သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နဲ့အီးယူအကြား Brexit အတွက် မြောက်ပိုင်းအိုင်ယာလန်ကိစ္စ သဘောတူညီမှုရ


Brexit ဆန့်ကျင်သူတဦး
Brexit ဆန့်ကျင်သူတဦး

(Zawgyi/Unicode)

ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ပြီးနောက် ဖြစ်လာမယ့် မြောက်ပိုင်းအိုင်ယာလန်နဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုရှိနေတဲ့ အစီအစဉ်တွေကို ညှိုနှိုင်း သဘောတူခဲ့ကြတဲ့ချက်ကို အင်္ဂါနေ့က နှစ်ဘက်လုံးက ကြေညာခဲ့ပါတယ်။ အိုင်ယာလန် ဝန်ကြီးချုပ် Micheal Martin ကလည်း ဒီသဘောတူညီချက်ဟာ အပြုသဘောဆောင်တဲ့ဆွေးနွေးမှု ရလာဒ်ဖြစ်ကြောင်း အင်္ဂါနေ့က အိုင်ယာလန်လွှတ်တော်မှာ အခုလိုပြောသွားပါတယ်။

”လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဒီလို စေ့စပ်ညှိုနှိုင်းမှုတွေဟာ အဆင်ပြေချောမွေ့လာခဲ့ပြီး အခက်အခဲအတော်များများကိုလည်း ဖယ်ထုတ်နိုင်ခဲ့တာပါ။ အခုလို ဆွေးနွေးမှုမျိုးဟာ ကျွန်းနိုင်ငံတွေရဲ့ စီးပွားရေးအရ၊ နယ်နိမိတ်တွေအရ အပြုသဘောဆောင်ပါတယ်။”

ဒါအပြင် အိုင်ယာလန်အတွက် စိန်ခေါ်မှုတွေအဖြစ် ရှိနေတဲ့ ဗြိတိန်နဲ့ ဥရောပသမဂ္ဂအကြား အနာဂတ်ကုန်သွယ်မှု ဆက်ဆံရေး အကျိုးဆက်တွေပဲ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား ပိုမိုကျယ်ပြန့်တဲ့ ကုန်သွယ်မှုသဘောတူညီချက်ကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဖက်လုံး အဆင်သင့်ဖြစ်နေကြကြောင်းလည်း နှစ်ဘက် တာဝန်ရှိသူတွေက ထုတ်ဖေါ်ကြေညာထားပြီးဖြစ်ပါတယ်။

လပေါင်းမျာစွာ အချိန်ယူ ညှိုနှိုင်းနေခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ တစုံတရာတိုးတက်မှုကို ရှာဖွေနိုင်မယ်ဆိုရင် ဗြိတိန်၀ န်ကြီးချုပ် Boris Johnson နဲ့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen တို့နှစ်ဦး Brussels မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။ ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ နောက်ဆုံးနှုတ်ထွက်ရတော့မယ့် ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် သုံးပတ်အလိုမှာ သဘောတူညီချက်တွေကို အကြိတ်အနယ် ညှိုနှိုင်းနေကြတာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ အစိတ်အပိုင်းဖြစ်နေတဲ့ မြောက်ပိုင်းအိုင်ယာလန်နဲ့ ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့ နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ မျှော်လင့်ချက်တချို့ကို အိုင်ယာလန်နိုင်ငံကလည်း ကမ်းလှမ်းခဲ့ပါတယ်။ အိုင်ယာလန်ဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG