သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ႏုိင္ငံျခားေရးဝန္ႀကီး Quarantine ဝင္ေန


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo

{{Zawgyi/Unicode}}

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတစ္ဦးနဲ႔ ထိေတြ႕မႈ​ရွိခဲ့တာေၾကာင့္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo အခုအခါ သီးသန္႔ခြဲျခားေနထိုင္ ေနေၾကာင္း အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က ေၾကညာပါတယ္။ စမ္းသပ္ စစ္ေဆးအၿပီး သူ႔မွာ ေရာဂါကူးစက္မႈ မရွိဘူးလို႔လည္း ေျပာပါတယ္။

ေလာေလာဆယ္မွာ နိုင္ငံျခားေရးဝန္ႀကီးဌာန ေဆးအဖြဲ႕က ဝန္ႀကီး Mike Pompeo ရဲ့ အေျခအေနကို သတိထားၿပီး ေစာင့္ၾကည့္ေနတယ္လို႔လည္း နိုင္ငံျခာေရးဝန္ႀကီးဌာန ေျပာခြင့္ရ က ေျပာပါတယ္။ သူနဲ႔ထိေတြ႕ခဲ့သူ ဘယ္သူဘယ္ဝါဆိုတာကို ပုဂၢိဳလ္ေရး လုံျခဳံမႈဆိုင္ရာ အေၾကာင္းျပခ်က္နဲ႔ ထုတ္ေဖာ္ေျပာၾကားျခင္း မျပဳပါဘူး။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတစ္ဦးနဲ႔ ဝန္ႀကီး Pompeo ဘယ္လို ထိေတြ႕ခဲ့သလဲဆိုတာကိုလည္း မသိရပါဘူး။ အဂၤါေန႔တုန္းကေတာ့ နိုင္ငံျခားေရးဝန္ႀကီးဌာန အားလပ္ရက္ပါတီအခမ္းအနားတစ္ခုကို အေဆာက္အအုံးအတြင္းမွာ က်င္းပခဲ့တာပါ။ ဒါေပမယ့္ ဖိတ္ၾကားခံရသူ ၉၀၀ ေလာက္မွာ ဒါဇင္ အနည္းငယ္ေလာက္သာ တက္ေရာက္ခဲ့တယ္လို႔ Washington Post သတင္းစာ က ေျပာပါတယ္။ ဝန္ႀကီး Pompeo က မိန္႔ခြန္းေျပာၾကားမယ့္ အစီအစဥ္ကို ဖ်က္သိမ္းခဲ့ပါတယ္။

ဝန္ႀကီးဌာနက ဝန္ထမ္းေတြနဲ႔ အခမ္းအနား စီစဥ္တဲ့သူေတြအတြက္ က်န္းမာေရး ေဘးအႏၲရာယ္မကင္းတဲ့ အဲဒီအခမ္းအနားကို ဖ်က္သိမ္းဖို႔ ၿပီးခဲ့တဲ့ အပတ္တုန္းက နယူးဂ်ာစီျပည္နယ္က ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ Bob Menendez က Pompeo က ဖုန္းနဲ႔ ဆက္သြယ္ေျပာၾကားခဲ့ပါေသးတယ္။

အေမရိကန္နိုင္ငံမွာ အခုအခါ ကာကြယ္ေဆးေတြ စတင္ ထိုးႏွံေနၿပီဆိုေပမယ့္လည္း ကူးစက္မႈႏႈန္းက ေသာင္းခ်ီၿပီး ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။ အေမရိကန္ ျပည္သူ ၁၆.၇ သန္း ေရာဂါ ကူးစက္ခံရၿပီး လူေပါင္း ၃၀၄,၀၀၀ ေသဆုံးခဲ့တယ္လို႔ Johns Hopkins တကၠသိုလ္ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

....................................

ကန္ ႏုိင္ငံျခားေရးဝန္ႀကီး Quarantine ဝင္ေန
please wait

No media source currently available

0:00 0:01:06 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အခုအခါ သီးသန့်ခွဲခြားနေထိုင် နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ စမ်းသပ် စစ်ဆေးအပြီး သူ့မှာ ရောဂါကူးစက်မှု မရှိဘူးလို့လည်း ပြောပါတယ်။

လောလောဆယ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဆေးအဖွဲ့က ဝန်ကြီး Mike Pompeo ရဲ့ အခြေအနေကို သတိထားပြီး စောင့်ကြည့်နေတယ်လို့လည်း နိုင်ငံခြာရေးဝန်ကြီးဌာန ပြောခွင့်ရ က ပြောပါတယ်။ သူနဲ့ထိတွေ့ခဲ့သူ ဘယ်သူဘယ်ဝါဆိုတာကို ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးနဲ့ ဝန်ကြီး Pompeo ဘယ်လို ထိတွေ့ခဲ့သလဲဆိုတာကိုလည်း မသိရပါဘူး။ အင်္ဂါနေ့တုန်းကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန အားလပ်ရက်ပါတီအခမ်းအနားတစ်ခုကို အဆောက်အအုံးအတွင်းမှာ ကျင်းပခဲ့တာပါ။ ဒါပေမယ့် ဖိတ်ကြားခံရသူ ၉၀၀ လောက်မှာ ဒါဇင် အနည်းငယ်လောက်သာ တက်ရောက်ခဲ့တယ်လို့ Washington Post သတင်းစာ က ပြောပါတယ်။ ဝန်ကြီး Pompeo က မိန့်ခွန်းပြောကြားမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဝန်ကြီးဌာနက ဝန်ထမ်းတွေနဲ့ အခမ်းအနား စီစဉ်တဲ့သူတွေအတွက် ကျန်းမာရေး ဘေးအန္တရာယ်မကင်းတဲ့ အဲဒီအခမ်းအနားကို ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ အပတ်တုန်းက နယူးဂျာစီပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Bob Menendez က Pompeo က ဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပါသေးတယ်။

အမေရိကန်နိုင်ငံမှာ အခုအခါ ကာကွယ်ဆေးတွေ စတင် ထိုးနှံနေပြီဆိုပေမယ့်လည်း ကူးစက်မှုနှုန်းက သောင်းချီပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်သူ ၁၆.၇ သန်း ရောဂါ ကူးစက်ခံရပြီး လူပေါင်း ၃၀၄,၀၀၀ သေဆုံးခဲ့တယ်လို့ Johns Hopkins တက္ကသိုလ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG