သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna ကုိဗစ္ကာကြယ္ေဆး တနလၤာေန႔ စထုိးေပးႏုိင္ေတာ့မည္


Moderna ကုမၸဏီထုတ္ ကုိဗစ္ကာကြယ္ေဆး။ (ေအာက္တိုဘာ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ႏိုင္ငံမွာ COVID-19 အတြက္ အေရးေပၚသံုးစြဲခြင့္ ဒုတိယေျမာက္ ခ်ေပးလိုက္တဲ့ Moderna ကာကြယ္ေဆးကို ႏိုင္ငံတလႊား ျဖန္႔ေဝေပးဖို႔ စလုပ္ေနၿပီျဖစ္ၿပီး တနလၤာေန႔မွာ ဒီေဆးကို စတင္ထိုးႏွံေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ အေမရိကန္တလႊားက ေနရာေပါင္း ၃,၇၀၀ ေက်ာ္ကို ေပးပို႔မွာ ျဖစ္ေၾကာင္း ကာကြယ္ေဆးဆိုင္ရာ Operation Warp Speed အစီအစဥ္ကို ဦးေဆာင္သူ ၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး Gustave Perna က စေနေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

"Moderna ကာကြယ္ေဆးကို ျဖန္႔ေဝဖို႔ စလုပ္ေနပါၿပီ။ ဒီေဆးကို Moderna က McKesson ကုမၸဏီရဲ႕ ျဖန္႔ျဖဴးေရးစင္တာေတြဆီကို ပို႔ေပးေနၿပီျဖစ္ၿပီး အဲဒီစင္တာေတြမွာ ဒီကေန႔ ထုပ္ပိုးၾကမွာပါ။ တနဂၤေႏြေန႔ကစၿပီး အေမရိကန္ႏိုင္ငံတလႊားကို FedEx နဲ႔ UPS က ထရပ္ကားေတြနဲ႔ ပို႔ေပးေတာ့မွာ ျဖစ္ေၾကာင္း” ေျပာသြားတာပါ။

Moderna နဲ႔ Pfizer ကုမၸဏီေတြက ပထမ ေဆးအလံုးေပါင္း သန္း ၂၀ ကို ဇန္နဝါရီ ပထမပတ္မတိုင္ခင္ ျဖန္႔ေဝေပးဖုိ႔ စီစဥ္ေနေၾကာင္းနဲ႔ ဒီလို ျဖန္႔ေဝေပးရာမွာ အေမရိကန္ႏိုင္ငံတလႊားအတြက္ ရာႏႈန္းျပည့္ ညီညီမွ်မွ် ျဖန္႔ျဖဴးေပးမွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ ဒီေရာဂါဟာ ေရရွည္ရင္ဆိုင္ရမွာ ျဖစ္တဲ့အတြက္ ေဆးပညာရွင္ေတြ ညႊန္ၾကားၾကတဲ့အတိုင္း ျပည္သူေတြအေနနဲ႔ လူခ်င္းခပ္ခြာခြာေနဖို႔၊ ႏွာေခါင္းစည္းတပ္ဖို႔နဲ႔ လက္ေသခ်ာေဆးၿပီး ကာကြယ္မႈေတြ လုပ္ဖို႔လည္း ပန္ၾကားခဲ့ပါတယ္။

Johns Hopkins ေဆးတကၠသိုလ္ စစ္တမ္းအရ ကမာၻတလႊားမွာ ကို႐ုိနာဗိုင္းရပ္စ္ အကူးစက္ခံရသူဟာ စေနေန႔အထိဆို ၇၅ သန္းေက်ာ္သြားၿပီျဖစ္ၿပီး အေမရိကန္ႏိုင္ငံမွာ ကူးစက္ခံရသူ ၁၇ သန္းခြဲနဲ႔ အမ်ားဆံုး ျဖစ္ေနပါတယ္။ အိႏၵိယက ၁၀ သန္းေက်ာ္နဲ႔ ဒုတိယအမ်ားဆံုး ျဖစ္သလို ဘရာဇီးလ္က ၇.၁ သန္းေက်ာ္နဲ႔ တတိယအမ်ားဆံုး ျဖစ္ေနပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးကေတာ့ ကာကြယ္ေဆး အလံုးေပါင္း ၂ ဘီလီယံ ရဖို႔ရွိေနၿပီး ႏိုင္ငံေပါင္း ၁၉၀ ေလာက္အတြက္ လာမယ့္ႏွစ္ ပထမ ၆ လအတြင္း ထိုးေပးႏိုင္ေတာ့မွာျဖစ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

Moderna ကိုဗစ်ကာကွယ်ဆေး တနင်္လာနေ့ စထိုးပေးနိုင်တော့မည်

အမေရိကန်နိုင်ငံမှာ COVID-19 အတွက် အရေးပေါ်သုံးစွဲခွင့် ဒုတိယမြောက် ချပေးလိုက်တဲ့ Moderna ကာကွယ်ဆေးကို နိုင်ငံတလွှား ဖြန့်ဝေပေးဖို့ စလုပ်နေပြီဖြစ်ပြီး တနင်္လာနေ့မှာ ဒီဆေးကို စတင်ထိုးနှံပေးနိုင်တော့မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အမေရိကန်တလွှားက နေရာပေါင်း ၃,၇၀၀ ကျော်ကို ပေးပို့မှာ ဖြစ်ကြောင်း ကာကွယ်ဆေးဆိုင်ရာ Operation Warp Speed အစီအစဉ်ကို ဦးဆောင်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး Gustave Perna က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

"Moderna ကာကွယ်ဆေးကို ဖြန့်ဝေဖို့ စလုပ်နေပါပြီ။ ဒီဆေးကို Moderna က McKesson ကုမ္ပဏီရဲ့ ဖြန့်ဖြူးရေးစင်တာတွေဆီကို ပို့ပေးနေပြီဖြစ်ပြီး အဲဒီစင်တာတွေမှာ ဒီကနေ့ ထုပ်ပိုးကြမှာပါ။ တနင်္ဂနွေနေ့ကစပြီး အမေရိကန်နိုင်ငံတလွှားကို FedEx နဲ့ UPS က ထရပ်ကားတွေနဲ့ ပို့ပေးတော့မှာ ဖြစ်ကြောင်း” ပြောသွားတာပါ။

Moderna နဲ့ Pfizer ကုမ္ပဏီတွေက ပထမ ဆေးအလုံးပေါင်း သန်း ၂၀ ကို ဇန်နဝါရီ ပထမပတ်မတိုင်ခင် ဖြန့်ဝေပေးဖို့ စီစဉ်နေကြောင်းနဲ့ ဒီလို ဖြန့်ဝေပေးရာမှာ အမေရိကန်နိုင်ငံတလွှားအတွက် ရာနှုန်းပြည့် ညီညီမျှမျှ ဖြန့်ဖြူးပေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဒီရောဂါဟာ ရေရှည်ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဆေးပညာရှင်တွေ ညွှန်ကြားကြတဲ့အတိုင်း ပြည်သူတွေအနေနဲ့ လူချင်းခပ်ခွာခွာနေဖို့၊ နှာခေါင်းစည်းတပ်ဖို့နဲ့ လက်သေချာဆေးပြီး ကာကွယ်မှုတွေ လုပ်ဖို့လည်း ပန်ကြားခဲ့ပါတယ်။

Johns Hopkins ဆေးတက္ကသိုလ် စစ်တမ်းအရ ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ စနေနေ့အထိဆို ၇၅ သန်းကျော်သွားပြီဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၁၇ သန်းခွဲနဲ့ အများဆုံး ဖြစ်နေပါတယ်။ အိန္ဒိယက ၁၀ သန်းကျော်နဲ့ ဒုတိယအများဆုံး ဖြစ်သလို ဘရာဇီးလ်က ၇.၁ သန်းကျော်နဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကာကွယ်ဆေး အလုံးပေါင်း ၂ ဘီလီယံ ရဖို့ရှိနေပြီး နိုင်ငံပေါင်း ၁၉၀ လောက်အတွက် လာမယ့်နှစ် ပထမ ၆ လအတွင်း ထိုးပေးနိုင်တော့မှာဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG