သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင္႔ ျပင္သစ္တႏိုင္ငံလံုး လံုၿခံဳေရး အဆင္႔ျမွင္႔


(Zawgyi/Unicode)

ျပင္သစ္ႏိုင္ငံ Nice ၿမိဳ႕က ခရစ္ယာန္ဘုရားေက်ာင္းမွာ ၾကာသပေတးေန႔က ဓါးသမားတဦးက တိုက္ခိုက္ခဲ့တဲ့ အတြက္ လူ ၃ ဦးေ သဆံုးခဲ့ရတဲ့ ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ ျပင္သစ္အစိုးရက လံုၿခံဳေရးအေျခေနကို အျမင့္ဆံုး အဆင့္ တိုးၿပီး ထုတ္ျပန္လိုက္ပါတယ္။

ဒါ့အျပင္ နာရီအနည္းငယ္ အတြင္းမွာလည္း ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ lockdown လုပ္ၿပီး အသြားအလာ ပိတ္ပင္လိုက္ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ေက်ာင္းးဆရာတဦး ေခါင္းျဖတ္ အသတ္ခံရတာ အပါအဝင္ မြတ္ဆလင္အစြန္းေရာက္ေတြရဲ႕ တုိက္ခိုက္မႈကို ၂ လအတြင္း တတိယအႀကိမ္ ခံခဲ့ၾကရတာ ျဖစ္ပါတယ္။Nice ၿမိဳ႕ က Notre Dame ဘုရားေက်ာင္း မွာ ဓါးသမားရဲ႕ တိုက္ခိုက္မႈေၾကာင့္ ၃ ဦးေသဆံုးခဲ့ရသလုိ ျပင္သစ္ေတာင္ပိုင္းက Avignon ၿမိဳ႕မွာလည္း တိုက္ခိုက္မႈ ျဖစ္ပြါးခဲ့ၿပီး တုိက္ခိုက္သူကို ရဲက အေသရမိခဲ့တာပါ။ ဒီတုိက္ခိုက္မႈ ၂ ခုၾကား ဆက္ႏြယ္မႈ ရွိမရွိေတာ့ မသိရေသးပါဘူး။

ဒါ့အျပင္ ၾကာသပေတးေန႔မွာပဲ ေဆာ္ဒီအာေရဗ်က Jiddah မွာ ရွိတဲ့ ျပင္သစ္ေကာင္စစ္ရံုးကို ပစ္မွတ္ထားတဲ့ တုိက္ခိုက္မႈတခု ျဖစ္ပြါးခဲ့ပါတယ္။

ျပင္သစ္အစိုးရ အၾကမ္းဖက္ႏွိမ္နင္းေရး ဆိုင္ရာ အစိုးရေရွ႕ေနက အခု တိုက္ခိုက္မႈေတြ အတြက္ စံုစမ္းစစ္ေဆးဖို႔ စတင္လုပ္ေဆာင္ေနၿပီ ျဖစ္သလို ျပင္သစ္ႏိုင္ငံတြင္းက ေက်ာင္းေတြနဲ႔ ဘာသာေရးဆိုင္ရာ ေနရာေတြမွာ ကာကြယ္ေစာင့္ေရွာက္ဖို႕ လက္ရွိတပ္သား ၃၀၀၀ ခ်ထားရာကေန ၇၀၀၀ အထိ တိုးျမွင့္ ခ်ထားမွာ ျဖစ္ေၾကာင္း ျပင္သစ္သမၼတ Emmanuel Macron ကေျပာပါတယ္။

ဒီသီတင္းပတ္အေစာပိုင္းမွာပဲ ခရစ္ယာန္ဘုရားေက်ာင္းေတြနဲ႔ ဗလီဝတ္ေက်ာင္းေတြမွာ လံုၿခံဳေရး တိုးျမွင့္ခ်ထားဖုိ႔ ျပင္သစ္ရဲခ်ဳပ္က အမိန္႔ေပးထားတာ ျဖစ္ပါတယ္။ ျပင္သစ္က ခရစ္ယာန္ဘုရားေက်ာင္းေတြဟာ မၾကာခင္ ႏွစ္ေတြ အတြင္း အစြန္းေရာက္ေတြရဲ့ ရက္ရက္စက္စက္ တုိက္ခိုက္မႈေတြကို ခံခဲ့ၾကရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေး အဆင့်မြှင့်

(Unicode)

ပြင်သစ်နိုင်ငံ Nice မြို့က ခရစ်ယာန်ဘုရားကျောင်းမှာ ကြာသပတေးနေ့က ဓါးသမားတဦးက တိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၃ ဦးေ သဆုံးခဲ့ရတဲ့ နောက် ချက်ချင်းဆိုသလိုပဲ ပြင်သစ်အစိုးရက လုံခြုံရေးအခြေနေကို အမြင့်ဆုံး အဆင့် တိုးပြီး ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် နာရီအနည်းငယ် အတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ lockdown လုပ်ပြီး အသွားအလာ ပိတ်ပင်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျောင်းးဆရာတဦး ခေါင်းဖြတ် အသတ်ခံရတာ အပါအဝင် မွတ်ဆလင်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ၂ လအတွင်း တတိယအကြိမ် ခံခဲ့ကြရတာ ဖြစ်ပါတယ်။Nice မြို့ က Notre Dame ဘုရားကျောင်း မှာ ဓါးသမားရဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးခဲ့ရသလို ပြင်သစ်တောင်ပိုင်းက Avignon မြို့မှာလည်း တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပြီး တိုက်ခိုက်သူကို ရဲက အသေရမိခဲ့တာပါ။ ဒီတိုက်ခိုက်မှု ၂ ခုကြား ဆက်နွယ်မှု ရှိမရှိတော့ မသိရသေးပါဘူး။

ဒါ့အပြင် ကြာသပတေးနေ့မှာပဲ ဆော်ဒီအာရေဗျက Jiddah မှာ ရှိတဲ့ ပြင်သစ်ကောင်စစ်ရုံးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတခု ဖြစ်ပွါးခဲ့ပါတယ်။

ပြင်သစ်အစိုးရ အကြမ်းဖက်နှိမ်နင်းရေး ဆိုင်ရာ အစိုးရရှေ့နေက အခု တိုက်ခိုက်မှုတွေ အတွက် စုံစမ်းစစ်ဆေးဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်သလို ပြင်သစ်နိုင်ငံတွင်းက ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေမှာ ကာကွယ်စောင့်ရှောက်ဖို့ လက်ရှိတပ်သား ၃၀၀၀ ချထားရာကနေ ၇၀၀၀ အထိ တိုးမြှင့် ချထားမှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron ကပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာပဲ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီဝတ်ကျောင်းတွေမှာ လုံခြုံရေး တိုးမြှင့်ချထားဖို့ ပြင်သစ်ရဲချုပ်က အမိန့်ပေးထားတာ ဖြစ်ပါတယ်။ ပြင်သစ်က ခရစ်ယာန်ဘုရားကျောင်းတွေဟာ မကြာခင် နှစ်တွေ အတွင်း အစွန်းရောက်တွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုတွေကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG