ပြန်ဖြေကြား ခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း Barak Obama နဲ့ ဇနီး Michelle တို့ကတော့ Valentine’s Day ချစ်သူများနေ့အဖြစ် အင်္ဂါနေ့က တဦးနဲ့တဦး အင်တာနက် Twitter ပေါ်ကနေ အမှတ်တရ စကားတွေ ပါးခဲ့ကြပါတယ်။ အိမ်ထောင်သက် ၂၈နှစ် ရှိပေမယ့် တဦးပေါ်တဦး မေတ္တာမပျက်တဲ့ အကြောင်း အပြန်အလှန် ရေးသားခဲ့ကြပါတယ်။

ပါကစ္စတန်မှာတော့ အစ္စလမ်မာဘတ် အထက်တရားရုံးက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာကျရောက်တဲ့ Valentine’s Day ဟာ အကျင့်စာရိတ္တ ကို ပျက်ပြားစေတဲ့အတွက် ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေဗီးယားမှာလည်း Valentine’s Day ဆင်နွှဲမှုကို ပိတ်ပင်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အမှတ်တရ နှုတ်ဆက်ကဒ်ပြားတွေ ထုတ်တဲ့လုပ်ငန်းမှာ အကြီးဆုံးဖြစ်တဲ့ Hallmark ကဒ်ကုမ္ပဏီက ၁၉၁၃ ခုနှစ်က စတင်ပြီး Valentine’s Day ကဒ်ပြားတွေ ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် အမေရိကန် စားသုံးသူတွေအနေနဲ့ Valentine’s Day လက်ဆောင်တွေ ပေးရာမှာ လက်ဝတ်ရတနာ ဝယ်ယူတဲ့တန်ဘိုး ဒေါ်လာ ၄.၃ ဘီလျံရှိပြီး၊ ပန်းစည်းတွေအတွက် ဒေါ်လာ၂ ဘီလျံနဲ့ Valentine’s Day ကဒ်ပြားတွေအတွက် ၁ ဘီလျံဒေါ်လာ ရှိတဲ့အကြောင်း အမေရိကန် လက်လီအရောင်းအဝယ်သမဂ္ဂက စာရင်းထုတ်ပြန် ခဲ့ပါတယ်။

XS
SM
MD
LG