{{Zawgyi/Unicode}}
ဂ်ာမနီနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္းနဲ႔ အေသအေပ်ာက္ႏႈန္းျမင့္တက္လာကို ဟန္႔တားဖို႔ အသစ္ခ်မွတ္လိုက္တဲ့ တင္းၾကပ္တဲ့စည္းမ်ဥ္း ကန္႔သတ္ခ်က္ေတြ မေန႔ ဗုဒၶဟူးေန႔ကစလို႔ အသက္ဝင္ၿပီျဖစ္ပါတယ္။
အခုခ်မွတ္လိုက္တဲ့ စည္းကမ္းေတြအရ အေရးမႀကီးတဲ့ စီးပြါးေရးလုပ္ငန္းေတြအားလုံးပိတ္ဖို႔နဲ႔ လူ ၅ ဦးထက္ပိုၿပီး မစုေဝးဖို႔ တားျမစ္လိုက္တာပါ။တနဂၤေႏြေန႔တုန္းက ျပည္နယ္ ၁၆ ခုက အုပ္ခ်ဳပ္ေရးမႈးေတြနဲ႔ ေဆြးေႏြးအၿပီး ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel ကဒီလိုကန္႔သတ္ခ်က္ ေတြခ်မွတ္လိုက္တာျဖစ္ၿပီး ဇန္နဝါရီလ ၁၀ ရက္ေန႔အထိ ဒီ စည္းမ်ဥ္းေတြ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။
၇ရက္တာအတြင္းဂ်ာမနီမွာကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ပၽွမ္းမၽွလူ၁၀၀,၀၀၀မွာ၁၈၀ႏႈန္းေလာက္ကူးစက္ေနတာပါ။
Pfizerေဆးကုမၸဏီနဲ႔ ဂ်ာမဏီ BioNTech တို႔ ပူးတြဲထုတ္လုပ္တဲ့ COVID 19 ကာကြယ္ေဆးကို ဥေရာပသမဂၢအေနနဲ႔ ခရစၥမတ္ေန႔ ေနာက္ဆုံးထားခြင့္ျပဳခ်က္ေပးဖို႔ အဂၤါေန႔က တိုက္တြန္းခဲ့တဲ့ ဂ်ာမန္ က်န္းမာေရး ဝန္ႀကီး Jens Spahn က ဒီဇင္ဘာလ ၂၃ ရက္ေန႔မွာ ကာကြယ္ ေဆးရနိုင္မယ္လို႔ ေျပာပါတယ္။
"ကာကြယ္ေဆးကို ဒီဇင္ဘာလ ၂၃ ရက္ေန႔ေလာက္ခြင့္ျပဳနိုင္မယ္ဆိုတာ သတင္းေကာင္းျဖစ္ပါတယ္" ။ "အခ်က္အလက္ေတြကို စီစစ္ေနၿပီး လာမယ့္ ၂၃ ရက္ေန႔မွာ ခြင့္ျပဳမယ္ဆိုရင္ေတာ့ ဥေရာပသမဂၢနိုင္ငံေတြအားလုံးအတြက္ သတင္းေကာင္းတစ္ခု ပါ" လို႔ ဂ်ာမနီ က်န္းမာေရး ဝန္ႀကီး Jens Spahn က ဗုဒၶဟူးေန႔က ေျပာပါတယ္။
အခု ဒီေဆးကို ၿဗိတိန္နဲ႔ အေမရိကန္ အစိုးရတာဝန္ရွိသူေတြက ခြင့္ျပဳလိုက္ၿပီးတဲ့ေနာက္ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြကို စၿပီးထိုးေပးေန ၿပီျဖစ္ပါတယ္။
ဒါ့အျပင္၊ အေမရိကန္နိုင္ငံက ဒုတိယေျမာက္ကာကြယ္ေဆးကို ထပ္ၿပီးခြင့္ျပဳေပးဖို႔ရွိေနပါတယ္။
အေမရိကန္အေျခစိုက္ Moderna ေဆးကုမၸဏီနဲ႔ အမ်ိဳးသားက်န္းမာေရးသိပၸံက ပူးတြဲစမ္းသပ္ေနတဲ့ COVID 19 ကာကြယ္ေဆးက ေဘးအႏၲရာယ္ကင္းၿပီး ထိေရာက္မႈရွိတာကို ကနဦးေလ့လာခ်က္ေတြမွာ ေတြ႕ရွိရတယ္လို႔ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါး ကြပ္ကဲေရး FDA တာဝန္ရွိသူေတြက အဂၤါေန႔က ေၾကညာခဲ့ပါတယ္။
ေနာက္ဆုံးအဆင့္စမ္းသပ္မႈေတြမွာ စမ္းသပ္ခံသူ ၄ ေယာက္မွာ မ်က္ႏွာကအေၾကာေတြ ယာယီတုန္႔ဆိုင္းသြားတဲ့ ျပႆနာရွိခဲ့တယ္လို႔လည္း ဒီေဆးနဲ႔ ပတ္သက္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။ သူတို႔ထဲက ၃ ေယာက္ကို အာနိသင္ရွိတဲ့ ကာကြယ္ေဆးနဲ႔ စမ္းသပ္ခဲ့တာျဖစ္ၿပီး ၁ ေယာက္ကိုေတာ့ အာနိသင္မရွိတဲ့ ေဆးကို ေပးခဲ့တာပါ။
ႏွစ္ႀကိမ္ထိုးႏွံဖို႔လိုအပ္တဲ့ Moderna ရဲ့ ကာကြယ္ေဆး အေရးေပၚ အသုံးျပဳခြင့္ ေပးသင့္၊ မေပးသင့္ကို FDA ရဲ့ ဇီဝေဆးပစၥည္း ထုတ္ကုန္ဆိုင္ရာ အႀကံေပးေကာ္မတီက ဒီကေန႔ ၾကာသပေတးေန႔မွာ အဆုံးအျဖတ္ေပးဖို႔ရွိပါတယ္။
FDA က အေရးေပၚ အသုံးျပဳခြင့္ရတာနဲ႔ Moderna ေဆးကုမၸဏီက ကာကြယ္ေဆး ၆ သန္းကို ေနာက္သီတင္းပတ္အတြင္း ျပည္သူေတြဆီကို ျဖန္႔ျဖဴးေပးသြားမယ္လို႔လည္း အိမ္ျဖဴေတာ္ ေျပာခြင့္ရ Kayleigh McEnany ကေျပာပါတယ္။
ၿဗိတိန္နဲ႔ အေမရိကန္နိုင္ငံေတြမွာ COVID-19 ကာကြယ္ေဆး ထိုးႏွံေပးဖို႔ တိုးျမႇင့္ေဆာင္ရြက္ေနတဲ့ အခ်ိန္မွာပဲ တကမၻာလုံးအတိုင္းအတာနဲ႔ ကူးစက္မႈေပါင္း ၇၃.၅ သန္းနဲ႔ ေသဆုံးသူ ၁.၆ သန္းရွိေနၿပီျဖစ္ပါတယ္။
..............................................
{{Unicode}}
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနဲ့ အသေအပျောက်နှုန်းမြင့်တက်လာကို ဟန့်တားဖို့ အသစ်ချမှတ်လိုက်တဲ့ တင်းကြပ်တဲ့စည်းမျဉ်း ကန့်သတ်ချက်တွေ မနေ့ ဗုဒ္ဓဟူးနေ့ကစလို့ အသက်ဝင်ပြီဖြစ်ပါတယ်။
အခုချမှတ်လိုက်တဲ့ စည်းကမ်းတွေအရ အရေးမကြီးတဲ့ စီးပွါးရေးလုပ်ငန်းတွေအားလုံးပိတ်ဖို့နဲ့ လူ ၅ ဦးထက်ပိုပြီး မစုဝေးဖို့ တားမြစ်လိုက်တာပါ။တနင်္ဂနွေနေ့တုန်းက ပြည်နယ် ၁၆ ခုက အုပ်ချုပ်ရေးမှုးတွေနဲ့ ဆွေးနွေးအပြီး ဂျာမနီဝန်ကြီးချုပ် Angela Merkel ကဒီလိုကန့်သတ်ချက် တွေချမှတ်လိုက်တာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ဒီ စည်းမျဉ်းတွေ အကျုံးဝင်မှာ ဖြစ်ပါတယ်။
၇ရက်တာအတွင်းဂျာမနီမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး ပျှမ်းမျှလူ၁၀၀,၀၀၀မှာ၁၈၀နှုန်းလောက်ကူးစက်နေတာပါ။
Pfizerဆေးကုမ္ပဏီနဲ့ ဂျာမဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေးကို ဥရောပသမဂ္ဂအနေနဲ့ ခရစ္စမတ်နေ့ နောက်ဆုံးထားခွင့်ပြုချက်ပေးဖို့ အင်္ဂါနေ့က တိုက်တွန်းခဲ့တဲ့ ဂျာမန် ကျန်းမာရေး ဝန်ကြီး Jens Spahn က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကာကွယ် ဆေးရနိုင်မယ်လို့ ပြောပါတယ်။
"ကာကွယ်ဆေးကို ဒီဇင်ဘာလ ၂၃ ရက်နေ့လောက်ခွင့်ပြုနိုင်မယ်ဆိုတာ သတင်းကောင်းဖြစ်ပါတယ်" ။ "အချက်အလက်တွေကို စီစစ်နေပြီး လာမယ့် ၂၃ ရက်နေ့မှာ ခွင့်ပြုမယ်ဆိုရင်တော့ ဥရောပသမဂ္ဂနိုင်ငံတွေအားလုံးအတွက် သတင်းကောင်းတစ်ခု ပါ" လို့ ဂျာမနီ ကျန်းမာရေး ဝန်ကြီး Jens Spahn က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အခု ဒီဆေးကို ဗြိတိန်နဲ့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ခွင့်ပြုလိုက်ပြီးတဲ့နောက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို စပြီးထိုးပေးနေ ပြီဖြစ်ပါတယ်။
ဒါ့အပြင်၊ အမေရိကန်နိုင်ငံက ဒုတိယမြောက်ကာကွယ်ဆေးကို ထပ်ပြီးခွင့်ပြုပေးဖို့ရှိနေပါတယ်။
အမေရိကန်အခြေစိုက် Moderna ဆေးကုမ္ပဏီနဲ့ အမျိုးသားကျန်းမာရေးသိပ္ပံက ပူးတွဲစမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေးက ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိတာကို ကနဦးလေ့လာချက်တွေမှာ တွေ့ရှိရတယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး FDA တာဝန်ရှိသူတွေက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
နောက်ဆုံးအဆင့်စမ်းသပ်မှုတွေမှာ စမ်းသပ်ခံသူ ၄ ယောက်မှာ မျက်နှာကအကြောတွေ ယာယီတုန့်ဆိုင်းသွားတဲ့ ပြဿနာရှိခဲ့တယ်လို့လည်း ဒီဆေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ သူတို့ထဲက ၃ ယောက်ကို အာနိသင်ရှိတဲ့ ကာကွယ်ဆေးနဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး ၁ ယောက်ကိုတော့ အာနိသင်မရှိတဲ့ ဆေးကို ပေးခဲ့တာပါ။
နှစ်ကြိမ်ထိုးနှံဖို့လိုအပ်တဲ့ Moderna ရဲ့ ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့် ပေးသင့်၊ မပေးသင့်ကို FDA ရဲ့ ဇီဝဆေးပစ္စည်း ထုတ်ကုန်ဆိုင်ရာ အကြံပေးကော်မတီက ဒီကနေ့ ကြာသပတေးနေ့မှာ အဆုံးအဖြတ်ပေးဖို့ရှိပါတယ်။
FDA က အရေးပေါ် အသုံးပြုခွင့်ရတာနဲ့ Moderna ဆေးကုမ္ပဏီက ကာကွယ်ဆေး ၆ သန်းကို နောက်သီတင်းပတ်အတွင်း ပြည်သူတွေဆီကို ဖြန့်ဖြူးပေးသွားမယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Kayleigh McEnany ကပြောပါတယ်။
ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးဖို့ တိုးမြှင့်ဆောင်ရွက်နေတဲ့ အချိန်မှာပဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်မှုပေါင်း ၇၃.၅ သန်းနဲ့ သေဆုံးသူ ၁.၆ သန်းရှိနေပြီဖြစ်ပါတယ်။