သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna ကိုဗစ္ကာကြယ္ေဆး အေမရိကန္တဝန္း စတင္ျဖန္႔ျဖဴး


Moderna ကိုဗစ္ကာကြယ္ေဆး။ (ေအာက္တိုဘာ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုတြင္း Moderna ေဆးကုမၸဏီထုတ္ COVID-19 ကာကြယ္ေဆးကို ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဒုတိယေျမာက္ ကာကြယ္ေဆးအျဖစ္ အေရးေပၚအသုံးျပဳခြင့္ ေပးလိုက္ၿပီးတဲ့ေနာက္ စေနေန႔ကစၿပီး ကာကြယ္ေဆးထိုးေပးမယ့္ ေနရာ ၃,၇၀၀ ေက်ာ္ကို ေဆးေတြ စၿပီးျဖန္႔ျဖဴးေပးေနၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က အေရးေပၚအသုံးျပဳခြင့္ ေပးလိုက္တဲ့ Pfizer ေဆးကုမၸဏီရဲ႕ ကာကြယ္ေဆးေတြကိုလည္း စၿပီး ထိုးေပးေနတာပါ။

အေမရိကန္ျပည္ေထာင္စုတြင္း COVID-19 ကူးစက္မႈနဲ႔ အေသအေပ်ာက္ႏႈန္း ျမင့္တက္ေနတဲ့ အခ်ိန္မွာပဲ Moderna က ကာကြယ္ေဆးေတြကို သိုေလွာင္႐ုံေတြကို စၿပီးေပးပို႔ေနၿပီလို႔ အေမရိကန္ၾကည္းတပ္ ဗိုလ္ခ်ဳပ္ႀကီး Gustave Perna က ေျပာပါတယ္။ ဒီကေန႔ညပိုင္း ေဆးတင္ပို႔တဲ့ကားေတြ ထြက္ခြာႏိုင္ဖို႔ ျပင္ဆင္ထားၿပီး အေစာဆုံး တနလၤာေန႔မွာ စၿပီး ကာကြယ္ေဆး ထိုးေပးႏိုင္မယ္လို႔လည္း သူကေျပာပါတယ္။

ကာကြယ္ေဆးေတြကို သယ္ယူဖို႔အတြက္ တရားဥပေဒစိုးမိုးေရး တာဝန္ရွိသူေတြ အပါအဝင္ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြနဲ႔ အေစာင့္အေရွာက္ ေပးရသလို ေဆးေတြကို အလုံပိတ္ အေအးခန္း ေရခဲေသတၱာေတြနဲ႔ သယ္ယူရတာပါ။

ပထမအသုတ္ ကာကြယ္ေဆးေတြကို ေရာဂါကူးစက္ႏိုင္ေခ် အခြင့္အလမ္းမ်ားတဲ့ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြ၊ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာေတြက သက္ႀကီးရြယ္အိုေတြကို ဦးစားေပး ထိုးႏွံေပးသြားမွာ ျဖစ္ပါတယ္။

ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရးဌာန သီးျခားလြတ္လပ္တဲ့ အႀကံေပးအဖြဲ႔က Moderna ေဆးကုမၸဏီထုတ္ COVID-19 ကာကြယ္ေဆးကို အသက္ ၁၈ ႏွစ္နဲ႔ အထက္ရွိတဲ့ သူေတြအတြက္ အသုံးျပဳႏုိင္ေၾကာင္း စေနေန႔တုန္းက မဲခြဲအတည္ျပဳခဲ့တယ္လို႔ Moderna က ေျပာပါတယ္။

Pfizer နဲ႔ Moderna ေဆးကုမၸဏီေတြက ကာကြယ္ေဆး ၇.၉ သန္းကို အခုလာမယ့္ သီတင္းပတ္တြင္းမွာ တႏိုင္ငံလုံးကို ျဖန္႔ျဖဴးေပးသြားမယ္လို႔ အေမရိကန္ က်န္းမာေရးနဲ႔ ဝန္ေဆာင္မႈေပးေရးဌာန ေျပာခြင့္ရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

Moderna ကိုဗစ်ကာကွယ်ဆေး အမေရိကန်တဝန်း စတင်ဖြန့်ဖြူး

အမေရိကန်ပြည်ထောင်စုတွင်း Moderna ဆေးကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့ သောကြာနေ့က ဒုတိယမြောက် ကာကွယ်ဆေးအဖြစ် အရေးပေါ်အသုံးပြုခွင့် ပေးလိုက်ပြီးတဲ့နောက် စနေနေ့ကစပြီး ကာကွယ်ဆေးထိုးပေးမယ့် နေရာ ၃,၇၀၀ ကျော်ကို ဆေးတွေ စပြီးဖြန့်ဖြူးပေးနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အရေးပေါ်အသုံးပြုခွင့် ပေးလိုက်တဲ့ Pfizer ဆေးကုမ္ပဏီရဲ့ ကာကွယ်ဆေးတွေကိုလည်း စပြီး ထိုးပေးနေတာပါ။

အမေရိကန်ပြည်ထောင်စုတွင်း COVID-19 ကူးစက်မှုနဲ့ အသေအပျောက်နှုန်း မြင့်တက်နေတဲ့ အချိန်မှာပဲ Moderna က ကာကွယ်ဆေးတွေကို သိုလှောင်ရုံတွေကို စပြီးပေးပို့နေပြီလို့ အမေရိကန်ကြည်းတပ် ဗိုလ်ချုပ်ကြီး Gustave Perna က ပြောပါတယ်။ ဒီကနေ့ညပိုင်း ဆေးတင်ပို့တဲ့ကားတွေ ထွက်ခွာနိုင်ဖို့ ပြင်ဆင်ထားပြီး အစောဆုံး တနင်္လာနေ့မှာ စပြီး ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့လည်း သူကပြောပါတယ်။

ကာကွယ်ဆေးတွေကို သယ်ယူဖို့အတွက် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစောင့်အရှောက် ပေးရသလို ဆေးတွေကို အလုံပိတ် အအေးခန်း ရေခဲသေတ္တာတွေနဲ့ သယ်ယူရတာပါ။

ပထမအသုတ် ကာကွယ်ဆေးတွေကို ရောဂါကူးစက်နိုင်ချေ အခွင့်အလမ်းများတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေက သက်ကြီးရွယ်အိုတွေကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန သီးခြားလွတ်လပ်တဲ့ အကြံပေးအဖွဲ့က Moderna ဆေးကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်နဲ့ အထက်ရှိတဲ့ သူတွေအတွက် အသုံးပြုနိုင်ကြောင်း စနေနေ့တုန်းက မဲခွဲအတည်ပြုခဲ့တယ်လို့ Moderna က ပြောပါတယ်။

Pfizer နဲ့ Moderna ဆေးကုမ္ပဏီတွေက ကာကွယ်ဆေး ၇.၉ သန်းကို အခုလာမယ့် သီတင်းပတ်တွင်းမှာ တနိုင်ငံလုံးကို ဖြန့်ဖြူးပေးသွားမယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ ဝန်ဆောင်မှုပေးရေးဌာန ပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG