သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna ကုိဗစ္ကာကြယ္ေဆး အေရးေပၚအသုံးျပဳခြင့္ ကန္ FDA အႀကံေပးအဖြဲ႔ အတည္ျပဳ


Moderna ေဆးကုမၸဏီထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆး

{{Zawgyi/Unicode}}

အေမရိကန္ ေဆးကုမၸဏီ Moderna က ထုတ္တဲ့ Covid 19 ကာကြယ္ေဆးကို အေရးေပၚ အေျခေန အသံုးျပဳဖို႔ FDA အေမရိကန္ အစားအစာနဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာနရဲ့ သီးျခားလြတ္လပ္တဲ့ ကၽြမ္းက်င္ပညာရွင္မ်ားအဖြဲ႔က ၾကာသပေတးေန႔မွာ အတည္ျပဳေပးလိုက္ၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ Pfizer – BioNTech ထုတ္ ဒီေရာဂါ ကာကြယ္ေဆးကို FDA က ပထမဆံုးအျဖစ္ အေရးေပၚ အေျခေနသံုးခြင့္ အတည္ျပဳေပးခဲ့ပါတယ္။

အခု Moderna ထုတ္ေဆးကို ကၽြမ္းက်င္ပညာရွင္မ်ား အဖြဲ႔က ၇ နာရီေလာက္ ေဆြးေႏြးညွိႏိႈင္း ၿပီးတဲ့ေနာက္ မဲခြဲဆံုးျဖတ္ အတည္ျပဳေပးခဲ့တာပါ။ Stanford တကၠသိုလ္ ေဆးပညာဌာနက Dr. Hayley Gans ကေတာ့ ဒီေဆးနဲ႔ပတ္သက္ၿပီး အေသးစိတ္ ေလ့လာရာမွာ ႀကီးမားတဲ့ ျပႆနာ တစံုတရာ ျဖစ္ပြါးမႈ မရွိေၾကာင္း ေတြ႔ရတယ္လို႔ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ဒီေရာဂါအကူးစက္ခံရသူ ၁.၆ သန္းေက်ာ္ ရွိၿပီး ေသဆံုးရသူ ၃သိန္းေက်ာ္ ေနခ်ိန္မွာ အလားအလာေကာင္းတဲ့ ေဆးေတြ ရရွိလာတာ ျဖစ္ၿပီး ဒုတိယေျမာက္ ေဆးကို အေရးေပၚ သံုးစြဲခြင့္ အတြက္ ေသာၾကာေန႔ေလာက္မွာ FDA က ခ်ထားေပးမယ္လို႔ ခန္႔မွန္းရပါတယ္။

Moderna ကာကြယ္ေဆးအတြက္ အတည္ျပဳခ်က္ ရလာရင္ ေဆးအလံုးေပါင္း ၆ သန္းေလာက္ကို က်န္းမာေရးဝန္ထမ္းေတြနဲ႔ သက္ႀကီးရြယ္အို ေစာင့္ေရွာက္ေရးဌာနေတြမွာ ေနထိုင္သူေတြကို စတင္ျဖန္႔ျဖဴးေပးဖို႔ စီစဥ္ထားတာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက အတည္ျပဳေပခဲ့တဲ့ Pfizer/BioNTech ထုတ္ေဆးေတြကို အေမရိကန္ ႏိုင္ငံတလႊား ျဖန္႔ျဖဴးေပးေနၿပီျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ပထမဆံုး ေဆာင္းရာသီႏွင္းမုန္တိုင္း တုိက္ခတ္လာတဲ့အတြက္ ဗုဒၶဟူး - ၾကာသပေတးေန႔ေတြမွာ အေရွ႕ေျမာက္ပိုင္း ေဒသတလႊားမွာ ႏွင္းထုက တေပေလာက္ က်ဖို႔ရွိတာေၾကာင့္ ေဆးျဖန္႔ျဖဴးမႈခက္ခဲႏိုင္ေျခ ရွိေနပါတယ္။

အေမရိကန္ ႏို္င္ငံတလႊားက ေဆးရံုေတြနဲ႔ နာတာရွည္ ေဆးကုသေမွရး ဌာနေတြမွာေတာ့ တနလၤာေန႔က စၿပီ ကနဦးအျဖစ္ ေဆး အလံုးေပါင္း ၂.၉ သန္း ေလာက္ ထိုးေပးေနၿပီျဖစ္ပါတယ္။

..............................................

{{Unicode}}

အမေရိကန် ဆေးကုမ္ပဏီ Moderna က ထုတ်တဲ့ Covid 19 ကာကွယ်ဆေးကို အရေးပေါ် အခြေနေ အသုံးပြုဖို့ FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနရဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Pfizer – BioNTech ထုတ် ဒီရောဂါ ကာကွယ်ဆေးကို FDA က ပထမဆုံးအဖြစ် အရေးပေါ် အခြေနေသုံးခွင့် အတည်ပြုပေးခဲ့ပါတယ်။

အခု Moderna ထုတ်ဆေးကို ကျွမ်းကျင်ပညာရှင်များ အဖွဲ့က ၇ နာရီလောက် ဆွေးနွေးညှိနှိုင်း ပြီးတဲ့နောက် မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့တာပါ။ Stanford တက္ကသိုလ် ဆေးပညာဌာနက Dr. Hayley Gans ကတော့ ဒီဆေးနဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာရာမှာ ကြီးမားတဲ့ ပြဿနာ တစုံတရာ ဖြစ်ပွါးမှု မရှိကြောင်း တွေ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီရောဂါအကူးစက်ခံရသူ ၁.၆ သန်းကျော် ရှိပြီး သေဆုံးရသူ ၃သိန်းကျော် နေချိန်မှာ အလားအလာကောင်းတဲ့ ဆေးတွေ ရရှိလာတာ ဖြစ်ပြီး ဒုတိယမြောက် ဆေးကို အရေးပေါ် သုံးစွဲခွင့် အတွက် သောကြာနေ့လောက်မှာ FDA က ချထားပေးမယ်လို့ ခန့်မှန်းရပါတယ်။

Moderna ကာကွယ်ဆေးအတွက် အတည်ပြုချက် ရလာရင် ဆေးအလုံးပေါင်း ၆ သန်းလောက်ကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနတွေမှာ နေထိုင်သူတွေကို စတင်ဖြန့်ဖြူးပေးဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အတည်ပြုပေခဲ့တဲ့ Pfizer/BioNTech ထုတ်ဆေးတွေကို အမေရိကန် နိုင်ငံတလွှား ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပထမဆုံး ဆောင်းရာသီနှင်းမုန်တိုင်း တိုက်ခတ်လာတဲ့အတွက် ဗုဒ္ဓဟူး - ကြာသပတေးနေ့တွေမှာ အရှေ့မြောက်ပိုင်း ဒေသတလွှားမှာ နှင်းထုက တပေလောက် ကျဖို့ရှိတာကြောင့် ဆေးဖြန့်ဖြူးမှုခက်ခဲနိုင်ခြေ ရှိနေပါတယ်။

အမေရိကန် နိုင်ငံတလွှားက ဆေးရုံတွေနဲ့ နာတာရှည် ဆေးကုသမှေရး ဌာနတွေမှာတော့ တနင်္လာနေ့က စပြီ ကနဦးအဖြစ် ဆေး အလုံးပေါင်း ၂.၉ သန်း လောက် ထိုးပေးနေပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG