သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုကို ညီညွတ်မှုစွမ်းအားနဲ့ EU တိုက်ဖျက်မည်


ဂျာမနီပြည်ထဲရေးဝန်ကြီး Horst Seehofer. (ဇူလိုင် ၂၃၊ ၂၀၂၀)
ဂျာမနီပြည်ထဲရေးဝန်ကြီး Horst Seehofer. (ဇူလိုင် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေကြား စည်းလုံးညီညွတ်မှု စွမ်းအားကို အကြမ်းဖက်ဝါဒစွဲက ဖြိုခွင်းလို့ မရနိုင်ဘူးလို့ ဂျာမနီပြည်ထဲရေးဝန်ကြီး Horst Seehofer က သောကြာနေ့ ဘာလင်မှာပြုလုပ်တဲ့ အီးယူ ပြည်ထဲရေးဝန်ကြီးတွေရဲ့ အွန်လိုင်းအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

“တကယ်လို့ အကြမ်းဖက်ဝါဒစွဲနဲ့ ပတ်သက်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံတွေကြား စည်းလုံးညီညွတ်မှု ရှိမယ်ဆိုရင် ဒီအင်အားက ကြီးမားတဲ့အတွက် ရေရှည်မှာ ဥရောပအတွက် ဒီဝါဒစွဲက ထိုးဖောက်လို့ရမှာ မဟုတ်ကြောင်း” ဂျာမန်ဘာသာနဲ့ ပြောသွားတာပါ။

အစ္စလာမ်စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်သစ်နိုင်ငံ ပါရီ၊ Nice နဲ့ သြစတြီးယားက ဗီယင်နာမြို့တွေမှာ တလအတွင်း လူ ၈ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အီးယူအနေနဲ့ ဘာသာရေးအရ တိုက်ခိုက်တာမဟုတ်ဘဲ အကြမ်းဖက်တဲ့ ဘယ်အစွန်းရောက် လုပ်ဆောင်မှုမျိုးကိုမဆို ဆန့်ကျင်တိုက်ဖျက်မှာ ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Horst က ပြောပါတယ်။

ဒီလိုတိုက်ဖျက်ရာမှာ အီးယူနယ်နိမိတ်ထဲ ဘယ်သူဝင်လာပြီး ဘယ်သူထွက်သွားတယ် ဆိုတာကို အီးယူက သိဖို့လိုတဲ့အပြင် ဒီနယ်စပ်ဒေသတွေမှာ လုံခြုံရေး အထူးခိုင်မာအောင်လုပ်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ကလည်း ဥရောပဒေသမှာရှိတဲ့ Schengen လွတ်လပ်စွာ သွားလာခွင့်ရှိတဲ့ နယ်မြေမှာ ဝင်ထွက်သွားလာမှု သိပ်လွယ်ကူတာဟာ ပြဿနာရှိတဲ့အတွက် အမြန်အရေးယူ ဆောင်ရွက်ဖို့ တနင်္လာနေ့မှာပဲ ပြောခဲ့တာပါ။

Nice နဲ့ ဗီယင်နာ တိုက်ခိုက်မှုတွေမှာ ပါဝင်လုပ်ဆောင်သူတွေဟာ Schengen နိုင်ငံတွေကြားမှာ လွတ်လပ်စွာ သွားလာခဲ့သူတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)









XS
SM
MD
LG