သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ဖမ္းထားတဲ့ သတင္းသမားေတြ လႊတ္ေပးဖို႔ EU ေတာင္းဆို


ဖမ္းဆီးခံထားရတဲ့ တ႐ုတ္ႏြယ္ဖြား ဩစေၾတးလ် သတင္းေထာက္ Cheng Lei. (ၾသဂုတ္ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

သတင္းေရးသားခ်က္ေတြေၾကာင့္ တ႐ုတ္ႏုိင္ငံမွာ ဖမ္းဆီးခံေနရတဲ့ သတင္းသမားေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔ EU ဥေရာပသမဂၢက တ႐ုတ္ႏုိင္ငံကို တိုက္တြန္းလိုက္ပါတယ္။ Bloomberg News သတင္းဌာနက ဝန္ထမ္းတေယာက္ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံသူ Haze Fan ဖမ္းဆီးခံရအၿပီးမွာ EU က အခုလို တိုက္တြန္းလိုက္တာပါ။

Haze Fan ကို အရပ္ဝတ္နဲ႔ တ႐ုတ္ လုံၿခဳံေရးအရာရွိေတြက ၿပီးခဲ့တဲ့ တနလၤာေန႔က ဖမ္းဆီးေခၚေဆာင္သြားတာလို႔ Bloomberg သတင္းဌာနက ေျပာပါတယ္။ တ႐ုတ္အစိုးရကေတာ့ အမ်ိဳးသားလုံၿခဳံေရးကို အႏၲရာယ္ ျပဳေနတာေၾကာင့္ သူ႔ကို ထိန္းသိမ္းရတာလို႔ ေျပာပါတယ္။

သတင္းေရးသားတာနဲ႔ ဆက္ႏႊယ္ၿပီး ဖမ္းဆီးခံထားရသူအားလုံး ခ်က္ခ်င္း ျပန္လႊတ္ေပးသင့္ေၾကာင္း၊ သတင္းေရးသားတာေၾကာင့္ ဒီႏွစ္ထဲ တ႐ုတ္သတင္းသမားေတြနဲ႔ ႏုိင္ငံသားေတြ မေတြ႔ေတာ့ဘဲ ေပ်ာက္သြားတာ၊ ထိန္းသိမ္းခံရတာနဲ႔ ေႏွာင့္ယွက္ခံရတာ ရွိေၾကာင္းလည္း EU အဖြဲ႔ ေျပာခြင့္ရရဲ႕ စေနေန႔က ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ထိန္းသိမ္းခံေနရတဲ့ Fan ကို လိုအပ္ရင္ က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔၊ သူ႔ကိုယ္ပိုင္ေရွ႕ေန ခန္႔အပ္ႏုိင္ဖို႔နဲ႔ မိသားစုနဲ႔ ဆက္သြယ္ႏိုင္ဖို႔ တ႐ုတ္အာဏာပိုင္ေတြက ခြင့္ျပဳမယ္လို႔ ေမၽွာ္လင့္ေၾကာင္းလည္း EU ရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ Fan ရဲ႕အမႈကို စစ္ေဆးေနဆဲလို႔ ေျပာပါတယ္။

တ႐ုတ္အစိုးရက တ႐ုတ္ႏုိင္ငံသားေတြကို ႏုိင္ငံျခားသတင္းဌာနေတြအတြက္ သတင္းေထာက္ေတြအျဖစ္ လုပ္ခြင့္မေပးဘဲ သတင္းအကူ လက္ေထာက္ေတြအျဖစ္သာ လုပ္ခြင့္ျပဳပါတယ္။

တ႐ုတ္ႏြယ္ဖြား ဩစေၾတးလ် သတင္းေထာက္ Cheng Lei အဖမ္းခံရအၿပီး လအေတာ္ၾကာမွာ Fan အခုလို အဖမ္းခံရတာ ျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံပိုင္ CGTN ႐ုပ္သံမွာ သတင္းေၾကညာသူျဖစ္တဲ့ Cheng Lei ဟာ အဖမ္းခံရၿပီးကတည္းက အခုအခ်ိန္ထိ ေပ်ာက္ကြယ္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

တရုတ်ဖမ်းထားတဲ့ သတင်းသမားတွေ လွှတ်ပေးဖို့ EU တောင်းဆို

သတင်းရေးသားချက်တွေကြောင့် တရုတ်နိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ EU ဥရောပသမဂ္ဂက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ Bloomberg News သတင်းဌာနက ဝန်ထမ်းတယောက်ဖြစ်တဲ့ တရုတ်နိုင်ငံသူ Haze Fan ဖမ်းဆီးခံရအပြီးမှာ EU က အခုလို တိုက်တွန်းလိုက်တာပါ။

Haze Fan ကို အရပ်ဝတ်နဲ့ တရုတ် လုံခြုံရေးအရာရှိတွေက ပြီးခဲ့တဲ့ တနင်္လာနေ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ Bloomberg သတင်းဌာနက ပြောပါတယ်။ တရုတ်အစိုးရကတော့ အမျိုးသားလုံခြုံရေးကို အန္တရာယ် ပြုနေတာကြောင့် သူ့ကို ထိန်းသိမ်းရတာလို့ ပြောပါတယ်။

သတင်းရေးသားတာနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူအားလုံး ချက်ချင်း ပြန်လွှတ်ပေးသင့်ကြောင်း၊ သတင်းရေးသားတာကြောင့် ဒီနှစ်ထဲ တရုတ်သတင်းသမားတွေနဲ့ နိုင်ငံသားတွေ မတွေ့တော့ဘဲ ပျောက်သွားတာ၊ ထိန်းသိမ်းခံရတာနဲ့ နှောင့်ယှက်ခံရတာ ရှိကြောင်းလည်း EU အဖွဲ့ ပြောခွင့်ရရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိန်းသိမ်းခံနေရတဲ့ Fan ကို လိုအပ်ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ သူ့ကိုယ်ပိုင်ရှေ့နေ ခန့်အပ်နိုင်ဖို့နဲ့ မိသားစုနဲ့ ဆက်သွယ်နိုင်ဖို့ တရုတ်အာဏာပိုင်တွေက ခွင့်ပြုမယ်လို့ မျှော်လင့်ကြောင်းလည်း EU ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ Fan ရဲ့အမှုကို စစ်ဆေးနေဆဲလို့ ပြောပါတယ်။

တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို နိုင်ငံခြားသတင်းဌာနတွေအတွက် သတင်းထောက်တွေအဖြစ် လုပ်ခွင့်မပေးဘဲ သတင်းအကူ လက်ထောက်တွေအဖြစ်သာ လုပ်ခွင့်ပြုပါတယ်။

တရုတ်နွယ်ဖွား ဩစတြေးလျ သတင်းထောက် Cheng Lei အဖမ်းခံရအပြီး လအတော်ကြာမှာ Fan အခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင် CGTN ရုပ်သံမှာ သတင်းကြေညာသူဖြစ်တဲ့ Cheng Lei ဟာ အဖမ်းခံရပြီးကတည်းက အခုအချိန်ထိ ပျောက်ကွယ်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG