သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit လွန်ကာလ EU - ဗြိတိန် ကုန်သွယ်မှုဆက်ဆံရေး ဆွေးနွေးပွဲပြန်စမည်


ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen. (နိုဝင်ဘာ ၁၉၊ ၂၀၂၀)
ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen. (နိုဝင်ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက်ပိုင်း ကုန်သွယ်ရေးကိစ္စတွေကို ဥရောပသမဂ္ဂနဲ့ ဗြိတိန်ကြား တနင်္ဂနွေနေ့မှာ ဆွေးနွေးပွဲပြန်စမယ့်အကြောင်း ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဥရောပကော်မရှင်က ပြောဆိုလိုက်ပါတယ်။

နှစ်ဖက်ကြား သဘောမတူနိုင်တဲ့ အချက်တွေကို ဆက်လက်ညှိနှိုင်းဖို့ အခက်အခဲကြောင့် ဆွေးနွေးပွဲကို ခေတ္တရပ်ဆိုင်းထားခဲ့ရတာပါ။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ စနေနေ့က တယ်လီဖုန်း ဆက်သွယ်ပြီးနောက် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

“ဆွေးနွေးပွဲမှာ ကိစ္စအတော်များများ တိုးတက်မှု ရခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမယ့်လည်း အရေးကြီးတဲ့ ကိစ္စသုံးခုဖြစ်တဲ့ ကုန်သွယ်ရေးမျှတမှု၊ ငါးဖမ်းလုပ်ငန်းနဲ့ အုပ်ချုပ်ရေးပိုင်းတို့မှာတော့ အကြီးအကျယ် ကွဲလွဲနေဆဲ ဖြစ်ပါတယ်။ ဒီကိစ္စတွေ မဖြေရှင်းနိုင်ရင် သဘောတူညီချက် မရနိုင်ဘူးဆိုတာကို နှစ်ဖက်စလုံးက နားလည်ထားပါတယ်” လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌရဲ့ ပြောကြားချက်ကို စကားပြန်က ပြန်ရှင်းပြသွားပါတယ်။

ဒီလို ကွဲပြားနေတဲ့ အချက်တွေကို ဘယ်လိုဖြေရှင်း ညှိနှိုင်းလို့ ရမလဲဆိုတာကို သက်ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တွေကနေ ဆန်းစစ်ရေးကိုလည်း နှစ်ဖက် သဘောတူခဲ့ကြောင်း ပြောဆိုသွားပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက် ဗြိတိန်အတွက် အကူးအပြောင်းကာလက ဒီနှစ်ကုန်ပိုင်းမှာ အဆုံးသတ်မှာကြောင့် ဒီဆွေးနွေးပွဲတွေက အရေးကြီးနေပါတယ်။ တကယ်လို့ သဘောတူညီချက်တခုခု မရဘူးဆိုရင်တော့ ၂၀၂၁ ခုနှစ် အစပိုင်းကစလို့ ကုန်သွယ်ရေးမှာ အခွန် စပြီး စည်းကြပ်ရတော့မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG