[Zawgyi/Unicode]
Austria ႏုိင္ငံ၊ ဗီယင္နာၿမိဳ ႔မွာ လူ ၃ ဦးထက္မနည္းေသဆုံးၿပီး ၁၅ ေယာက္ထက္မနည္း ဒဏ္ရာရေစခဲ့တဲ့ တုိက္ခိုက္မႈ က်ဴးလြန္ခဲ့သူဟာ အစၥလာမ္မစ္ အၾကမ္းဖက္အုပ္စုကို ေထာက္ခံသူျဖစ္တယ္လို႔ Austria တာ၀န္ရွိသူေတြက အဂၤါေန႔မွာေျပာပါတယ္။
တုိက္ခိုက္မႈက်ဴးလြန္ခဲ့သူဟာ တိုက္ခိုက္ေရးသုံး ႐ိုင္ဖယ္ေသနတ္တလက္ကိုင္ထားၿပိီး ေဖာက္ခြဲေရးပစၥည္းအတုေတြ ကိုယ္မွာ၀တ္ဆင္ထားခဲ့တယ္လို႔ ျပည္ထဲေရး၀န္ႀကီး Karl Nehammer က အဂၤါေန႔မွာ ေျပာပါတယ္။ ရဲတို႔ရဲ ႔ပစ္ခတ္မႈေၾကာင့္ အဲဒီလူေသဆုံးသြားသလို ဒီတုိက္ခိုက္မႈမွာ ပူးေပါင္းပါ၀င္သူ ရွိသလားဆိုတာ စုံစမ္းစစ္ေဆးေနတယ္လို႔လည္း၀န္ႀကီး Nehammer ကေျပာပါတယ္။
အမ်ားျပည္သူနဲ႔ဆုိင္တဲ့ေနရာေတြနဲ႔ အမ်ားျပည္သူသုံး သယ္ယူပို႔ေဆာင္ေရးကို ေရွာင္ၾကဖို႔လည္း အာဏာပိုင္ေတြက အမ်ားျပည္သူကို တိုက္တြန္းထားပါတယ္။ ဗီယင္နာကေက်ာင္းသူေက်ာင္းသားေတြကိုလည္း အဂၤါေန႔မွာ ေက်ာင္းပ်က္ခြင့္ျပဳထားပါတယ္။ Austria ႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္မႈ တိုးလာတဲ့အတြက္ ေရာဂါထိန္းခ်ဳပ္ေရး ခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္တခ်ိဳ႕အသက္မ၀င္ခင္ နာရီပိုင္းအလို တနလၤာေန႔ေနွာင္းပိုင္းက ဗီယင္နာၿမိဳ႕ ေနရာ ၆ ခုမွာ ပစ္ခတ္မႈျဖစ္ပါြးခဲ့တာပါ။ ေသဆုံးသူေတြထဲမွာ အမ်ိဳးသား ႏွစ္ ဦး၊ အမ်ိဳးသမီး တစ္ ဦးပါ၀င္ၿပီး ဒဏ္ရာရသူေတြထဲမွာ ရဲအရာရွိတဦးလည္း ပါ၀င္ပါတယ္။
[Unicode Version]
Vienna တိုက်ခိုက်မှု IS လိုလားသူလက်ချက်ဖြစ်
Austria နိုင်ငံ၊ ဗီယင်နာမြို့မှာ လူ ၃ ဦးထက်မနည်းသေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရစေခဲ့တဲ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့သူဟာ အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုကို ထောက်ခံသူဖြစ်တယ်လို့ Austria တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။
တိုက်ခိုက်မှုကျူးလွန်ခဲ့သူဟာ တိုက်ခိုက်ရေးသုံး ရိုင်ဖယ်သေနတ်တလက်ကိုင်ထားပြီး ဖောက်ခွဲရေးပစ္စည်းအတုတွေ ကိုယ်မှာဝတ်ဆင်ထားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Karl Nehammer က အင်္ဂါနေ့မှာ ပြောပါတယ်။ ရဲတို့ရဲ့ပစ်ခတ်မှုကြောင့် အဲဒီလူသေဆုံးသွားသလို ဒီတိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်သူ ရှိသလားဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့လည်းဝန်ကြီး Nehammer ကပြောပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ရှောင်ကြဖို့လည်း အာဏာပိုင်တွေက အများပြည်သူကို တိုက်တွန်းထားပါတယ်။ ဗီယင်နာကကျောင်းသူကျောင်းသားတွေကိုလည်း အင်္ဂါနေ့မှာ ကျောင်းပျက်ခွင့်ပြုထားပါတယ်။ Austria နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု တိုးလာတဲ့အတွက် ရောဂါထိန်းချုပ်ရေး ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့အသက်မဝင်ခင် နာရီပိုင်းအလို တနင်္လာနေ့နှောင်းပိုင်းက ဗီယင်နာမြို့ နေရာ ၆ ခုမှာ ပစ်ခတ်မှုဖြစ်ပါွးခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အမျိုးသား နှစ် ဦး၊ အမျိုးသမီး တစ် ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ရဲအရာရှိတဦးလည်း ပါဝင်ပါတယ်။