သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယ္လီဖိုးနီးယားျပည္နယ္ ကိုဗစ္ကူးစက္မႈ အျမင့္ဆံုးေရာက္ရွိ


ကယ္လီဖုိးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က ေဆး႐ုံတခုမွာ ကိုဗစ္လူနာကို ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္မွာ COVID-19 ကူးစက္တဲ့ႏႈန္း ျမင့္တက္လာတာမို႔ ေဆး႐ုံေတြမွာ လူနာေတြနဲ႔ ျပည့္ၾကပ္လာသလို ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြ အလုံအေလာက္ မရွိေတာ့မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။

မေန႔ စေနေန႔တုန္းက COVID-19 ျဖစ္ပြားသူေတြအျပင္ COVID-19 သံသယလူနာေတြ အပါအဝင္ ၁၇,၄၀၀ နီးပါး ေဆး႐ုံတက္ ကုသမႈ ခံယူရတာေၾကာင့္ ဒါဟာ ဇူလိုင္လအတြင္း ကူးစက္မႈႏႈန္း အျမင့္ဆုံးေရာက္ခဲ့တဲ့ အခ်ိန္ကထက္ ႏွစ္ဆပိုမ်ားေနတာပါ။

ေဆး႐ုံ အထူးၾကပ္မတ္ကုသေဆာင္ေတြမွာလည္း အေရးေပၚ ကုသမႈခံယူေနရတဲ့သူ ၃,၆၀၀ ေက်ာ္ရွိပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္မွာ COVID-19 ေၾကာင့္ ေသဆုံးတဲ့ႏႈန္းကလည္း ပိုၿပီး ျမင့္တက္လာေနတာပါ။ မေန႔တုန္းက ေသဆုံးသူ ၂၇၀ ေက်ာ္နဲ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ေသဆုံးသူက ၁,၆၀၀ နီးပါး ေသဆုံးခဲ့ပါတယ္။

ကူးစက္မႈဒဏ္ကို အဆိုးဆုံးခံေနရတဲ့ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕နဲ႔တဝိုက္ ျပည္သူေတြအေနနဲ႔ တတ္ႏုိင္သမွ် အိမ္ထဲမွာေနၾကဖို႔၊ အျပင္လူေတြနဲ႔ ထိေတြ႔ဆက္ဆံမႈကို ေရွာင္ဖို႔နဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ လူခ်င္းခ်ဲေနတဲ့ စည္းကမ္းေတြကို လိုက္နာၾကဖို႔ ျပည္သူ႔က်န္းမာေရးဌာနက သတိေပး ႏႈိးေဆာ္ထားပါတယ္။

အခုလို ကူးစက္မႈႏႈန္း ျမင့္တက္လာေနတာေၾကာင့္ ကယ္လီဖိုးနီးယားမွာရွိတဲ့ Apple နည္းပညာပစၥည္းအေရာင္းဆိုင္ ၅၃ ဆိုင္ကို ယာယီပိတ္ထားလိုက္တယ္လို႔ မေန႔ စေနေန႔ညပိုင္းက Apple ကုမၸဏီက ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကယ်လီဖိုးနီးယားပြည်နယ် ကိုဗစ်ကူးစက်မှု အမြင့်ဆုံးရောက်ရှိ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ COVID-19 ကူးစက်တဲ့နှုန်း မြင့်တက်လာတာမို့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကြပ်လာသလို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အလုံအလောက် မရှိတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

မနေ့ စနေနေ့တုန်းက COVID-19 ဖြစ်ပွားသူတွေအပြင် COVID-19 သံသယလူနာတွေ အပါအဝင် ၁၇,၄၀၀ နီးပါး ဆေးရုံတက် ကုသမှု ခံယူရတာကြောင့် ဒါဟာ ဇူလိုင်လအတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးရောက်ခဲ့တဲ့ အချိန်ကထက် နှစ်ဆပိုများနေတာပါ။

ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွေမှာလည်း အရေးပေါ် ကုသမှုခံယူနေရတဲ့သူ ၃,၆၀၀ ကျော်ရှိပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ COVID-19 ကြောင့် သေဆုံးတဲ့နှုန်းကလည်း ပိုပြီး မြင့်တက်လာနေတာပါ။ မနေ့တုန်းက သေဆုံးသူ ၂၇၀ ကျော်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ သေဆုံးသူက ၁,၆၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ကူးစက်မှုဒဏ်ကို အဆိုးဆုံးခံနေရတဲ့ လော့စ်အိန်ဂျလိစ်မြို့နဲ့တဝိုက် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာနေကြဖို့၊ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ရှောင်ဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့၊ လူချင်းချဲနေတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့ ပြည်သူ့ကျန်းမာရေးဌာနက သတိပေး နှိုးဆော်ထားပါတယ်။

အခုလို ကူးစက်မှုနှုန်း မြင့်တက်လာနေတာကြောင့် ကယ်လီဖိုးနီးယားမှာရှိတဲ့ Apple နည်းပညာပစ္စည်းအရောင်းဆိုင် ၅၃ ဆိုင်ကို ယာယီပိတ်ထားလိုက်တယ်လို့ မနေ့ စနေနေ့ညပိုင်းက Apple ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG