{{Zawgyi/Unicode}}
Covid 19 ကာကြယ္ေဆးကို အီးယူ ဥေရာပသမဂၢ ႏိုင္ငံေတြမွာ ဒီဇင္ဘာလ ၂၇ ရက္ေန႔က စၿပီး ထိုးေပးဖို႔ စီစဥ္ေနပါၿပီ။
ကာကြယ္ေဆးကို အတည္ျပဳေပးဖို႔ ေႏွးေကြးေနတာအတြက္ အေဝဖန္ခံေနရတဲ့ အီးယူဟာ ၿဗိတိန္နဲ႔ အေမရိကန္ႏုိင္ငံေတြကို အမွီလိုက္ဖို႔ ႀကိဳးစားေနတာ ျဖစ္ၿပီး ေနာက္ ဆယ္ရက္ေလာက္ အၾကာမွာ အီးယူအဖြဲ႔ဝင္ႏိုင္ငံေတမွာ ေဆးစတင္ထိုးႏွံေပးႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း ဂ်ာမဏီက်န္းမာေရးဝန္ႀကီး Jens Spahn က ၾကာသပေတးေန႔မွာ ေျပာပါတယ္။
တကယ္လို႔ ဒီဇင္ဘာ ၂၁ နဲ႔ ၂၃ ရက္ေတြမွာ စီစဥ္ထားတဲ့အတိုင္း ကာကြယ္ေဆးကို ပထမ EMA -ဥေရာပေဆးအဖြဲ႔ ေနာက္ ဥေရာပေကာ္မရွင္ကေန အတည္ျပဳေပးလိုက္မယ္ ဆိုရင္ ဂ်ာမဏီႏိုင္ငံမွာ ဒီဇင္ဘာလ ၂၇ ရက္ကစၿပီး ထိုးေပးဖို႔လုပ္ေတာ့မွာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။ ဒါ့အျပင္ တျခား အီးယူအဖြဲ႔ဝင္ ႏုိင္ငံေတြလည္း ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ စထိုးဖို႔ လုပ္ခ်င္ၾကမွာပါ လို႔ ေျပာပါတယ္။
ဂ်ာမဏီက်န္းမာေရးဝန္ႀကီးဟာ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel၊Pfizer နဲ႔ ကာကြယ္ေဆးပူးတြဲထုတ္တဲ့ ဂ်ာမဏီက BioNTech က အမႈေဆာင္အရာရွိေတြနဲ႔ အြန္လိုင္းေဆြးေႏြးပြဲမလုပ္ခင္ ေျပာၾကားခဲ့တာပါ။
ဂ်ာမဏီႏိုင္ငံ Frankfurt မွာ ေတာ့ လူေပါင္း ၄ ေထာင္ေလာက္ကို ကာကြယ္ေဆးထိုးေပးႏိုင္တဲ့ စင္တာ အသစ္တခုကိုဖြင့္ထားၿပီး Covid 19 ကာကြယ္ေဆးထိုးေရး လုပ္ငန္းအတြက္ ျပင္ဆင္ထားတာပါ။
ဂ်ာမဏီႏိုင္ငံအေနနဲ႔ အီးယူဥေရာပသမဂၢရဲ့ စည္းကမ္းကိုလိုက္နာၿပီး ဥေရာပေဆးအဖြဲ႔ EMA က ကာကြယ္ေဆးကို အတည္ျပဳေပးတဲ့အထိ ေစာင့္ေနတာ ျဖစ္ပါတယ္။ EMA က ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာ အတည္ျပဳခ်က္ ထုတ္ျပန္ဖို႔ရွိပါတယ္။
ၿဗိတိန္ႏိုင္ငံမွာ လူေပါင္း တသိန္း ၄ ေသာင္းေလာက္ ကာကြယ္ေဆးထိုးၿပီးၿပီျဖစ္ေၾကာင္း BioNTech က ေဆးဘက္အႀကီးအကဲ Oezlem Tuereci က ေဆြးေႏြးပြဲမွာ ေျပာပါတယ္။
ဒါ့အျပင္ အီးယူႏိုင္ငံအားလံုးမွာ ဒီကာကြယ္ေဆးကို စထိုးေပးႏိုင္ဖုိ႔ ဝန္ထမ္းေတြ အလုပ္လုပ္ေနၾကၿပီး ေနာက္ႏွစ္ ေဆာင္းရာသီေလာက္ဆိုရင္ ဒီကပ္ေရာဂါအတြက္ တားျမစ္ကန္႔သတ္မႈေတြ လုပ္စရာလိုေတာ့မွာ မဟုတ္ဖူးလို႔ ယံုၾကည္ေၾကာင္းလည္း ေျပာပါတယ္။
...........................................
{{Unicode}}
Covid 19 ကာကွယ်ဆေးကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး ထိုးပေးဖို့ စီစဉ်နေပါပြီ။
ကာကွယ်ဆေးကို အတည်ပြုပေးဖို့ နှေးကွေးနေတာအတွက် အဝေဖန်ခံနေရတဲ့ အီးယူဟာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို အမှီလိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး နောက် ဆယ်ရက်လောက် အကြာမှာ အီးယူအဖွဲ့ဝင်နိုင်ငံတေမှာ ဆေးစတင်ထိုးနှံပေးနိုင်တော့မှာ ဖြစ်ကြောင်း ဂျာမဏီကျန်းမာရေးဝန်ကြီး Jens Spahn က ကြာသပတေးနေ့မှာ ပြောပါတယ်။
"တကယ်လို့ ဒီဇင်ဘာ ၂၁ နဲ့ ၂၃ ရက်တွေမှာ စီစဉ်ထားတဲ့အတိုင်း ကာကွယ်ဆေးကို ပထမ EMA -ဥရောပဆေးအဖွဲ့ နောက် ဥရောပကော်မရှင်ကနေ အတည်ပြုပေးလိုက်မယ် ဆိုရင် ဂျာမဏီနိုင်ငံမှာ ဒီဇင်ဘာလ ၂၇ ရက်ကစပြီး ထိုးပေးဖို့ လုပ်တော့မှာ ဖြစ်ကြောင်း ပြောသွားတာပါ။ ဒါ့အပြင် တခြား အီးယူအဖွဲ့ဝင် နိုင်ငံတွေလည်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စထိုးဖို့ လုပ်ချင်ကြမှာပါ" လို့ ပြောပါတယ်။
ဂျာမဏီကျန်းမာရေးဝန်ကြီးဟာ ဂျာမဏီဝန်ကြီးချုပ် Angela Merkel၊ Pfizer နဲ့ ကာကွယ်ဆေးပူးတွဲထုတ်တဲ့ ဂျာမဏီက BioNTech က အမှုဆောင်အရာရှိတွေနဲ့ အွန်လိုင်းဆွေးနွေးပွဲမလုပ်ခင် ပြောကြားခဲ့တာပါ။
ဂျာမဏီနိုင်ငံ Frankfurt မှာ တော့ လူပေါင်း ၄ ထောင်လောက်ကို ကာကွယ်ဆေးထိုးပေးနိုင်တဲ့ စင်တာ အသစ်တခုကို ဖွင့်ထားပြီး Covid 19 ကာကွယ်ဆေးထိုးရေး လုပ်ငန်းအတွက် ပြင်ဆင်ထားတာပါ။ ဂျာမဏီနိုင်ငံအနေနဲ့ အီးယူဥရောပသမဂ္ဂရဲ့ စည်းကမ်းကိုလိုက်နာပြီး ဥရောပဆေးအဖွဲ့ EMA က ကာကွယ်ဆေးကို အတည်ပြုပေးတဲ့အထိ စောင့်နေတာ ဖြစ်ပါတယ်။ EMA က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အတည်ပြုချက် ထုတ်ပြန်ဖို့ရှိပါတယ်။
ဗြိတိန်နိုင်ငံမှာ လူပေါင်း တသိန်း ၄ သောင်းလောက် ကာကွယ်ဆေးထိုးပြီးပြီဖြစ်ကြောင်း BioNTech က ဆေးဘက်အကြီးအကဲ Oezlem Tuereci က ဆွေးနွေးပွဲမှာ ပြောပါတယ်။
ဒါ့အပြင် အီးယူနိုင်ငံအားလုံးမှာ ဒီကာကွယ်ဆေးကို စထိုးပေးနိုင်ဖို့ ဝန်ထမ်းတွေ အလုပ်လုပ်နေကြပြီး နောက်နှစ် ဆောင်းရာသီလောက်ဆိုရင် ဒီကပ်ရောဂါအတွက် တားမြစ်ကန့်သတ်မှုတွေ လုပ်စရာလိုတော့မှာ မဟုတ်ဖူးလို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။