သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nice ၿမိဳ႕ မွာ ဓားနဲ႔ တိုက္ခိုက္သူ အၾကမ္းဖက္သမား ကို ျပင္သစ္အာဏာပိုင္ေတြ ေဖာ္ထုတ္ 


Nice က Notre Dame ဘုရားေက်ာင္းေရွ႕ရဲမ်ား

(Zawgyi/Unicode)

ျပင္သစ္ႏုိင္ငံေတာင္ပိုင္း Nice ၿမိဳ႕မွာ လူ ၃ ဦးကို ေသေစတဲ့ ဓါးသမားဟာ အသက္ ၂၁ ႏွစ္ အရြယ္ တူနီးရွား ႏုိ္င္ငံသား Brahim Aouissaoui ျဖစ္ေၾကာင္း ျပင္သစ္အာဏာပိုင္ေတြက ေျပာပါတယ္။

သူဟာ စက္တင္ဘာလတုန္းက အီတလီႏိုင္ငံ Lampedusa ကၽြန္းကို ေလွနဲ႔ ေရာက္လာတာ ျဖစ္ေၾကာင္း ရို္က္တာ သတင္းမွာ ေဖၚျပပါတယ္။ သူဟာ ျပင္သစ္ႏုိင္ငံကို ဒီလ အေစာပိုင္းမွာ ေရာက္လာတာ ျဖစ္ပါတယ္။

Aouissaoui ဟာ တူနီးရွားအစိုးရရဲ့ စစ္ေသြးၾကြစာရင္းထဲမွာ မပါသလို ျပင္သစ္ေထာက္လွမ္းေရး ေတြရဲ႕ ေစာင့္ၾကည့္ခံရသူတဦးလည္း မဟုတ္ဖူးလို႔ ရိုက္တာကေျပာပါတယ္။ အခု တိုက္ခိုက္မႈကို အၾကမ္းဖက္ဝါဒစြဲလုပ္ရပ္ တခု အျဖစ္ သတ္မွတ္ထားၿပီး ျပင္သစ္အစိုးရက လံုၿခံဳေရး အဆင့္ကို အျမင့္ဆံုး အျဖစ္ ျမွင့္တင္ သတ္မွတ္ ထားပါတယ္။

Nice က Notre Dame ဘုရားေက်ာင္းထဲမွာ ၂ ဦး အသတ္ခံခဲ့ရတာျဖစ္ၿပီး ေနာက္တဦးက ဘုရားေက်ာင္းထဲကေန ဒဏ္ရာနဲ႔ ထြက္ေျပးၿပီး မၾကာခင္ ေသဆံုးခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ၾကာသပေတးေန႔ ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈအတြက္ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က ျပင္းျပင္းထန္ထန္ ရံႈ႕ခ်ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stéphane Dujarric က ၾကာသပေတးေန႔ ကုလသမဂၢရံုးခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

“Nice ၿမိဳ႕က Notre Dame ဘုရားေက်ာင္းမွာ ဒီကေန႔ ျဖစ္ပြားခဲ့တဲ့ အလြန္စက္ဆုပ္ဖြယ္ေကာင္းတဲ့ တုိက္ခိုက္မႈအတြက္ အတြင္းေရးမွဴးခ်ဳပ္က ျပင္းျပင္းထန္ထန္ ရံႈ႕ခ်ေၾကာင္း ေၾကာင္း ေျပာသြားတာပါ။ ဒါ့အျပင္ ေသဆံုးခဲ့ရသူေတြရဲ့ မိသားစုဝင္ေတြနဲ႔ ထပ္တူဝမ္းနည္းရပါေၾကာင္းနဲ႔ ကုလသမဂၢ အေနနဲ႔ ျပင္သစ္အစိုးရနဲ႔ေရာ ျပည္သူေတြနဲ႔ပါ တသားထည္း ရွိပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။”

ဒီအတိုက္ခိုက္ခံရမႈ အတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း ျပင္းျပင္းထန္ထန္ ရံႈ႕ခ်လိုက္ၿပီး အၾကမ္းဖက္တိုက္ခိုက္မႈေတြ ရပ္ဆိုင္းဖို႔ ၾကာသပေတးေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

Nice က ဘုရားေက်ာင္းမွာ ဓါးသမားရဲ့ တိုက္ခိုက္မႈေၾကာင့္ ၃ ဦးေသဆံုးခဲ့ရတာ အတြက္ ျပင္သစ္ ျပည္သူေတြနဲ႔ထပ္တူ ေၾကကြဲရပါေၾကာင္း နဲ႔ အေမရိကန္ႏိုင္ငံဟာ သက္တမ္း အရွည္ဆံုး မဟာမိတ္ျဖစ္တဲ့ ျပင္သစ္နဲ႔အတူရပ္တည္ၿပီး တိုက္ပြဲဝင္သြားမွာ ျဖစ္ေၾကာင္း သမၼတထရမ့္က တြစ္တာကေန ေျပာပါတယ္။ အခုလို အစၥလန္ အစြန္းေရာက္ တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းပစ္ရမွာ ျဖစ္သလို ျပင္သစ္ တင္မကပဲ ဘယ္ႏုိင္ငံကမွ ဒီကိစၥကို လက္ခံမွာ မဟုတ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.............

Nice မြို့ မှာ ဓားနဲ့ တိုက်ခိုက်သူ အကြမ်းဖက်သမား ကို ပြင်သစ်အာဏာပိုင်တွေ ဖော်ထုတ်

(Unicode)

ပြင်သစ်နိုင်ငံတောင်ပိုင်း Nice မြို့မှာ လူ ၃ ဦးကို သေစေတဲ့ ဓါးသမားဟာ အသက် ၂၁ နှစ် အရွယ် တူနီးရှား နိုင်ငံသား Brahim Aouissaoui ဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

သူဟာ စက်တင်ဘာလတုန်းက အီတလီနိုင်ငံ Lampedusa ကျွန်းကို လှေနဲ့ ရောက်လာတာ ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။ သူဟာ ပြင်သစ်နိုင်ငံကို ဒီလ အစောပိုင်းမှာ ရောက်လာတာ ဖြစ်ပါတယ်။

Aouissaoui ဟာ တူနီးရှားအစိုးရရဲ့ စစ်သွေးကြွစာရင်းထဲမှာ မပါသလို ပြင်သစ်ထောက်လှမ်းရေး တွေရဲ့ စောင့်ကြည့်ခံရသူတဦးလည်း မဟုတ်ဖူးလို့ ရိုက်တာကပြောပါတယ်။ အခု တိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒစွဲလုပ်ရပ် တခု အဖြစ် သတ်မှတ်ထားပြီး ပြင်သစ်အစိုးရက လုံခြုံရေး အဆင့်ကို အမြင့်ဆုံး အဖြစ် မြှင့်တင် သတ်မှတ် ထားပါတယ်။

Nice က Notre Dame ဘုရားကျောင်းထဲမှာ ၂ ဦး အသတ်ခံခဲ့ရတာဖြစ်ပြီး နောက်တဦးက ဘုရားကျောင်းထဲကနေ ဒဏ်ရာနဲ့ ထွက်ပြေးပြီး မကြာခင် သေဆုံးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြာသပတေးနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွက် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က ကြာသပတေးနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“Nice မြို့က Notre Dame ဘုရားကျောင်းမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုအတွက် အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ကြောင်း ပြောသွားတာပါ။ ဒါ့အပြင် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းရပါကြောင်းနဲ့ ကုလသမဂ္ဂ အနေနဲ့ ပြင်သစ်အစိုးရနဲ့ရော ပြည်သူတွေနဲ့ပါ တသားထည်း ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။”

ဒီအတိုက်ခိုက်ခံရမှု အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

Nice က ဘုရားကျောင်းမှာ ဓါးသမားရဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးခဲ့ရတာ အတွက် ပြင်သစ် ပြည်သူတွေနဲ့ထပ်တူ ကြေကွဲရပါကြောင်း နဲ့ အမေရိကန်နိုင်ငံဟာ သက်တမ်း အရှည်ဆုံး မဟာမိတ်ဖြစ်တဲ့ ပြင်သစ်နဲ့အတူရပ်တည်ပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း သမ္မတထရမ့်က တွစ်တာကနေ ပြောပါတယ်။ အခုလို အစ္စလန် အစွန်းရောက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းပစ်ရမှာ ဖြစ်သလို ပြင်သစ် တင်မကပဲ ဘယ်နိုင်ငံကမှ ဒီကိစ္စကို လက်ခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG