သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂနဲ့ ဗြိတိန်ကြား ကုန်သွယ်ရေးညှိနှိုင်းမှု မပြေလည်သေး


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen. (ဒီဇင်ဘာ ၉၊ ၂၀၂၀)
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen. (ဒီဇင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံ အီးယူ ဥရောပသမဂ္ဂကနေ ခွဲထွက်ပြီးနောက်ပိုင်း နှစ်ဖက် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေအတွက် ဗြိတိန်နဲ့ အီးယူတို့ နောက်ဆုံးနေ့အဖြစ် တနင်္ဂနွေနေ့ကို သတ်မှတ်ထားပေမယ့် ဒါကို ဖျက်သိမ်းကြောင်းနဲ့ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ကြောင်း နှစ်ဖက်စလုံးက ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen တို့က ၂၀၂၁ ခုနှစ်မှာ စတင်မယ့် နှစ်ဖက်ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို တနင်္ဂနွေနေ့မှာ အပြီးဆုံးဖြတ်ချက် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တနှစ်လောက်ကြာအောင် ဆွေးနွေးခဲ့ရတဲ့ ဒီညှိနှိုင်းမှုတွေမှာ အခုထိ သဘောတူညီချက်မရဘဲ သတ်မှတ်ရက်တွေကိုသာ ထပ်တလဲလဲ ပြန်ချခဲ့ရတာကြောင့် အခုရက်ပိုင်းပဲ လိုတော့ချိန်မှာ ဆက်ပြီး ဆွေးနွေးဖို့လုပ်ရမှာ ဖြစ်ကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြတယ်လို့ von der Leyen ကပြောပါတယ်။

ဆွေးနွေးမှုတွေကို အီးယူဌာနချုပ်ရှိရာ ဘရပ်ဆဲလ်စ်မှာ ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။

ခွဲထွက်ပြီးနောက်ပိုင်း အီးယူနဲ့ ကုန်သွယ်ရေးမှာ အခွန်အခ လုံးဝမကောက်ဖို့နဲ့ ကန့်သတ်မှုတွေမထားဖို့ ဗြိတိန်ဘက်က လိုလားသလို ညှိနှိုင်းမှုအတွက် မပြေလည်တဲ့ထဲမှာ ငါးဖမ်းခွင့်ဆိုင်ရာလည်း တခုအပါအဝင် ဖြစ်နေပါတယ်။

နှစ်ဖက်ကြား ဘာသဘောတူညီချက်မှမရဘဲ ဗြိတိန် အီးယူကနေ နုတ်ထွက်မယ်ဆိုရင် ဗြိတိန်အတွက်သာမက ဥရောပနဲ့ တခြားနေရာတွေ အတွက်ပါ စီးပွားရေးဆိုင်ရာ ပြဿနာတွေနဲ့ ကြုံရနိုင်ခြေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG