{{Zawgyi/Unicode}}
EUဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ တစ်နေ့တည်း တစ်ပြိုင်တည်းCOVID-19ကာကွယ်ဆေး စတင် ထိုးနှံသွားဖို့ ရည်ရွယ်ထားကြောင်း ဥရောပကော်မရှင်ဥက္ကဌ Ursula Von der Leyen က ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအကြား ညီညွတ်မှုကို ပြသတဲ့အနေနဲ့ ဒီနှစ်မကုန်ခင် တစ်ရက်ရက်မှာ ကာကွယ်ဆေး စတင် ထိုးနှံသွားမှာ ဖြစ်ပါတယ်။
"နိုင်ငံ ၂၇ နိုင်ငံ အတူတကွ ကာကွယ်ဆေး အမြန်ဆုံး စတင်ထိုးနှံကြပါစို့"။ "ကပ်ရောဂါကို ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်နေသလို ကာကွယ်ဆေးကိုလည်း တစ်နေ့တည်း တစ်ပြိုင်နက်တည်း စတင် ထိုးနှံကြပါမယ်"။ "ဒီစက်ဆုပ်ဖွယ်ရာ ဗိုင်းရပ်စ်ကို အတူတကွ ညီညီညွတ်ညွတ် တိုက်ဖျက်ကြပါစို့ " လို့ EUကော်မရှင် ဥက္ကဌ Ursula Von der Leyen က ဗုဒ္ဓဟူးနေ့က Brusselsမြို့က ဥရောပ ပါလီမန်မှာ ပြောပါတယ်။
EUရဲ့ ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့ဖြစ်တဲ့ ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီ(EMA)ကPfizer/BioNTech ကုမ္ပဏီထုတ် ကာကွယ်ဆေးကို သုံးစွဲခွင့် အတည်ပြုပေးနိုင်ဖို့ရှေ့အပတ်မှာဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဗြိတိန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေမှာ အဲဒီ ကာကွယ်ဆေးကို သုံးစွဲခွင့်ပြုပြီးလို့ စတင် ထိုးနှံနေချိန်မှာ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ဆေး သုံးစွဲဖို့အတည်ပြုချက်ကို အခုလိုစောင့်ဆိုင်းနေရတာပါ။
အင်္ဂါနေ့ကတော့ ဂျာမန် ကျန်းမာရေးဝန်ကြီးJens Spahnက ဥရောပသားတွေအနေနဲ့ ဖြစ်စဉ်ကို ခပ်မြန်မြန် လုပ်ဆောင်လိုပေမယ့် ကာကွယ်ဆေးကို သေသေချာချာ ဆန်းစစ်ဖို့နဲ့ ကာကွယ်ဆေးတွေကို ညှိညှိနှိုင်းနှိုင်း ဖြန့်ဖြူးပေးဖို့ လိုအပ်တာကြောင့် အခုလို ဥရောပ ဆေးဝါးဆိုင်ရာ အေဂျင်စီ(EMA)ကို စောင့်ဆိုင်းရယူရတာလို့ ပြောပါတယ်။ ဒါမှ ဘယ်EUအဖွဲ့ဝင်နိုင်ငံမှ နောက်ကျန်မနေရစ်ခဲ့မှာလို့လည်းပြောပါတယ်။
ဂျာမနီနိုင်ငံက လောလောဆယ် ဥရောပသမဂ္ဂရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်ပါတယ်။
ကပ်ရောဂါ ပျောက်ကွယ်သွားဖို့အရေး လူဦးရေ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံဖို့လိုအပ်ကြောင်းနဲ့ ဒါကအင်မတန်ကြီးမားတဲ့ လုပ်ငန်းတာဝန်တစ်ခု ဖြစ်ကြောင်း ဥရောပ ကော်မရှင် ဥက္ကဌVon der Leyen က ပြောပါတယ်။
.....................................................
{{Unicode}}
ဂြာမနီနိုငျငံက လောလောဆယျ ဥရောပသမဂ်ဂရဲ့ အလှည့ျကြ ဥက်ကဌ ဖွဈပါတယျ။