သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 အေမရိကန္မွာ COIVD-19 ေရွ႕တန္းကတိုက္ေနသူေတြ ကာကြယ္ေဆး အရင္ဆံုး စတင္ထိုးေပး


Sandra Lindsay, left, a nurse at Long Island Jewish Medical Center, is inoculated with the Pfizer-BioNTech COVID-19 vaccine

{{Zawgyi/Unicode}}

အေမရိကန္ ျပည္ေထာင္စုမွာ တနလာၤေန႔က က်န္းမာေရး ၀န္ထမ္းေတြကို COVID 19 ကာကြယ္ေဆး စၿပီး ထိုးေပးေနပါၿပီ။ Pfizer BioNTech ရဲ႕ COVID 19 ကာကြယ္ေဆးကို တႏုိင္ငံလံုး ျဖန္႔ခ်ိေပးေနတာနဲ႔ အတူဘဲ လူထုၾကား ကာကြယ္ေဆးရဲ႕ ေဘးကင္းထိေရာက္မႈ အေပၚ ယံုၾကည္လာဖို႔လည္း ေဆာင္ရြက္ေနၾကပါတယ္။ မသိဂၤ ီထုိက္ စုစည္း တင္ျပထားပါတယ္။

"ဒီေန႔ကိုေရာက္ဖို႔ ေစာင့္လိုက္ရတာရွင္။ က်မ သိပ္ၿပီး ေပ်ာ္ပါတယ္။ ကာကြယ္ေဆး ထိုးခြင့္ရတဲ႔ အတြက္ သိပ္ၿပီး ေက်းဇူးတင္ပါတယ္။ လာမယ့္ လေတြ အတြင္းမွာ ကမၻာ တလႊားက လူေတြလည္း ဒီထက္ပိုၿပီး ကာကြယ္ေဆး ထိုးခြင့္ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။"

ပထမဆံုး ကာကြယ္ေဆးထိုးခဲ႔သူ အေရးေပၚလူနာေတြကို ေစာင့္ေရွာက္ေပးရတဲ႔ သူနာျပဳဆရာမ Sandra Lindsay ပါ။နယူးေယာက္ျပည္နယ္ Long Island Jewish Medical စင္တာမွာ တာ၀န္ထမ္းပါတယ္။

Pfizer နဲ႔ BioNTech တို႔ရဲ႕ COVID 19 ကာကြယ္ေဆး ထိုးႏွံမႈကို အေမရိကန္မွာ တနလာၤေန႔မွာ စတင္တာပါ။ အခု ပထမဆံုး ကာကြယ္ေဆး ထိုးၿပီးသူေတြ အေနနဲ႔ ေနာက္ ၂၁ ရက္အၾကာမွာ ဒုတိယ ကာကြယ္ေဆး တလံုး ထပ္ထိုးရမွာပါ။ သူနာျပဳဆရာမ Lindsay ကေတာ့ ကာကြယ္ေဆးကို စိတ္ခ်လက္ခ် ရွိေစဖို႔ တိုက္တြန္းသြားပါတယ္။

" ေနလို႔ ေကာင္းပါတယ္။ ႏွစ္စဥ္ တုပ္ေကြး ကာကြယ္ေဆးထိုးရသလိုပါဘဲ။ က်န္းမာေရး ၀န္ထမ္း ျဖစ္ရတာကိုလည္း ဂုဏ္ယူသလို ကာကြယ္ေဆးက ေဘးကင္းတယ္ဆိုတာကို လူေတြ ပိုၿပီး ယံုၾကည္လာေအာင္ အခုလို လက္ေတြ႔ျပသရတဲ႔ အတြက္လည္ သိပ္ကို ဂုဏ္ယူပါတယ္။ အားလံုးလည္း ကာကြယ္ေဆး ထိုးၾကဖို႔ တိုက္တြန္းပါတယ္။”

Northwell Health ရဲ႕ ၀န္ထမ္းက်န္းမာေရးဆိုင္ရာ ညႊန္ၾကားေရးမွဴး ေဒါက္တာ Michelle Chester က အေမရိကန္မွာ COVID 19 ကာကြယ္ေဆးကို ပထမဆံုး ထိုးႏွံေပးခဲ႔သူပါ။

"ဆရာ၀န္ တဦး အေနနဲ႔ ကာကြယ္ေဆးထိုးေပးတဲ႔ အခါမွာ လူနာကိုဘဲ အာရံုစိုက္ရပါတယ္။ ဒါေၾကာင့္ က်မက ကာကြယ္ေဆး ထိုးတာကို အာရံုစိုက္ပါတယ္။ က်မတို႔က ပထမဆံုး ဆိုၿပီး အားလံုးက ေျပာၾကေပမယ့္ က်မ အတြက္ေတာ့ သိပ္ၿပီး ထူးထူးေထြေထြ မရွိလွပါဘူး။ ဒါေပမယ့္ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။"

နယူးေယာက္ Lenox Hill ေဆးရံုက အေရးေပၚ ဌာန အႀကီးအကဲ ေဒါက္တာ Yves Michel Duroseau က ဒုတိယေျမာက္ COVID 19 ေဆး ထိုးႏွံခဲ႔သူ ျဖစ္ပါတယ္။

"ဒီေန႔က သိပ္ၿပီး အေရးႀကီးပါတယ္။ ေမွ်ာ္လင့္ခ်က္ေတြ ရွိလာတဲ႔ ေန႔ပါ။ ကာကြယ္ေဆး ထိုးရေတာ့မယ္ဆိုရင္ လက္ေတြ႔ ေတြ႔ရွိခ်က္ေတြ အေပၚမွာ စိတ္ခ် လက္ခ် ယံုၾကည္မႈ အျပည့္နဲ႔ ထိုးႏုိင္ဖု႔ိ အေရးႀကီးပါတယ္။"

အေမရိကန္မွာ ပထမဆံုး ကာကြယ္ေဆးထိုးႏုိင္ခဲ႔တဲ႔ အတြက္ ဂုဏ္ယူေၾကာင္း သမၼတ Donald Trump ကလည္း တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။ အေမရိကန္ ျပည္ေထာင္စုတ၀န္းက က်န္းမာေရး ၀န္ထမ္း တခ်ိဳ႕ကို တနလာၤေန႔မွာ Pfizer နဲ႔ BioNTech ရဲ႕ COVID 19 ကာကြယ္ေဆး ထိုးႏွံမႈ စတင္လိုက္ၿပီးေနာက္ အမ်ားျပည္သူၾကား ကာကြယ္ေဆးရဲ႕ ေဘးကင္းလံုၿခံဳမႈ အေပၚ စိတ္ခ် လက္ခ်ရွိလာေအာင္ ေဆာင္ရြက္သြားမယ္လို႔ က်န္းမာေရးနဲ႔ လူမႈ၀န္ထမ္းဌာန ၀န္ႀကီး Alex Azar က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

"တျခား အေမရိကန္ေတြ နည္းတူပါဘဲ ေဘးကင္းၿပီး ထိေရာက္တဲ႔ ကာကြယ္ေဆး ထိုးခြင့္ရမယ့္ ေန႔ကို က်ေနာ္ ေစာင့္ေနပါတယ္။ က်ေနာ္႔ မိသားစု ထိုးခြင့္ရမယ့္ေန႔ကို ေစာင့္ေနပါတယ္။ ေရွ႕လာမယ့္ သီတင္းပတ္ေတြ အတြင္းမွာေတာ့ က်ေနာ္နဲ႔အတူ ဌာနတြင္းက အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ ဦးေဆာင္သူေတြက ဒီကာကြယ္ေဆးေတြဟာ အလြန္ေဘးကင္းၿပီး ထိေရာက္မႈ ရွိတဲ႔ အေၾကာင္း အေမရိကန္ ျပည္သူေတြကို အသိေပးႏိုင္ေအာင္ တြန္းအားေပး ေဆာင္ရြက္သြားပါမယ္။"

အေမရိကန္ လူထု အတြက္ ကာကြယ္ေဆး ပိုၿပီး ရလာဖို႔ Pfizer နဲ႔ ဆက္လက္ ေဆြးေႏြးေနေၾကာင္းလည္း COVID 19 ကာကြယ္ေဆး ရရွိေရး ဦးေဆာင္ႀကိဳးပမ္းေနတဲ႔ အစိုးရရဲ႕ Operation WRAP Speed ရဲ႕ အႀကံေပး အရာရွိခ်ဳပ္ Moncef Slaoui က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
ၾကည္းတပ္ ဗိုလ္ခ်ဳပ္ႀကီး Gustav Perna က အစုိးရရဲ႕ Operation WRAP Speed အဖြဲ႔ ပူးတြဲေခါင္းေဆာင္ ျဖစ္ၿပီး COVID 19 ကာကြယ္ေဆး ျဖန္႔ျဖဴးမႈ အပိုင္းကို ႀကီးၾကပ္သူ ျဖစ္ပါတယ္။

”ဗုဒၶဟူး၊ ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြမွာ အေရွ႕ေျမာက္ပိုင္း တေလွ်ာက္ မုန္တုိင္း၀င္လာဖို႔ ရွိေနပါတယ္။ အေနာက္ ေျမာက္ပိုင္းမွာလည္း အဂၤါ၊ ဗုဒၶဟူးနဲ႔ ၾကာသပေတးေန႔တို႔မွာ မုန္တိုင္းႀကီး တလံုး၀င္ေရာက္ တိုက္ခတ္မယ့္ အေျခအေန ရွိပါတယ္။ ရာသီဥတုအေနအထားက အခက္အခဲ ျဖစ္လာႏုိင္ပါတယ္။”

ဒီသီတင္းပတ္ကုန္ပိုင္းမွာ Pfizer နဲ႔ BioNTech ရဲ႕ COVID 19 ကာကြယ္ေဆး အလံုးေရ ၂ ဒသမ ၉ သန္းကို ပထမ အသုတ္ အေနနဲ႔ ႏုိင္ငံတ၀န္းက ေနရာ ၆၃၆ ေနရာကို ပို႔ေဆာင္ ျဖန္႔ျဖဴးဖို႔ အေမရိကန္ အစိုးရက စီစဥ္ထားတာပါ။ အခု ပထမ အသုတ္ ကာကြယ္ေဆးေတြကေတာ့ အေမရိကန္ ျပည္ေထာင္စု အတြင္းမွာ ထုတ္လုပ္တဲ႔ ေဆးေတြ ျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ဘယ္လ္ဂ်ီယံ စက္ရံုကေန ထုတ္လုပ္တာ ျဖစ္တယ္လုိ႔လည္း ဗိုလ္ခ်ဳပ္ႀကီး Perna က ေျပာပါတယ္။ ေနာက္ ကာကြယ္ေဆး တခု ျဖစ္တဲ႔ Moderna Inc ရဲ႕ COVID 19 ကာကြယ္ေဆးကလည္း အေစာဆံုး ဒီသီတင္းပတ္ထဲမွာ အသံုးျပဳခြင့္ ရမယ့္ အေနအထား ရွိေနပါတယ္။ အေမရိကန္ ျပည္ေထာင္စုဟာ ကမၻာမွာ COVID 19 ေရာဂါ ျဖစ္ပြားသူ အေရအတြက္ ၁၆ ဒသမ ၂ သန္းနဲ႔ အမ်ားဆံုး ျဖစ္ၿပီး COVID ေၾကာင့္ ေသဆံုးရသူက တနလာၤေန႔မွာ ၃၀၀,၀၀၀ နီးပါးကို ေရာက္ရွိခဲ႔ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

အမေရိကန်မှာ COIVD-19 ရှေ့တန်းကတိုက်နေသူတွေ ကာကွယ်ဆေး အရင်ဆုံး စတင်ထိုးပေး

အမေရိကန် ပြည်ထောင်စုမှာ တနလာၤနေ့က ကျန်းမာရေး ဝန်ထမ်းတွေကို COVID 19 ကာကွယ်ဆေး စပြီး ထိုးပေးနေပါပြီ။ Pfizer BioNTech ရဲ့ COVID 19 ကာကွယ်ဆေးကို တနိုင်ငံလုံး ဖြန့်ချိပေးနေတာနဲ့ အတူဘဲ လူထုကြား ကာကွယ်ဆေးရဲ့ ဘေးကင်းထိရောက်မှု အပေါ် ယုံကြည်လာဖို့လည်း ဆောင်ရွက်နေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

"ဒီနေ့ကိုရောက်ဖို့ စောင့်လိုက်ရတာရှင်။ ကျမ သိပ်ပြီး ပျော်ပါတယ်။ ကာကွယ်ဆေး ထိုးခွင့်ရတဲ့ အတွက် သိပ်ပြီး ကျေးဇူးတင်ပါတယ်။ လာမယ့် လတွေ အတွင်းမှာ ကမ္ဘာ တလွှားက လူတွေလည်း ဒီထက်ပိုပြီး ကာကွယ်ဆေး ထိုးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။"

ပထမဆုံး ကာကွယ်ဆေးထိုးခဲ့သူ အရေးပေါ်လူနာတွေကို စောင့်ရှောက်ပေးရတဲ့ သူနာပြုဆရာမ Sandra Lindsay ပါ။နယူးယောက်ပြည်နယ် Long Island Jewish Medical စင်တာမှာ တာဝန်ထမ်းပါတယ်။

Pfizer နဲ့ BioNTech တို့ရဲ့ COVID 19 ကာကွယ်ဆေး ထိုးနှံမှုကို အမေရိကန်မှာ တနလာၤနေ့မှာ စတင်တာပါ။ အခု ပထမဆုံး ကာကွယ်ဆေး ထိုးပြီးသူတွေ အနေနဲ့ နောက် ၂၁ ရက်အကြာမှာ ဒုတိယ ကာကွယ်ဆေး တလုံး ထပ်ထိုးရမှာပါ။ သူနာပြုဆရာမ Lindsay ကတော့ ကာကွယ်ဆေးကို စိတ်ချလက်ချ ရှိစေဖို့ တိုက်တွန်းသွားပါတယ်။

" နေလို့ ကောင်းပါတယ်။ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေးထိုးရသလိုပါဘဲ။ ကျန်းမာရေး ဝန်ထမ်း ဖြစ်ရတာကိုလည်း ဂုဏ်ယူသလို ကာကွယ်ဆေးက ဘေးကင်းတယ်ဆိုတာကို လူတွေ ပိုပြီး ယုံကြည်လာအောင် အခုလို လက်တွေ့ပြသရတဲ့ အတွက်လည် သိပ်ကို ဂုဏ်ယူပါတယ်။ အားလုံးလည်း ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းပါတယ်။”

Northwell Health ရဲ့ ဝန်ထမ်းကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Michelle Chester က အမေရိကန်မှာ COVID 19 ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံပေးခဲ့သူပါ။

"ဆရာဝန် တဦး အနေနဲ့ ကာကွယ်ဆေးထိုးပေးတဲ့ အခါမှာ လူနာကိုဘဲ အာရုံစိုက်ရပါတယ်။ ဒါကြောင့် ကျမက ကာကွယ်ဆေး ထိုးတာကို အာရုံစိုက်ပါတယ်။ ကျမတို့က ပထမဆုံး ဆိုပြီး အားလုံးက ပြောကြပေမယ့် ကျမ အတွက်တော့ သိပ်ပြီး ထူးထူးထွေထွေ မရှိလှပါဘူး။ ဒါပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။"

နယူးယောက် Lenox Hill ဆေးရုံက အရေးပေါ် ဌာန အကြီးအကဲ ဒေါက်တာ Yves Michel Duroseau က ဒုတိယမြောက် COVID 19 ဆေး ထိုးနှံခဲ့သူ ဖြစ်ပါတယ်။

"ဒီနေ့က သိပ်ပြီး အရေးကြီးပါတယ်။ မျှော်လင့်ချက်တွေ ရှိလာတဲ့ နေ့ပါ။ ကာကွယ်ဆေး ထိုးရတော့မယ်ဆိုရင် လက်တွေ့ တွေ့ရှိချက်တွေ အပေါ်မှာ စိတ်ချ လက်ချ ယုံကြည်မှု အပြည့်နဲ့ ထိုးနိုင်ဖု့ိ အရေးကြီးပါတယ်။"

အမေရိကန်မှာ ပထမဆုံး ကာကွယ်ဆေးထိုးနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်း သမ္မတ Donald Trump ကလည်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုတဝန်းက ကျန်းမာရေး ဝန်ထမ်း တချို့ကို တနလာၤနေ့မှာ Pfizer နဲ့ BioNTech ရဲ့ COVID 19 ကာကွယ်ဆေး ထိုးနှံမှု စတင်လိုက်ပြီးနောက် အများပြည်သူကြား ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု အပေါ် စိတ်ချ လက်ချရှိလာအောင် ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန ဝန်ကြီး Alex Azar က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"တခြား အမေရိကန်တွေ နည်းတူပါဘဲ ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေး ထိုးခွင့်ရမယ့် နေ့ကို ကျနော် စောင့်နေပါတယ်။ ကျနော့် မိသားစု ထိုးခွင့်ရမယ့်နေ့ကို စောင့်နေပါတယ်။ ရှေ့လာမယ့် သီတင်းပတ်တွေ အတွင်းမှာတော့ ကျနော်နဲ့အတူ ဌာနတွင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဦးဆောင်သူတွေက ဒီကာကွယ်ဆေးတွေဟာ အလွန်ဘေးကင်းပြီး ထိရောက်မှု ရှိတဲ့ အကြောင်း အမေရိကန် ပြည်သူတွေကို အသိပေးနိုင်အောင် တွန်းအားပေး ဆောင်ရွက်သွားပါမယ်။"

အမေရိကန် လူထု အတွက် ကာကွယ်ဆေး ပိုပြီး ရလာဖို့ Pfizer နဲ့ ဆက်လက် ဆွေးနွေးနေကြောင်းလည်း COVID 19 ကာကွယ်ဆေး ရရှိရေး ဦးဆောင်ကြိုးပမ်းနေတဲ့ အစိုးရရဲ့ Operation WRAP Speed ရဲ့ အကြံပေး အရာရှိချုပ် Moncef Slaoui က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ကြည်းတပ် ဗိုလ်ချုပ်ကြီး Gustav Perna က အစိုးရရဲ့ Operation WRAP Speed အဖွဲ့ ပူးတွဲခေါင်းဆောင် ဖြစ်ပြီး COVID 19 ကာကွယ်ဆေး ဖြန့်ဖြူးမှု အပိုင်းကို ကြီးကြပ်သူ ဖြစ်ပါတယ်။

”ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အရှေ့မြောက်ပိုင်း တလျှောက် မုန်တိုင်းဝင်လာဖို့ ရှိနေပါတယ်။ အနောက် မြောက်ပိုင်းမှာလည်း အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တို့မှာ မုန်တိုင်းကြီး တလုံးဝင်ရောက် တိုက်ခတ်မယ့် အခြေအနေ ရှိပါတယ်။ ရာသီဥတုအနေအထားက အခက်အခဲ ဖြစ်လာနိုင်ပါတယ်။”

ဒီသီတင်းပတ်ကုန်ပိုင်းမှာ Pfizer နဲ့ BioNTech ရဲ့ COVID 19 ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၉ သန်းကို ပထမ အသုတ် အနေနဲ့ နိုင်ငံတဝန်းက နေရာ ၆၃၆ နေရာကို ပို့ဆောင် ဖြန့်ဖြူးဖို့ အမေရိကန် အစိုးရက စီစဉ်ထားတာပါ။ အခု ပထမ အသုတ် ကာကွယ်ဆေးတွေကတော့ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ထုတ်လုပ်တဲ့ ဆေးတွေ ဖြစ်ပြီး တချို့ကတော့ ဘယ်လ်ဂျီယံ စက်ရုံကနေ ထုတ်လုပ်တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Perna က ပြောပါတယ်။ နောက် ကာကွယ်ဆေး တခု ဖြစ်တဲ့ Moderna Inc ရဲ့ COVID 19 ကာကွယ်ဆေးကလည်း အစောဆုံး ဒီသီတင်းပတ်ထဲမှာ အသုံးပြုခွင့် ရမယ့် အနေအထား ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာမှာ COVID 19 ရောဂါ ဖြစ်ပွားသူ အရေအတွက် ၁၆ ဒသမ ၂ သန်းနဲ့ အများဆုံး ဖြစ်ပြီး COVID ကြောင့် သေဆုံးရသူက တနလာၤနေ့မှာ ၃၀၀,၀၀၀ နီးပါးကို ရောက်ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG