သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nice အၾကမ္းဖက္တိုက္ခိုက္မႈနဲ႔ ဆက္ႏႊယ္တဲ့ တတိယလူ ျပင္သစ္အာဏာပိုင္ေတြ ဖမ္းဆီး


ျပင္သစ္မွာ အၾကမ္းဖက္တုိက္ခုိက္မႈေၾကာင့္ လုံၿခဳံေရး တင္းက်ပ္စြာခ်ထားတဲ့ျမင္ကြင္း။

(Zawgyi / Unicode)

ျပင္သစ္ႏိုင္ငံ Nice ၿမိဳ႕ Notre Dame က လူ ၃ ဦး ေသဆံုးခဲ့ရတဲ့ ဓားနဲ႔တိုက္ခိုက္မႈမွာ ဆက္ႏႊယ္ေနတဲ့ တတိယေျမာက္ သံသယရွိသူကို စေနေန႔က ျပင္သစ္အာဏာပိုုင္ေတြ ဖမ္းဆီးခဲ့ပါတယ္။

ဓားနဲ႔တိုက္ခိုက္သူဟာ အသက္ ၂၁ ႏွစ္အရြယ္ တူနီးရွားႏိုင္ငံသား Ibrahim Issaoui ျဖစ္ၿပီး သူဟာ တူနီးရွားကေန စက္တင္ဘာ ၂၀ မွာ အီတလီႏိုင္ငံ Lampedusa ကၽြန္းကို ေရာက္လာၿပီး ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕ကို ေအာက္တိုဘာလ ၉ ရက္ေန႔မွာ ေရာက္ရွိလာတာ ျဖစ္ပါတယ္။

ဒီတိုက္ခိုက္မႈအတြက္ သူ႔တဦးတည္းကပဲ လုပ္ေဆာင္တာ ဟုတ္မဟုတ္နဲ႔ ႀကိဳတင္ႀကံစည္မႈ ရွိမရွိကို သိရဖို႔ ျပင္သစ္၊ အီတလီနဲ႔ တူနီးရွား အာဏာပိုင္ေတြက ပူးတြဲ စံုစမ္းစစ္ေဆးေနတာပါ။

အခုခ်ိန္အထိ ျပင္သစ္ရဲေတြ ေမးျမန္းစစ္ေဆးဖို႔ ဖမ္းထားတဲ့ သံသယရွိသူ ၃ ဦး ရွိပါတယ္။ ပထမလူကေတာ့ ေစာင့္ၾကည့္ကင္မရာထဲမွာ အခင္းမျဖစ္ပြားခင္ တရက္မွာ သူနဲ႔အတူ ေတြ႔ခဲ့ရတဲ့ အသက္ ၄၇ ႏွစ္အရြယ္ တူနီးရွားအမ်ိဳးသားျဖစ္ၿပီး သူ႔ကို ရဲက ၾကာသပေတးေန႔မွာ ဖမ္းဆီးခဲ့ပါတယ္။

Ibrahim Issaoui ကို ဖမ္းဆီးရမိစဥ္က သူ႔မွာ လက္ကိုင္ဖုန္း ၂ လံုး ေတြ႔ခဲ့ရတာပါ။ အခင္းမျဖစ္ပြားခင္ တရက္က သူနဲ႔ဆက္သြယ္ခဲ့သူ အသက္ ၃၅ ႏွစ္အရြယ္ အမ်ိဳးသားကိုေတာ့ ေသာၾကာေန႔မွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး အခု စေနေန႔မွာ ဖမ္းဆီးခဲ့သူကေတာ့ သံသယရွိသူ တူနီးရွားႏြယ္ဖြားတဦးရဲ႕ ေနအိမ္ကို ရွာေဖြရာမွာ ေတြ႔ခဲ့ရတဲ့ အသက္ ၃၃ ႏွစ္အရြယ္ အမ်ိဳးသား ျဖစ္ပါတယ္။

ျပင္သစ္သမၼတ Emmanuel Macron ကေတာ့ ျပင္သစ္ႏိုင္ငံမွာ လံုၿခံဳေရးသတိေပးခ်က္ အဆင့္ကို အျမင့္ဆံုးအျဖစ္ တိုးျမႇင့္ထားၿပီး ဘုရားေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြမွာ လံုၿခံဳေရးေတြ တိုးခ်ထားပါတယ္။

ၾကာသပေတးေန႔ Notre Dame ဘုရားေက်ာင္းတိုက္ခိုက္မႈမွာ ဓားသမားက အာရဗီဘာသာနဲ႔ “Allahu Akbar” ဘုရားဟာ အျမင့္ျမတ္ဆံုးျဖစ္ေၾကာင္း ေႂကြးေၾကာ္ၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ ဒီတိုက္ခိုက္မႈဟာ အစၥလာမ္အစြန္းေရာက္ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈအျဖစ္ သမၼတ Macron က ေျပာပါတယ္။

အခုတိုက္ခိုက္ခဲ့သူ Issaoui ဟာ တူနီးရွားအစိုးရရဲ႕ စစ္ေသြးႂကြစာရင္းထဲမွာ မပါသလို ျပင္သစ္ေထာက္လွမ္းေရးအဖြဲ႔ရဲ႕ ေစာင့္ၾကည့္စာရင္းမွာလည္း မပါပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

Nice အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွှယ်တဲ့ တတိယလူ ပြင်သစ်အာဏာပိုင်တွေ ဖမ်းဆီး

ပြင်သစ်နိုင်ငံ Nice မြို့ Notre Dame က လူ ၃ ဦး သေဆုံးခဲ့ရတဲ့ ဓားနဲ့တိုက်ခိုက်မှုမှာ ဆက်နွှယ်နေတဲ့ တတိယမြောက် သံသယရှိသူကို စနေနေ့က ပြင်သစ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။

ဓားနဲ့တိုက်ခိုက်သူဟာ အသက် ၂၁ နှစ်အရွယ် တူနီးရှားနိုင်ငံသား Ibrahim Issaoui ဖြစ်ပြီး သူဟာ တူနီးရှားကနေ စက်တင်ဘာ ၂၀ မှာ အီတလီနိုင်ငံ Lampedusa ကျွန်းကို ရောက်လာပြီး ပြင်သစ်နိုင်ငံ ပါရီမြို့ကို အောက်တိုဘာလ ၉ ရက်နေ့မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွက် သူ့တဦးတည်းကပဲ လုပ်ဆောင်တာ ဟုတ်မဟုတ်နဲ့ ကြိုတင်ကြံစည်မှု ရှိမရှိကို သိရဖို့ ပြင်သစ်၊ အီတလီနဲ့ တူနီးရှား အာဏာပိုင်တွေက ပူးတွဲ စုံစမ်းစစ်ဆေးနေတာပါ။

အခုချိန်အထိ ပြင်သစ်ရဲတွေ မေးမြန်းစစ်ဆေးဖို့ ဖမ်းထားတဲ့ သံသယရှိသူ ၃ ဦး ရှိပါတယ်။ ပထမလူကတော့ စောင့်ကြည့်ကင်မရာထဲမှာ အခင်းမဖြစ်ပွားခင် တရက်မှာ သူနဲ့အတူ တွေ့ခဲ့ရတဲ့ အသက် ၄၇ နှစ်အရွယ် တူနီးရှားအမျိုးသားဖြစ်ပြီး သူ့ကို ရဲက ကြာသပတေးနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

Ibrahim Issaoui ကို ဖမ်းဆီးရမိစဉ်က သူ့မှာ လက်ကိုင်ဖုန်း ၂ လုံး တွေ့ခဲ့ရတာပါ။ အခင်းမဖြစ်ပွားခင် တရက်က သူနဲ့ဆက်သွယ်ခဲ့သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားကိုတော့ သောကြာနေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခု စနေနေ့မှာ ဖမ်းဆီးခဲ့သူကတော့ သံသယရှိသူ တူနီးရှားနွယ်ဖွားတဦးရဲ့ နေအိမ်ကို ရှာဖွေရာမှာ တွေ့ခဲ့ရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ပြင်သစ်နိုင်ငံမှာ လုံခြုံရေးသတိပေးချက် အဆင့်ကို အမြင့်ဆုံးအဖြစ် တိုးမြှင့်ထားပြီး ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ တိုးချထားပါတယ်။

ကြာသပတေးနေ့ Notre Dame ဘုရားကျောင်းတိုက်ခိုက်မှုမှာ ဓားသမားက အာရဗီဘာသာနဲ့ “Allahu Akbar” ဘုရားဟာ အမြင့်မြတ်ဆုံးဖြစ်ကြောင်း ကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒီတိုက်ခိုက်မှုဟာ အစ္စလာမ်အစွန်းရောက်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သမ္မတ Macron က ပြောပါတယ်။

အခုတိုက်ခိုက်ခဲ့သူ Issaoui ဟာ တူနီးရှားအစိုးရရဲ့ စစ်သွေးကြွစာရင်းထဲမှာ မပါသလို ပြင်သစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ စောင့်ကြည့်စာရင်းမှာလည်း မပါပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG