သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးနဲ႔လံုျခံဳေရးကိစၥေဆြးေႏြးဖို႔ ဝန္ႀကီး Pompeo ျပင္သစ္ေရာက္ရွိ


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယို (ႏိုဝင္ဘာ၊၁၆၊၂ဝ၂ဝ)



{{Zawgyi/Unicode}}

ျပင္သစ္ႏိုင္ငံမွာ ေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ဟာ ျပင္သစ္သမၼတ Emmanuel Macron နဲ႔ ဒီေန႔ေတ့ြဆုံၿပီး စီးပြားေရး၊ လုံၿခဳံေရးကိစၥေတြကို ေဆြးေႏြးမွာျဖစ္ပါတယ္။ အၾကမ္းဖက္ဝါဒီေတြရဲ႕ လက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ရသူေတြအတြက္ ပါရီၿမိဳ႕ေတာ္မွာ လြမ္းသူ႔ပန္းေခြခ်ျခင္း အခမ္းအနားကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီး Pompeo တက္ေရာက္မွာျဖစ္ပါတယ္။

ျပင္သစ္သမၼတ Macron၊ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian တို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့အခါ တျခားကိစၥေတြအျပင္ အၾကမ္းဖက္မႈ တန္ျပန္ေရးနဲ႔ ကမာၻႀကီးမွာ ရင္ဆိုင္ေနရတဲ့ ၿခိမ္းေျခာက္ရန္ေတြအေၾကာင္းကိုလည္း Mr. Pompeo ေဆြးေႏြးမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာက ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံခရီးစဥ္ၿပီးရင္ သူဟာ တူရကီႏိုင္ငံကို သြားေရာက္မွာျဖစ္ၿပီး Greek Orthodox ဂိုဏ္းဝင္ခရိယာန္ဘာသာဝင္တို႔ရဲ႕ ဘာသာေရးေခါင္းေဆာင္ ပထမေျမာက္ Ecumenical Patriarch Bartholomew I နဲ႔ေတြ႕ဆုံမွာျဖစ္ပါတယ္။

ဒါအျပင္ Georgia ႏိုင္ငံနဲ႔ Israel ႏိုင္ငံတို႔ဆီကိုလည္း သြားေရာက္မွာျဖစ္ပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ Benjamin Netanyahu နဲ႔ေတြ႕ဆုံတဲ့အခါ Israel ႏိုင္ငံကို အာရပ္ႏိုင္ငံေတြျဖစ္တဲ့ Bahrain နဲ႔ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE တို႔ၾကား ပုံမွန္ဆက္ဆံေရး သေဘာတူညီခ်က္ ရရွိေအာင္ အေမရိကန္ၾကားဝင္ ေစ့စပ္ေပးထားတဲ့ကိစၥကို ေဆြးေႏြးမယ္ၾကမွာျဖစ္ပါတယ္။

ဝန္ႀကီး Pompeo၊ ဝန္ႀကီးခ်ဳပ္ Netanyahu နဲ႔ Bahrain ႏိုင္ငံျခားေရးဝန္ႀကီး Abdullatif Al-Zayani တို႔နဲ႔လည္း ၃ ပြင့္ဆိုင္ ေတြ႕ဆုံဖို႔ရွိတယ္လို႔ သံတမန္ေတြက ေျပာပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးသြားေရာက္မယ့္ အေရွ႕အလယ္ပိုင္း ခရီးစဥ္ထဲမွာ UAE၊ Qatar နဲ႔ Saudi Arabia ႏိုင္ငံေတြလည္း ပါဝင္ပါတယ္။

...............................

{{Unicode}}

ျပင်သစ်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဒီနေ့တေ့ွဆုံပြီး စီးပွားရေး၊ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒီတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် ပါရီမြို့တော်မှာ လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကိုလည်း နိုင်ငံခြားရေးဝန်ကြီး Pompeo တက်ရောက်မှာဖြစ်ပါတယ်။

ပြင်သစ်သမ္မတ Macron၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian တို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ တခြားကိစ္စတွေအပြင် အကြမ်းဖက်မှု တန်ပြန်ရေးနဲ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်ရန်တွေအကြောင်းကိုလည်း Mr. Pompeo ဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာက ပြောပါတယ်။

ပြင်သစ်နိုင်ငံခရီးစဉ်ပြီးရင် သူဟာ တူရကီနိုင်ငံကို သွားရောက်မှာဖြစ်ပြီး Greek Orthodox ဂိုဏ်းဝင်ခရိယာန်ဘာသာဝင်တို့ရဲ့ ဘာသာရေးခေါင်းဆောင် ပထမမြောက် Ecumenical Patriarch Bartholomew I နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါအပြင် Georgia နိုင်ငံနဲ့ Israel နိုင်ငံတို့ဆီကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံတဲ့အခါ Israel နိုင်ငံကို အာရပ်နိုင်ငံတွေဖြစ်တဲ့ Bahrain နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE တို့ကြား ပုံမှန်ဆက်ဆံရေး သဘောတူညီချက် ရရှိအောင် အမေရိကန်ကြားဝင် စေ့စပ်ပေးထားတဲ့ကိစ္စကို ဆွေးနွေးမယ်ကြမှာဖြစ်ပါတယ်။ ဝန်ကြီး Pompeo၊ ဝန်ကြီးချုပ် Netanyahu နဲ့ Bahrain နိုင်ငံခြားရေးဝန်ကြီး Abdullatif Al-Zayani တို့နဲ့လည်း ၃ ပွင့်ဆိုင် တွေ့ဆုံဖို့ရှိတယ်လို့ သံတမန်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသွားရောက်မယ့် အရှေ့အလယ်ပိုင်း ခရီးစဉ်ထဲမှာ UAE၊ Qatar နဲ့ Saudi Arabia နိုင်ငံတွေလည်း ပါဝင်ပါတယ် ။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG