သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး Pompeo ဥရောပနဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ် စတင်


(Zawgyi/Unicode)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ဆယ်ရက်ကြာ ခရီးစဉ်အတွင်း ပထမဆုံးသွားရောက်တဲ့ ပြင်သစ်နိုင်ငံမှာ ဝန်ကြီး Pompeo ဟာ တနင်္လာနေ့က ပြင်သစ်သမ္မတ Emmanuel Macron နဲ့ တခြားခေါင်းတွေနဲ့ တွေ့ဆုံပြီး စီးပွါးရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီး Pompeo ဟာ ပါရီမြို့မှာကျင်းပတဲ့ အကြမ်းဖက်ဝါဒစွဲ ကြောင့် ထိခိုက်သေဆုံးရသူတွေ အတွက် အောက်မေ့ဘွယ်အခမ်းအနားမှာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။

ဝန်ကြီး Pompeo ဟာ ပြင်သစ်သမ္မတနဲ့ရော နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ပါ တွေ့ဆုံပြီး အကြမ်းဖက်ဝါဒစွဲတိုက်ဖျက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အပါအဝင် ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ အဓိက ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
" အမေရိကန်ရွေးကောက်ပွဲ ရလဒ် ထွက်လာပြီးတဲ့နောက်မှ အခုလို တွေ့ဆုံမှုဟာ နည်းနည်းထူးဆန်းနေပေမယ့် အီရတ်ဒါမဟုတ် အီရန် အခြေနေတို့၊ အကြမ်းဖက်ဝါဒဆိုင်ရာတွေ၊ အရှေ့အလယ်ပိုင်းပြဿနာတွေနဲ့ တရုတ်နဲ့ ဆက်ဆံရေး ဆိုင်ရာလို ကိစ္စရပ် အများအပြားအတွက် ပြင်သစ်- အမေရိကန် ၂ နိုင်ငံဆွေးနွေးဖို့ လိုအပ်နေတယ်" လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး က ဆွေးနွေးပွဲမစခင်မှာ ပြင်သစ်ဘာသာနဲ့ ပြောသွားတာပါ။

ဝန်ကြီး Pompeo ဟာ အခုခရီးစဉ်အတွင်း တူရကီနိုင်ငံမှာ ဘာသာရေးခေါင်းဆောင်နဲ့ တွေ့ဆုံမှာ ဖြစ်သလို ဂျောဂျီယာ၊ အစ္စရေး၊ UAE ၊ Qatar နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကိုပါ သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Pompeo ဥရောပနဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ် စတင်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်


.............

(Unicode)






XS
SM
MD
LG