သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပင္သစ္ႏုိင္ငံ၊ Nice ၿမိဳ႕မွာ ဓားနဲ႔တိုက္ခိုက္မႈ လူသံုးဦးေသဆံုး


ျပင္သစ္ႏုိင္ငံ Nice ၿမိဳ႕က ခရစ္ယာန္ဘုရားေက်ာင္းမွာ ဓားနဲ႔တိုက္ခိုက္မႈအျပီး ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျပင္သစ္ႏုိင္ငံ Nice ၿမိဳ႕က ခရစ္ယာန္ဘုရားေက်ာင္း တခုမွာ ဓားကိုင္ေဆာင္ထားတဲ့သူတစ္ေယာက္က တုိက္ခုိက္ခဲ့တာေၾကာင့္ လူ ၃ ေယာက္ေသဆုံးသြားခဲ့ပါတယ္။ အဲဒီဓားကိုင္ေဆာင္ထားတဲ့သူဟာ “Allahu Akbar လို႔ေအာ္ၿပီး အမ်ိဳးသမီးတဦးကို ေခါင္းျဖတ္သတ္ခဲ့သလို ေနာက္ထပ္ ႏွစ္ ေယာက္ကိုလည္း သတ္ခဲ့တယ္။" လို႔ ျပင္သစ္ရဲတပ္ဖဲြ႔နဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

Nice ၿမိဳ႕ေတာ္၀န္ Christian Estrosi ကေတာ့ ဒါဟာ အၾကမ္းဖက္၀ါဒစဲြကိုင္တဲ့ တုိက္ခုိက္မႈျဖစ္တယ္လို႔ Twitter ကေန ေျပာလိုက္ၿပီး ဒီတုိက္ခုိက္မႈဟာ Notre Dame ဘုရားေက်ာင္းနားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ တုိက္ခုိက္တဲ့သူကိုေတာ့ ရဲတပ္ဖဲြ႔က ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ ေျပာပါတယ္။ ဘုရားေက်ာင္းအတြင္းမွာ ေသဆုံးခဲ့တဲ့သူတစ္ေယာက္ဟာ ဘုရားေက်ာင္းရဲ႕ အႀကီးအကဲတစ္ေယာက္ျဖစ္တယ္လို႔ မွတ္ယူေၾကာင္း Estrosi က ေျပာပါတယ္။ အဲဒီ အၾကမ္းဖက္တုိက္ခုိက္သူဟာ ရဲတပ္ဖဲြ႔က သူ႔ကို ဖမ္းဆီးၿပီးတဲ့ေနာက္မွာေတာင္ Allahu Akabar ဆုိၿပီး ဆက္ၿပီးေတာ့ ေႂကြးေၾကာ္ေအာ္ဟစ္ေနတုန္းပဲလို႔ ေျပာပါတယ္။ ရဲတပ္ဖဲြ႔က သူ႔ကို ပစ္ခတ္ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဒဏ္ရာရသြားတဲ့အတြက္ သူ႔ကို ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ Nice ၿမိဳ႕ေတာ္၀န္က ေျပာပါတယ္။

ဒီတုိက္ခုိက္မႈေၾကာင့္ ၃ ေယာက္ ေသဆုံးခဲ့ၿပီး တျခားလူအမ်ားအျပားလည္း ဒဏ္ရာရသြားခဲ့တယ္လို႔ ေျပာပါတယ္။

ဒီျဖစ္ရပ္ကို စံုစမ္းစစ္ေဆးဖို႔ သူတို႔ကိုၫႊန္ၾကားထားတယ္လုိ႔ အၾကမ္းဖက္ဝါဒ တန္ျပန္တိုက္ဖ်က္ေရး ျပင္သစ္အစိုးရေရွ႕ေနဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြင်သစ်နိုင်ငံ၊ Nice မြို့မှာ ဓားနဲ့တိုက်ခိုက်မှု လူသုံးဦးသေဆုံး

ပြင်သစ်နိုင်ငံ Nice မြို့က ခရစ်ယာန်ဘုရားကျောင်း တခုမှာ ဓားကိုင်ဆောင်ထားတဲ့သူတစ်ယောက်က တိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ယောက်သေဆုံးသွားခဲ့ပါတယ်။ အဲဒီဓားကိုင်ဆောင်ထားတဲ့သူဟာ “Allahu Akbar လို့အော်ပြီး အမျိုးသမီးတဦးကို ခေါင်းဖြတ်သတ်ခဲ့သလို နောက်ထပ် နှစ် ယောက်ကိုလည်း သတ်ခဲ့တယ်။" လို့ ပြင်သစ်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Nice မြို့တော်ဝန် Christian Estrosi ကတော့ ဒါဟာ အကြမ်းဖက်ဝါဒစွဲကိုင်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ Twitter ကနေ ပြောလိုက်ပြီး ဒီတိုက်ခိုက်မှုဟာ Notre Dame ဘုရားကျောင်းနားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်တဲ့သူကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ပြောပါတယ်။ ဘုရားကျောင်းအတွင်းမှာ သေဆုံးခဲ့တဲ့သူတစ်ယောက်ဟာ ဘုရားကျောင်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်လို့ မှတ်ယူကြောင်း Estrosi က ပြောပါတယ်။ အဲဒီ အကြမ်းဖက်တိုက်ခိုက်သူဟာ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးပြီးတဲ့နောက်မှာတောင် Allahu Akabar ဆိုပြီး ဆက်ပြီးတော့ ကြွေးကြော်အော်ဟစ်နေတုန်းပဲလို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒဏ်ရာရသွားတဲ့အတွက် သူ့ကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ Nice မြို့တော်ဝန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ၃ ယောက် သေဆုံးခဲ့ပြီး တခြားလူအများအပြားလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ သူတို့ကိုညွှန်ကြားထားတယ်လို့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပြင်သစ်အစိုးရရှေ့နေဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG